ကစ်ကစ်ရဲ့ သမီးလေးကို လိုအပ်တာတွေထောက်ပံ့ပေးမယ့် ဒိန်းဒေါင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

မကစ်အတွက် စိတ်မကောင်းဘူး။
ဒိန်းဒေါင်ကတော့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ သမီးလေးအတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ ကစ်ကစ်အတွက်လည်း အရမ်းကို စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။

ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ တစ်ဦးတည်းသော သမီးလေး ဇွန်ပွင့်အတွက် ထောက်ပံ့ပေးသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

“မကစ်ရဲ့ သမီးလေးအတွက်ကိုလည်း ကျွန်တော်တို့တွေ အစည်းအဝေးလုပ် တိုင်ပင်ပြီးတော့ ထောက်ပံ့ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။ သမီးလေးလည်း အားမငယ်ပါနဲ့ အနုပညာအသိုင်းအဝိုင်းအများကြီးရှိပါတယ်။ လိုအပ်ချက်လေးတွေရှိရင် ဦးဒိန်းဒေါင် ကိုဆက်သွယ်ပြီးတော့ တိုက်ရိုက်ပြောပါ။ ဦးဒိန်းဒေါင်လည်း ကူညီပါ့မယ်။ မကစ်သားသမီးဆိုတာလည်း ကိုယ့်သားသမီးလိုပါပဲ” ဆိုပြီးတော့ နိုဝင်ဘာလ ၂၈ ရက်နေ့က ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ဈာပနမှာ ဖြေဆိုခဲ့တာပါ။

အရမ်းတော်တဲ့ ဟာသမယ်တွေထဲက တစ်ဦးဖြစ်တဲ့ ကစ်ကစ် ကွယ်လွန်သွားခြင်းကလည်း ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပဲဆိုပြီးတော့ ဒိန်းဒေါင်က ပြောပြခဲ့ပြန်ပါသေးတယ်။

“ မကစ် ကွယ်လွန်သွားတာလည်း အင်မတန်မှ ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဟာသမယ်တွေထဲမှာ တက္ကသိုလ်ဂွမ်းပုံလေး၊ ဟေမာမန်းဝင်း၊ မကစ်ကစ် တို့ပေါ့။ ဟာသကို မရှက်မကြောက် လုပ်တတ်တဲ့ မိန်းကလေးတွေထဲမှာ သေချာ လက်ရွေးစင်ရွေးထုတ်ရင် ၁၀ ယောက်တောင် မရှိပါဘူး။ အဲဒီအထဲကမှ မကစ်က ထွက်ခွာသွားတော့ အားလည်းလျော့သွားတာပေါ့နော်။ စိတ်မကောင်းလည်းဖြစ်မိပါတယ်” လို့ သူကဆိုပါတယ်။

ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၄၀ အချိန်က ရန်ကုန်ဆေးရုံကြီးမှာရှိတဲ့ ကုတင် ၅၀၀ မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရုပ်အလောင်း ကိုတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုသာန်မှာ မီးသဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။ ရက်လည်ကိုတော့ ဒီဇင်ဘာလ ၂ ရက်နေ့ ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက်၊ အေ ၆ လမ်း၊ တိုက်နံပတ် ၃ ၊ အခန်းနံပတ် ၀၀၄ နေအိမ်မှာ သံဃာတော်များ ပင့်ဆောင်ပြီး ရက်လည်ဆွမ်းသွပ်တရားတော်နာကြားသွားမယ်လို့ သိရပါတယ်။

ဒိန်းဒေါင်(Dain Daung)ဟာ ပရိသတ်တွေကို ပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သူ တစ်ဦးဖြစ်သလို ပရဟိတအလုပ်တွေကို တတ်စွမ်းသလောက် လုပ်ကိုင်နေသူတစ်ဦးပါ။ ဘုရားတည်၊ ကျောင်းဆောက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်သလို အနုပညာလောကသားအချင်းချင်းကိုလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးတတ်သူလည်း ဖြစ်ပါတယ်။

Credit : Cele Yatkwat

Zawgyi ျဖင့္ဖတ္ပါ
★★★★★

မကစ္အတြက္ စိတ္မေကာင္းဘူး။
ဒိန္းေဒါင္ကေတာ့ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ သမီးေလးအတြက္ လိုအပ္တာေတြကို ကူညီေထာက္ပံ့ေပးသြားမယ္လို႔ ဆိုပါတယ္။ ကစ္ကစ္အတြက္လည္း အရမ္းကို စိတ္မေကာင္းျဖစ္ေနတာကို ေတြ႕ရပါတယ္။

ဟာသ သ႐ုပ္ေဆာင္ ဒိန္းေဒါင္ကေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ တစ္ဦးတည္းေသာ သမီးေလး ဇြန္ပြင့္အတြက္ ေထာက္ပံ့ေပးသြားမယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

