ချယ်ရီသင်းနဲ့ ချစ်သူသက်တမ်း တစ်လပြည့်သွားပါပြီ လို့ဆိုလိုက်တဲ့ အဆိုတော်ပိုပို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Video ကြည့်ရန်


Unicode ဖြင့်ဖတ်ပါ
★★★★★

လူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားပြီး လူကြိုက်အများဆုံးဖြစ်နေခဲ့တဲ့ အဆိုတော် ပိုပိုဟာဆိုရင် တနေ့တခြား အရမ်းကို ချစ်စရာကောင်းလာပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတွေနဲ့ လှပလွန်းနေခဲ့တာကြောင့် ပုရိသတွေကြားမှာ ယနေ့အချိန်အထိ ရေပန်းစား ခေတ်စားနေခဲ့ရတာပဲ ဖြစ်ပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ သူမကတော့ အဆိုကောင်းသလို အကကောင်းသူလေး တစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုပိုရဲ့ သတင်းဟာ လူမှုကွန်ယက်မှာ ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတာပဲ ဖြစ်ပါတယ် ။ အဲ့ဒါကတော့ ပိုပိုက အဆိုတော်ချယ်ရီသင်းနဲ့ ချစ်သူတွေဖြစ်နေတာ တစ်လလောက်ရှိပြီလို့ပြောခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ပိုပိုက “ပိုပို နှင့် ချယ်ရီသင်း တို့ချစ်သက်တမ်း တစ်လပြည့်ပါပြီ။ ချယ်ရီက ပိုပို ထက် ငါးနှစ်ငယ်ပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။

ချယ်ရီ သင်းကတော့ “သီချင်းတွေ အတူတူလုပ်ရင်း ရင်းနှီးသွားရတာပါ။ တစ်အိမ်တည်းမှာ အတူတူနေပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ပိုပိုနဲ့ ချယ်ရီသင်းတို့ရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

Video Source : Myanmar Celebrity