
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်ရော ပြိုင်ပွဲဝင်တွေအတွက်ပါ ရင်ခုန်စိတ်လှုပ်ရှားစရာ ညတစ်ညဖြစ်တဲ့ Result Show ကတော့ တစ်ပတ်ထက်တစ်ပတ် ပိုပြီး စိတ်လှုပ်ရှားနေရတာအမှန်ပါ။အခုလို စိတ်လှုပ်ရှားမှုတွေပြည့်နှက်နေတဲ့ ယနေ့ညမှာတော့ အထူးဧည့်သည်တော် အဖြစ်နဲက နိုင်ငံကျော် အဆိုတော် စည်သူလွင်က လာရောက် ဖျော်ဖြေတင်ဆက်မယ်လို့ မြန်မာအိုင်ဒေါရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့ညမှာတော့ မြန်မာအိုင်ဒေါပြိုင်ပွဲ Week (5)ရဲ့ Result show ကိုကျင်းပတော့မှာဖြစ်ပြီး အပတ်စဉ်တိုင်းလိုလို ပြိုင်ပွဲဝင်တွေထွက်ခွာလာခဲ့တာအခုဆို ငါးပတ်မြောက်ကိုရောက်ရှိခဲ့ကာ ပြိုင်ပွဲဝင်(၄)ဦးဖြစ်ကြတဲ့ ခြူးစစ်ဟန်၊နေလင်းကျော်၊နှင်းအိအိဝင်းနဲ့ တန်ခွန်ကျော်တို့က အိမ်ပြန်သွားခဲ့ရပြီလည်းဖြစ်ပါတယ်။ပြိုင်ပွဲအရှိန်မြင့်တတ်လာတာနဲ့အမျှ ထွက်ခွာရမည့်ပြိုင်ပွဲဝင်တွေကို ရွေးချယ်ရမှာလည်း ခက်လာတာအမှန်ပါ။
CeleGabar ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးရဲ့ (၅)ပတ်မြောက် Result Show မှာ ဘယ်ပြိုင်ပွဲဝင်ဟာ Voting အနည်းဆုံးနဲ့ နှုတ်ဆက်အိမ်ပြန်ရမလဲ ဆိုတာကတော့ ရင်ခုန်စရာဖြစ်သလို နိုင်ငံကျော် အဆိုတော်ကြီး စည်သူလွင်ရဲ့ ဖျော်ဖြေတင်ဆက်မှုကို နားဆင်ရမှာမို့ ပိုမိုရင်ခုန်နေကြပြီလား။
Source: Myanmar Idol
DarDar-CeleGabar
Zawgyi ဖြင့်ဖတ်ပါ
★★★★★
“❝စိုးလွင်လွင် အမှတ်တရသီချင်းများ❞ယှဉ်ပြိုင်မှု Result Show မှာဖျော်ဖြေတင်ဆက်မယ့် အထူးဧည့်သည်တော် စည်သူလွင်