“မကစ္ရဲ႕ သမီးေလးအတြက္ကိုလည္း ကြၽန္ေတာ္တို႔ေတြ အစည္းအေဝးလုပ္ တိုင္ပင္ၿပီးေတာ့ ေထာက္ပံ့ေပးဖို႔ အစီအစဥ္ေတာ့ ရွိပါတယ္။ သမီးေလးလည္း အားမငယ္ပါနဲ႔ အႏုပညာအသိုင္းအဝိုင္းအမ်ားႀကီးရွိပါတယ္။ လိုအပ္ခ်က္ေလးေတြရွိရင္ ဦးဒိန္းေဒါင္ ကိုဆက္သြယ္ၿပီးေတာ့ တိုက္႐ိုက္ေျပာပါ။ ဦးဒိန္းေဒါင္လည္း ကူညီပါ့မယ္။ မကစ္သားသမီးဆိုတာလည္း ကိုယ့္သားသမီးလိုပါပဲ” ဆိုၿပီးေတာ့ ႏိုဝင္ဘာလ ၂၈ ရက္ေန႔က ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ရဲ႕ ဈာပနမွာ ေျဖဆိုခဲ့တာပါ။

အရမ္းေတာ္တဲ့ ဟာသမယ္ေတြထဲက တစ္ဦးျဖစ္တဲ့ ကစ္ကစ္ ကြယ္လြန္သြားျခင္းကလည္း ႀကီးမားတဲ့ ဆုံးရႈံးမႈ တစ္ခုပဲဆိုၿပီးေတာ့ ဒိန္းေဒါင္က ေျပာျပခဲ့ျပန္ပါေသးတယ္။

“ မကစ္ ကြယ္လြန္သြားတာလည္း အင္မတန္မွ ဆုံးရႈံးမႈတစ္ခုျဖစ္ပါတယ္။ ဟာသမယ္ေတြထဲမွာ တကၠသိုလ္ဂြမ္းပုံေလး၊ ေဟမာမန္းဝင္း၊ မကစ္ကစ္ တို႔ေပါ့။ ဟာသကို မရွက္မေၾကာက္ လုပ္တတ္တဲ့ မိန္းကေလးေတြထဲမွာ ေသခ်ာ လက္ေ႐ြးစင္ေ႐ြးထုတ္ရင္ ၁၀ ေယာက္ေတာင္ မရွိပါဘူး။ အဲဒီအထဲကမွ မကစ္က ထြက္ခြာသြားေတာ့ အားလည္းေလ်ာ့သြားတာေပါ့ေနာ္။ စိတ္မေကာင္းလည္းျဖစ္မိပါတယ္” လို႔ သူကဆိုပါတယ္။

ဟာသသ႐ုပ္ေဆာင္ ကစ္ကစ္ဟာ ႏိုဝင္ဘာလ ၂၅ ရက္ေန႔ မနက္ ၁၀ နာရီ မိနစ္ ၄၀ အခ်ိန္က ရန္ကုန္ေဆး႐ုံႀကီးမွာရွိတဲ့ ကုတင္ ၅၀၀ မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ ႐ုပ္အေလာင္း ကိုေတာ့ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ ေန႔လယ္ပိုင္းက ေရေဝးသုသာန္မွာ မီးသၿဂိဳဟ္ခဲ့ၿပီးျဖစ္ပါတယ္။ ရက္လည္ကိုေတာ့ ဒီဇင္ဘာလ ၂ ရက္ေန႔ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္၊ ၉၄ ရပ္ကြက္၊ ေအ ၆ လမ္း၊ တိုက္နံပတ္ ၃ ၊ အခန္းနံပတ္ ၀၀၄ ေနအိမ္မွာ သံဃာေတာ္မ်ား ပင့္ေဆာင္ၿပီး ရက္လည္ဆြမ္းသြပ္တရားေတာ္နာၾကားသြားမယ္လို႔ သိရပါတယ္။

ဒိန္းေဒါင္(Dain Daung)ဟာ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္ေပးတတ္သူ တစ္ဦးျဖစ္သလို ပရဟိတအလုပ္ေတြကို တတ္စြမ္းသေလာက္ လုပ္ကိုင္ေနသူတစ္ဦးပါ။ ဘုရားတည္၊ ေက်ာင္းေဆာက္တဲ့ လုပ္ငန္းေတြ လုပ္ကိုင္သလို အႏုပညာေလာကသားအခ်င္းခ်င္းကိုလည္း တတ္ႏိုင္တဲ့ဘက္ကေန ကူညီေဆာင္႐ြက္ေပးတတ္သူလည္း ျဖစ္ပါတယ္။

Credit : Cele Yatkwat