.ကမ္ဘာ့အတော်ဆုံး ကြက်တောင်ချန်ပီယံများနဲ့ ယှဉ်ပြိုင်ရတော့မယ့် သက်ထားသူဇာ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

30th SEA GAMESၿပိဳင္ပြဲကို ဖိလစ္ပိုင္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံၿပီး ႏိုဝင္ဘာလ ၃ဝရက္ေန႔မွ ဒီဇင္ဘာလ ၁ဝရက္ေန႔အထိ က်င္းပသြားမည္ျဖစ္သည္။သက္ထားသူဇာက“ဆီးဂိမ္းမွာေတာ့ လူေကာင္းေတြ အမ်ားႀကီးလာၾကမွာ။

ထိုင္းက ဒီႏွစ္အသင္းအျပည့္ ကစားမယ္။ ကမာၻ႔ခ်န္ပီယံေတြေတာင္ ပါလာတယ္။ အင္ဒိုနီးရွားကလည္း လာမွာဆိုေတာ့ နည္းနည္း ခက္လိမ့္မယ္” ဟု ဧရာဝတီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံ ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ အေနျဖင့္ ဆီးဂိမ္းတြင္ သက္ထားသူဇာအပါအဝင္ ၆ဦးဝင္ေရာက္ယွဥ္ၿပိဳင္ မည္ျဖစ္ၿပီး အင္အားႀကီးႏိုင္ငံမွ ၾကက္ေတာင္အားကစားသမားမ်ား ပါဝင္ကစားၾကမည္ျဖစ္သည့္အတြက္ အခက္အခဲရွိ ေသာ္လည္း

အမ်ိဳးသမီးတဦးခ်င္းပြဲ၌ အျမင့္ဆုံး တတိယဆုရရွိရန္ ေမွ်ာ္မွန္းထားသည္ဟု ဧရာဝတီသို႔ ေျပာၾကားသည္။

သက္ထားသူဇာ၏ ဖခင္ျဖစ္သူ ဦးထြန္းထြန္းေဇာ္ကလည္း “ဆီးဂိမ္းမွာေတာ့ အနည္းေလး Semi Final ဝင္ေအာင္ ႀကိဳးစားရမွာေပါ့။ Finalအထိေတာ့ မွန္းမထားပါဘူး။ Semi Finalဝင္ႏိုင္ရင္ပဲ ေတာ္ေတာ္ေလး အဆင့္ျမင့္ ေနၿပီ။

အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္း အဲဒီသုံးႏိုင္ငံလုံးက အကုန္လုံးက တကယ့္ ေတာ္တဲ့သူေတြနဲ႔ ႐ိုက္ရမွာဆိုေတာ့ ခက္တာေတာ့ ခက္မွာေပါ့”ဟု ဆိုသည္။ ထို႔အျပင္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာျမေလးစိန္ကလည္း

ဆီးဂိမ္းၿပိဳင္ပြဲ တြင္ ေ႐ႊ၊ ေငြ၊ ေၾကးရရွိေသာ အားကစားသမားမ်ားကိုလည္း ထိုက္တန္ေသာ ဆုေၾကးေငြမ်ားရရွိေအာင္ ႀကိဳးစားေဆာင္႐ြက္ ေနေၾကာင္း ၿပိဳင္ပြဲဝင္အားကစားသမားမ်ားႏွင့္ေတြ႕ဆုံသည့္ ပြဲတြင္ အားေပးစကားေျပာ ၾကားထားသည္။

သက္ထားသူဇာ အေနျဖင့္ SEA GAMESၿပိဳင္ပြဲအတြက္ လက္ရွိတြင္ မေလးရွားႏိုင္ငံ၌ ေလ့က်င့္ေရးမ်ား ျပဳလုပ္ ေနသည္မွာ ၂လခန႔္ရွိၿပီျဖစ္သည္။ မေလးရွားမွ နည္းျပႏွင့္ သက္ထားသူဇာ၏ ဖခင္ျဖစ္သူတို႔က အနီးကပ္ ေလ့က်င့္မႈမ်ား ျပဳလုပ္ေပး လွ်က္ရွိသည္ဟု သိရသည္။

