ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ပိတောက်ကတဲ့ဂီတ” ထွက်ရှိလာဖို့အတွက် ရင်ခုန်နေတဲ့ ပိုးမမှီသာ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

တက်သစ်စမင်းသမီးချောလေးပိုးမမှီသာကိုတော့ ပရိသတ်တွေသတိထားမိကြမှာပါ။ စိုင်းစိုင်းခမ်းလှိုင်ရဲ့အချစ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ သိင်္ဂါရသီချင်းတစ်ပုဒ် မှာပါဝင်သရုပ်ဆောင်ရာက ပရိသတ်တွေသတိထားမိခဲ့ကြတာပါ။ဆေးကျောင်းသူလေးတစ်ယောက်အဖြစ်လည်းလူသိများတဲ့ ပိုးမမှီသာဟာ သိပ်မကြာသေးခင်ကအလုပ်သင်ဆရာဝန်မလေးဖြစ်သွားပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေကိုပြန်လည်မျှဝေထားပါသေးတယ်။

အခုဆိုရင်လည်း စိုင်းစိုင်းနဲ့အတူ ဇာတ်ကားတစ်ခုကိုရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ “ပိတောက်ကတဲ့ဂီတ” ဖြစ်ပြီး သင်္ကြန်ရုပ်ရှင်ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်။ဂီတကိုနောက်ခံထားတဲ့ရုပ်ရှင်ကောင်းဖြစ်သလို ဒါရိုက်တာမီးပွားရဲ့ဖန်တီးချက်တွေကိုမြင်ရဦးမှာပါ။ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် စိုင်းစိုင်းနဲ့ပိုးမမှီသာကပါဝင်မှာဖြစ်ပြီး အဂ္ဂါအဖြစ် စိုင်းစိုင်း ပိုးမဒီအဖြစ် ပိုးမမှီသာကပါဝင်မှာပါ။

ပိုးမမှီသာရဲ့ ပထမဆုံးဇာတ်ကားလေးလည်းဖြစ်သလို ပရိသတ်တွေက သင်္ကြန်ဇာတ်ကားကောင်းလေးဖြစ်လာဖို့ကိုမျှော်လင့်ရင်ခုန်နေကြတာပါ။အခုဆိုရင် ဒီဇာတ်ကားထဲကဇာတ်ကောင်နာမည်နဲ့ဖွင့်ထားတဲ့ပိုးမဒီဆိုတဲ့အကောင့်လေးမှာ “ပိတောက်ကတဲ့ဂီတ” ထွက်ရှိလာတော့မယ့်အကြောင်းကို “ပိတောက်ကတဲ့ဂီတ coming soon” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကို ပိုးမမှီသာကတော့ ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာပါ။ပရိသတ်တွကလည်း ဒီဇာတ်ကားလေးထွက်ရှိလာဖို့ရင်ခုန်နေပြီလားနော်…။

Source : Poe MamheeThar,SaiSaiKhamHlaing
Moe – CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Moe – CeleGabar