.မြန်မာအိုင်ဒေါလ် ကို ဝင်ကြည့်ခွင့်မရပဲ လှည့်ပြန်ခဲ့ရတဲ့ ဖြိုးမြတ်အောင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ဒီကနေ့ ကြာသပတေးနေ့ကတော့ အပတ်စဉ် မြန်မာအိုင်ဒေါလ်ရဲ့ performance show ပါ ။ ဒီအပတ်မှာ စုစုပေါင်း ပြိုင်ပွဲဝင် ၇ ဦးဟာ Top7 အတွက် ကို စိုးလွင်လွင်အမှတ်တရသီချင်းများနဲ့ သီဆိုယှဉ်ပြိုင်ရမှာဖြစ်ပါတယ် ။ ဘယ်သူတွေ နောက်တစ်ဆင့်တက်မယ် ဘယ်သူတွေ လက်ပြနှုတ်ဆက်ရမယ်ဆိုတာတော့ လက်ရှိဖျော်ဖြေနေတုန်းဖြစ်ပြီး မနက်ဖြန်မှာ အဖြေသိရမှာပါ ။

ဒီနေ့ပြိုင်ပွဲမှာ ထူးခြားဖြစ်စဉ်ကတော့ ဖြိုးမြတ်အောင်တစ်ယောက် မြန်မာအိုင်ဒေါလ်ပွဲကို ကြည့်ခွင့်မရတာပါ ။ ဖြိုးမြတ်အောင်ဟာ မနှစ်က Winner ဖြစ်ခဲ့ပြီး မြန်မာအိုင်ဒေါလ်က မွေးထုတ်ပေးခဲ့တဲ့ ပါရမီရှင်တစ်ဦးလည်း ဖြစ်ပါတယ် ။

သူဝင်ခွင့်မရတာကတော့ လုံခြုံရေးကဝင်ခွင့်မပေးခဲ့တာလို့ သိရပြီး ဖြိုးမြတ်အောင်ကတော့ ပေါ့ပေါ့ပါးပါး နဲ့ ပြန်ထွက်လာခဲ့သလို မြန်မာအိုင်ဒေါကြည့်ခွင့်မရတော့ မုန့်စားပြီးပြန်မယ် ဆိုတဲ့အကြောင်းကို အရွှန်းဖောက်ပြီး လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့ပါတယ် ။

ပရိသတ်ကြီးတွေကတော့ ဖြိုးမြတ်အောင်ဘက်က ဒေါသထွက်နေခဲ့ပါတယ် ။ စီစဉ်မှုညံဖျင်းတဲ့ မြန်မာအိုင်ဒေါလ် ဘယ်လဲ ဘာလဲ ?

Zawgyi ဖြင့်ဖတ်ပါ
★★★★★