ဦးထြန္းထြန္းေဇာ္က“သူ(သက္ထားသူဇာ) ေတာ္ေတာ္ေလး တိုးတက္လာတယ္။ အခုေလာေလာဆယ္မွာေတာ့ Speed ေတြ၊ Power ေတြ ေကာင္းလာတယ္။ သူ႔လိုအပ္ခ်က္ေတြကို အဓိက ထားၿပီး မေလးရွားမွာ ေလ့က်င့္ေပး ေနတယ္။

အဲဒါေတြကိုပဲ နည္းျပနဲ႔ က်ေနာ္တိုင္ပင္ၿပီး လုပ္ေပးတယ္”ဟု ဆိုသည္။

သက္ထားသူဇာအေနျဖင့္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္မ်ား တိုးတက္လာေစရန္ ႏိုင္ငံတကာၿပိဳင္ပြဲမ်ား ဆက္ တိုက္ဝင္ၿပိဳင္ ေနရသည့္အတြက္ ၿပိဳင္ပြဲမ်ားအေပၚ ပင္ပန္းၿငီးေငြ႕မႈရွိေနေၾကာင္း၊ ထိုသို႔ ပင္ပန္းမႈမ်ား ရွိေသာ္ လည္း ကမာၻ႔အဆင့္ သတ္

မွတ္မ်ားက တပတ္ႏွင့္တပတ္ တိုးတက္မႈ ရွိလာသည္ဟု ၎က သုံးသပ္သည္။သက္ထားသူဇာသည္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက အိႏၷိယႏိုင္ငံတြင္ က်င္းပသည့္ Challengeပြဲ၌ တတိယဆု ရရွိထားၿပီး HSBC BWF World Tour Super

300 Category ၿပိဳင္ပြဲတြင္ ပထမဆုံးပြဲစဥ္၌ ကိုရီးယားကစား သမား Sim Yu Jinႏွင့္ေတြ႕ကာ ရႈံးနိမ့္သြားခဲ့ရသည္။၂၀၂၀ခုနစ္ ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ အိုလံပစ္ၿပိဳင္ပြဲဝင္ႏိုင္ရန္ ရည္႐ြယ္ထားသည့္ သက္ထားသူဇာ

သည္ လက္ရွိတြင္ ကမာၻ႔အဆင့္သတ္မွတ္ခ်က္ World rankings 61 တြင္ရွိကာ ပြဲေပါင္း ၉၂ပြဲကစားထားရာမွ ပြဲ၇၀ႏိုင္ထားၿပီး ၂၂ပြဲရႈံး ထား သည္။

Unicode ဖြင့်ဖတ်ပါ
★★★★★

30th SEA GAMESပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြီး နိုဝင်ဘာလ ၃ဝရက်နေ့မှ ဒီဇင်ဘာလ ၁ဝရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။သက်ထားသူဇာက“ဆီးဂိမ်းမှာတော့ လူကောင်းတွေ အများကြီးလာကြမှာ။

ထိုင်းက ဒီနှစ်အသင်းအပြည့် ကစားမယ်။ ကမ္ဘာ့ချန်ပီယံတွေတောင် ပါလာတယ်။ အင်ဒိုနီးရှားကလည်း လာမှာဆိုတော့ နည်းနည်း ခက်လိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် အနေဖြင့် ဆီးဂိမ်းတွင် သက်ထားသူဇာအပါအဝင် ၆ဦးဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး အင်အားကြီးနိုင်ငံမှ ကြက်တောင်အားကစားသမားများ ပါဝင်ကစားကြမည်ဖြစ်သည့်အတွက် အခက်အခဲရှိ သော်လည်း

အမျိုးသမီးတဦးချင်းပွဲ၌ အမြင့်ဆုံး တတိယဆုရရှိရန် မျှော်မှန်းထားသည်ဟု ဧရာဝတီသို့ ပြောကြားသည်။

