You are here
Home > အနုပညာ > ရုပ်ရှင်အရေအတွက်ထက် သဘောကျတဲ့ဇာတ်ရုပ်ကို နည်းနည်းစီရိုက်မယ်ဆိုတဲ့ သက်မွန်မြင့်

ရုပ်ရှင်အရေအတွက်ထက် သဘောကျတဲ့ဇာတ်ရုပ်ကို နည်းနည်းစီရိုက်မယ်ဆိုတဲ့ သက်မွန်မြင့်

ရုပ်ရှင်အရေအတွက်ထက် သဘောကျတဲ့ဇာတ်ရုပ်ကို နည်းနည်းစီရိုက်မယ်ဆိုတဲ့ သက်မွန်မြင့်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

သက္မြန္ျမင့္ကေတာ့ အသက္အ႐ြယ္နဲ႔လိုက္မယ့္ ဇာတ္႐ုပ္ေတြပဲ သ႐ုပ္ေဆာင္ရတာ အဆင္ေျပတယ္လို႔ဆိုပါတယ္။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ကဘယ္ေလာက္ထိ ခိုင္မာတယ္ဆိုတဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။

သက္မြန္ျမင့္ကေတာ့ သူမရဲ႕ အသက္အ႐ြယ္အရ လိုက္ဖက္တဲ့ ကာ႐ိုက္တာမ်ိဳးကို ႐ိုက္ရတာ ပိုသေဘာက်တယ္လို႔ ဆိုပါတယ္။ ပရိသတ္ေတြကလည္း ႐ုပ္ရွင္ဇာတ္ကားတစ္ကားအေပၚ ခံစားသက္ဝင္မႈက အရင္ကနဲ႔ မတူေတာ့ဘူးလို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ အခုေခတ္ အလုပ္လုပ္တဲ့ပုံစံေတြက အရင္တုန္းကနဲ႔ မတူေတာ့ဘူး။ ၾကည့္တဲ့ပရိသတ္ေတြကလည္း ၾကည့္တဲ့ ပုံစံေျပာင္းလာတယ္။ အရင္လို ဇာတ္ကားအေရအတြက္ထက္စာရင္

ကိုယ္သေဘာက်တာကို နည္းနည္း ခ်င္း႐ိုက္တာ ပိုအဆင္ေျပတယ္။ ၿပီးေတာ့ သက္မြန္တို႔အခုေရာက္ေနတဲ့ အသက္အ႐ြယ္အရ ကိုလည္း ခ်ိန္ၿပီးေတာ့ သ႐ုပ္ေဆာင္ရတာေပါ့” လို႔ သူကဆိုပါတယ္။

ႏိုဝင္ဘာလ အတြင္းမွာေတာ့ သက္မြန္ျမင့္ကိုယ္တိုင္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ကလည္း ဆက္တိုက္ဆိုသလို ႐ုံတင္ျပသခဲ့တာေတြ႕ရပါတယ္။ ဒါေပမယ့္လည္း သူမကို ခ်စ္တဲ့ ပရိသတ္ေတြရဲ႕ အားက မေလွ်ာ့သြားလို႔ ဝမ္းသာမိတဲ့အေၾကာင္းေတြ ေျပာျပခဲ့ပါေသးတယ္။

“ အခုတေလာ အစ္မရဲ႕ ဇာတ္ကားေတြျဖစ္တဲ့ ‘ဘာလာလာ’၊ ‘သခင္ႀကီးနဲ႔ ငါးပိတို႔စရာ’ ၊ ၿပီးေတာ့ ‘ဗိုလ္ေနတိုး’ ၊ ၿပီးရင္ ‘ခ်ည္’ ဇာတ္ကားတင္မယ္ေပါ့။ သက္မြန္ကားေတြက မတင္ရင္လည္း မတင္ဘူး တင္လိုက္ေတာ့လည္း ဆက္တိုက္ျဖစ္ေနေတာ့ သူတို႔ေလးေတြကို အားနာတယ္။

ကိုယ့္ကို ဝန္းရံရတာ အခ်ိန္ေရာ၊ လူေရာ၊ ေငြေၾကးေရာ ကုန္တယ္။ သူတို႔ကလည္း သူတို႔ရဲ႕ မင္းသမီးကို ဝန္းရံမွာပဲဆိုေတာ့ သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာေတြ ကို ေက်းဇူးအမ်ားႀကီးတင္တယ္” ႏိုဝင္ဘာလ ၁၈ ရက္ေန႔က “ဗိုလ္ေနတိုး”႐ုပ္ရွင္အထူးျပပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

