
ေဇာ္ဂ်ီ / ယူနီကုဒ္္
Zawgyi ျဖင့္ဖတ္ပါ
★★★★★
သ႐ုပ္ေဆာင္ စမိုင္းလ္ကေတာ့ လက္ရွိမွာခင္ပြန္းျဖစ္သူရဲ႕ အလုပ္ေတြကိုကူညီလုပ္ကိုင္ေပးရင္းေအးခ်မ္းတဲ့ ဘဝေလးကို ျဖတ္သန္းလ်က္ရွိတာပါ အႏုပညာအလုပ္ေတြကို ဆက္လက္မလုပ္ကိုင္ေတာ့ေပမယ့္ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းကို ဆက္လက္ ရရွိေနဆဲလည္းျဖစ္ပါတယ္
စမိုင္းဟာဘာသာတရားကိုင္းရႈိင္းသူတစ္ဦးျဖစ္တဲ့အျပင္ လႉဒါန္းမႈေတြကိုလည္း မၾကာခဏျပဳလုပ္တတ္သူတစ္ဦးျဖစ္ကာ နာမည္ေက်ာ္သစ္တံခါးဆရာေတာ္ဘုရားႀကီးရဲ႕ တပည့္မအရင္းအခ်ာတစ္ဦးလည္းျဖစ္ပါတယ္ ဒီရက္ပိုင္းမွာေတာ့ စမိုင္းဟာ ဆရာေတာ္ဘုရားႀကီးရဲ႕ လက္ငင္းဖူး ခ်က္ခ်င္းထူး အဓိဌာန္ကို လုမႈကြန္ယက္မွာ ျပန္လည္မွ်ေဝေပးခဲ့တာပါ ဒီအဓိဌာန္ကေတာ့ သစ္တံခါးဆရာေတာ္ဘုရားႀကီးရဲ႕ အဓိဌာန္က်င့္ေနစဥ္ မက္ခဲ့ေသာအိပ္မက္အရ ၿမိဳ႕ေဟာင္း ၅ ၿမိဳ႕ရဲ႕ ဘုရားမ်ားကို သြားေရာက္ဖူးေမွ်ာ္ကာ ေဗာဓိဓာတ္ကိုရယူတာလို႔ သိရပါတယ္
စမိုင္းက ဒီအဓိဌာန္အျပည့္အစုံကို လူမႈကြန္ယက္မွာ အခုလို ေဝမွ်ထားခဲ့တာပါ
(((( လက္ငင္းဖူး ခ်က္ခ်င္းထူး အဓိဌာန္
ေညာင္ရမ္း- ေ႐ႊကူႀကီးဘုရား
ပင္း – ရွင္အရဟံမဟာေဗာဓိပင္ဘုရား
ေညာင္ဦး – ေ႐ႊစည္းခုံဘုရား
ရတနာပုံ – မဟာျမတ္မုနိဘုရား
အင္းဝ – မဟာေဗာဓိဘုရား
သစ္တံခါးဆရာေတာ္ရဲ႕ အဓိဌာန္က်င့္ေနစဥ္မက္ခဲ့ေသာအိမ္မက္အရ ၿမိဳ႕ေဟာင္း ၅ၿမိဳ႕ရဲ႕ ဘုရားမ်ားသြားေရာက္ဖူးေမွ်ာ္ ေဗာဓိဓါတ္ယူ
ကုသိုလ္ျပဳလိုသူမ်ားအတြက္ေဝငွပါတယ္။ သာသနာျပဳႏိုင္ၾကပါေစ
တက္စရာတက္ ထက္စရာထက္
))))
စမိုင္းကေတာ့ အခုလို ဆုေတာင္းျပည့္အဓိဌာန္ေတြကို မၾကာခဏဝင္ေလ့ရွိသူျဖစ္ၿပီး လူမႈကြန္ယက္ မွာမွ်ေဝေပးေနတာလည္းျဖစ္ပါတယ္ ပရိသတ္ႀကီးအတြက္ အခုလိုအစြမ္းထက္တဲ့ ဆုေတာင္းျပည့္အဓိဌာန္ေလးကို ကုသိုလ္အက်ိဳးေမွ်ာ္ကိုးကာ ျပန္လည္မွ်ေဝလိုက္ရပါတယ္ေနာ္
Writer- Magic(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ပါ
★★★★★
သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိမှာခင်ပွန်းဖြစ်သူရဲ့ အလုပ်တွေကိုကူညီလုပ်ကိုင်ပေးရင်းအေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းလျက်ရှိတာပါ အနုပညာအလုပ်တွေကို ဆက်လက်မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို ဆက်လက် ရရှိနေဆဲလည်းဖြစ်ပါတယ်
စမိုင်းဟာဘာသာတရားကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့အပြင် လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်တတ်သူတစ်ဦးဖြစ်ကာ နာမည်ကျော်သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ တပည့်မအရင်းအချာတစ်ဦးလည်းဖြစ်ပါတယ် ဒီရက်ပိုင်းမှာတော့ စမိုင်းဟာ ဆရာတော်ဘုရားကြီးရဲ့ လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်ကို လုမှုကွန်ယက်မှာ ပြန်လည်မျှဝေပေးခဲ့တာပါ ဒီအဓိဌာန်ကတော့ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အဓိဌာန်ကျင့်နေစဉ် မက်ခဲ့သောအိပ်မက်အရ မြို့ဟောင်း ၅ မြို့ရဲ့ ဘုရားများကို သွားရောက်ဖူးမျှော်ကာ ဗောဓိဓာတ်ကိုရယူတာလို့ သိရပါတယ်
စမိုင်းက ဒီအဓိဌာန်အပြည့်အစုံကို လူမှုကွန်ယက်မှာ အခုလို ဝေမျှထားခဲ့တာပါ
(((( လက်ငင်းဖူး ချက်ချင်းထူး အဓိဌာန်
ညောင်ရမ်း- ရွှေကူကြီးဘုရား
ပင်း – ရှင်အရဟံမဟာဗောဓိပင်ဘုရား
ညောင်ဦး – ရွှေစည်းခုံဘုရား
ရတနာပုံ – မဟာမြတ်မုနိဘုရား
အင်းဝ – မဟာဗောဓိဘုရား
သစ်တံခါးဆရာတော်ရဲ့ အဓိဌာန်ကျင့်နေစဉ်မက်ခဲ့သောအိမ်မက်အရ မြို့ဟောင်း ၅မြို့ရဲ့ ဘုရားများသွားရောက်ဖူးမျှော် ဗောဓိဓါတ်ယူ
ကုသိုလ်ပြုလိုသူများအတွက်ဝေငှပါတယ်။ သာသနာပြုနိုင်ကြပါစေ
တက်စရာတက် ထက်စရာထက်
))))
စမိုင်းကတော့ အခုလို ဆုတောင်းပြည့်အဓိဌာန်တွေကို မကြာခဏဝင်လေ့ရှိသူဖြစ်ပြီး လူမှုကွန်ယက် မှာမျှဝေပေးနေတာလည်းဖြစ်ပါတယ် ပရိသတ်ကြီးအတွက် အခုလိုအစွမ်းထက်တဲ့ ဆုတောင်းပြည့်အဓိဌာန်လေးကို ကုသိုလ်အကျိုးမျှော်ကိုးကာ ပြန်လည်မျှဝေလိုက်ရပါတယ်နော်
Writer- Magic(Shwe Yaung Lan)