သက်ထားသူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်ကလည်း “ဆီးဂိမ်းမှာတော့ အနည်းလေး Semi Final ဝင်အောင် ကြိုးစားရမှာပေါ့။ Finalအထိတော့ မှန်းမထားပါဘူး။ Semi Finalဝင်နိုင်ရင်ပဲ တော်တော်လေး အဆင့်မြင့် နေပြီ။

အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း အဲဒီသုံးနိုင်ငံလုံးက အကုန်လုံးက တကယ့် တော်တဲ့သူတွေနဲ့ ရိုက်ရမှာဆိုတော့ ခက်တာတော့ ခက်မှာပေါ့”ဟု ဆိုသည်။ ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ကလည်း

ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေ၊ ငွေ၊ ကြေးရရှိသော အားကစားသမားများကိုလည်း ထိုက်တန်သော ဆုကြေးငွေများရရှိအောင် ကြိုးစားဆောင်ရွက် နေကြောင်း ပြိုင်ပွဲဝင်အားကစားသမားများနှင့်တွေ့ဆုံသည့် ပွဲတွင် အားပေးစကားပြော ကြားထားသည်။

သက်ထားသူဇာ အနေဖြင့် SEA GAMESပြိုင်ပွဲအတွက် လက်ရှိတွင် မလေးရှားနိုင်ငံ၌ လေ့ကျင့်ရေးများ ပြုလုပ် နေသည်မှာ ၂လခန့်ရှိပြီဖြစ်သည်။ မလေးရှားမှ နည်းပြနှင့် သက်ထားသူဇာ၏ ဖခင်ဖြစ်သူတို့က အနီးကပ် လေ့ကျင့်မှုများ ပြုလုပ်ပေး လျှက်ရှိသည်ဟု သိရသည်။

ဦးထွန်းထွန်းဇော်က“သူ(သက်ထားသူဇာ) တော်တော်လေး တိုးတက်လာတယ်။ အခုလောလောဆယ်မှာတော့ Speed တွေ၊ Power တွေ ကောင်းလာတယ်။ သူ့လိုအပ်ချက်တွေကို အဓိက ထားပြီး မလေးရှားမှာ လေ့ကျင့်ပေး နေတယ်။

အဲဒါတွေကိုပဲ နည်းပြနဲ့ ကျနော်တိုင်ပင်ပြီး လုပ်ပေးတယ်”ဟု ဆိုသည်။

သက်ထားသူဇာအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ တိုးတက်လာစေရန် နိုင်ငံတကာပြိုင်ပွဲများ ဆက် တိုက်ဝင်ပြိုင် နေရသည့်အတွက် ပြိုင်ပွဲများအပေါ် ပင်ပန်းငြီးငွေ့မှုရှိနေကြောင်း၊ ထိုသို့ ပင်ပန်းမှုများ ရှိသော် လည်း ကမ္ဘာ့အဆင့် သတ်

မှတ်များက တပတ်နှင့်တပတ် တိုးတက်မှု ရှိလာသည်ဟု ၎င်းက သုံးသပ်သည်။သက်ထားသူဇာသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အိန္နိယနိုင်ငံတွင် ကျင်းပသည့် Challengeပွဲ၌ တတိယဆု ရရှိထားပြီး HSBC BWF World Tour Super

300 Category ပြိုင်ပွဲတွင် ပထမဆုံးပွဲစဉ်၌ ကိုရီးယားကစား သမား Sim Yu Jinနှင့်တွေ့ကာ ရှုံးနိမ့်သွားခဲ့ရသည်။၂၀၂၀ခုနစ် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားသည့် သက်ထားသူဇာ

သည် လက်ရှိတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် World rankings 61 တွင်ရှိကာ ပွဲပေါင်း ၉၂ပွဲကစားထားရာမှ ပွဲ၇၀နိုင်ထားပြီး ၂၂ပွဲရှုံး ထား သည်။