သက္မြန္ျမင့္ကေတာ့ Music Video ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ရင္းနဲ႔ ပရိသတ္ရင္ထဲေရာက္လာသူ တစ္ဦးျဖစ္ပါတယ္။ အမ်ိဳးသမီးအႏုပညာရွင္ေတြထဲမွာ အရပ္ျမင့္ျမင့္ ခ်စ္စရာေကာင္းတဲ့ ႐ုပ္ရွည္ စကားသံ ဝဲဝဲေလးနဲ႔ ဆြဲေဆာင္ႏိုင္သူကေတာ့ သက္မြန္ျမင့္ပါပဲ။

သူမဟာ ၂၀၁၀ ခုႏွစ္အတြက္ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ‘’အာဒံရယ္ ဧဝရယ္ ဒႆရယ္ ‘’ ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ ပထမဆုံး အကယ္ဒမီဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။ အဲဒီေနာက္ ၂၀၁၆ ခုႏွစ္ အတြက္ အေကာင္းဆုံးအမ်ိဳးသမီး ဇာတ္ေဆာင္ဆုကို ‘’ ခ်စ္လွစြာေသာ အမုန္း’’ ဇာတ္ကားနဲ႔ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့တာျဖစ္ပါတယ္။

Credit CeleYatKwat

Unicode ဖြင့်ဖတ်ပါ
★★★★★

ရုပ်ရှင်အရေအတွက်ထက် သဘောကျတဲ့ဇာတ်ရုပ်ကို နည်းနည်းစီရိုက်မယ်ဆိုတဲ့ သက်မွန်မြင့် …

သက်မွန်မြင့်ကတော့ အသက်အရွယ်နဲ့လိုက်မယ့် ဇာတ်ရုပ်တွေပဲ သရုပ်ဆောင်ရတာ အဆင်ပြေတယ်လို့ဆိုပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကဘယ်လောက်ထိ ခိုင်မာတယ်ဆိုတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

သက်မွန်မြင့်ကတော့ သူမရဲ့ အသက်အရွယ်အရ လိုက်ဖက်တဲ့ ကာရိုက်တာမျိုးကို ရိုက်ရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း ရုပ်ရှင်ဇာတ်ကားတစ်ကားအပေါ် ခံစားသက်ဝင်မှုက အရင်ကနဲ့ မတူတော့ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အခုခေတ် အလုပ်လုပ်တဲ့ပုံစံတွေက အရင်တုန်းကနဲ့ မတူတော့ဘူး။ ကြည့်တဲ့ပရိသတ်တွေကလည်း ကြည့်တဲ့ ပုံစံပြောင်းလာတယ်။ အရင်လို ဇာတ်ကားအရေအတွက်ထက်စာရင်

ကိုယ်သဘောကျတာကို နည်းနည်း ချင်းရိုက်တာ ပိုအဆင်ပြေတယ်။ ပြီးတော့ သက်မွန်တို့အခုရောက်နေတဲ့ အသက်အရွယ်အရ ကိုလည်း ချိန်ပြီးတော့ သရုပ်ဆောင်ရတာပေါ့” လို့ သူကဆိုပါတယ်။

နိုဝင်ဘာလ အတွင်းမှာတော့ သက်မွန်မြင့်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ကလည်း ဆက်တိုက်ဆိုသလို ရုံတင်ပြသခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေရဲ့ အားက မလျှော့သွားလို့ ဝမ်းသာမိတဲ့အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။

“ အခုတလော အစ်မရဲ့ ဇာတ်ကားတွေဖြစ်တဲ့ ‘ဘာလာလာ’၊ ‘သခင်ကြီးနဲ့ ငါးပိတို့စရာ’ ၊ ပြီးတော့ ‘ဗိုလ်နေတိုး’ ၊ ပြီးရင် ‘ချည်’ ဇာတ်ကားတင်မယ်ပေါ့။ သက်မွန်ကားတွေက မတင်ရင်လည်း မတင်ဘူး တင်လိုက်တော့လည်း ဆက်တိုက်ဖြစ်နေတော့ သူတို့လေးတွေကို အားနာတယ်။

ကိုယ့်ကို ဝန်းရံရတာ အချိန်ရော၊ လူရော၊ ငွေကြေးရော ကုန်တယ်။ သူတို့ကလည်း သူတို့ရဲ့ မင်းသမီးကို ဝန်းရံမှာပဲဆိုတော့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ကို ကျေးဇူးအများကြီးတင်တယ်” နိုဝင်ဘာလ ၁၈ ရက်နေ့က “ဗိုလ်နေတိုး”ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။

သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။

Credit CeleYatKwat

Top
//thefacux.com/4/3018672