You are here
Home > အနုပညာ > ဒိုင်တွေရဲ့ ချီးကျူးတာခံခဲ့ရပေမယ့် Myanmar Idol ကနေ လက်ပြနှုတ်ဆက် အိမ်ပြန်ခဲ့ရပြီဖြစ်တဲ့ ထက်အဉ္ဇလီ

ဒိုင်တွေရဲ့ ချီးကျူးတာခံခဲ့ရပေမယ့် Myanmar Idol ကနေ လက်ပြနှုတ်ဆက် အိမ်ပြန်ခဲ့ရပြီဖြစ်တဲ့ ထက်အဉ္ဇလီ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့အပတ်စဉ်တိုင်းမှာလူစိတ်အဝင်စားဆုံးလို့ဆိုရမဲ့အချိန်ကတော့ ရောက်လို့လာပါပြီ။ဒီနေ့မှာတော့ result show ကိုကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကနေထွက်ခွာရမဲ့သူကို အဆုံးအဖြတ်ပေးတော့မှာပါ။ဒီရလဒ်ဟာလည်း ပရိသတ်တွေရဲ့Voting အနည်းအများနဲ့ဆုံးဖြတ်မှာဖြစ်ပါတယ်။မနေ့ညကတော့ စိုးလွင်လွင်အမှတ်တရသီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အကောင်းဆုံးကြိုးစားခဲ့ကြတာကိုတွေ့ရမှာပါ။

ဒီနေ့မှာတော့ မြန်မာ Idol ကနေ လက်ပြနှုတ်ဆက်ပြီး အိမ်ပြန်ရမယ့်သူတစ်ယောက်ကတော့ ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ အိမ်ပြန်ရမယ့် သူကတော့ ထက်အဉ္ဇလီ ပဲဖြစ်ပါတယ်။ ထက်အဉ္ဇလီ ကတော့ ဒိုင်တွေရဲ့ ချီးမွှမ်းခြင်းကိုခံခဲ့ရပေမယ့် Voting အနဲဆုံးနဲ့ နှုတ်ဆက်ခဲ့ရတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးကလဲ ထက်အဉ္ဇလီ အတွက် ဝမ်းနည်းစကားလေးပြောပေးခဲ့ကြပါပါဦးနော်။

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Top
//mordoops.com/4/3018672