ဒိုင်တွေရဲ့ ချီးကျူးမှုကိုရရှိခဲ့ပေမယ့် Myanmar Idol ပြိုင်ပွဲကြီးကို လက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်တဲ့ ထက်အဉ္ဖလီ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : Myanmar Idol

Unicode ဖြင့်ဖတ်ပါ
★★★★★

Myanmar Idol Result Show ကတော့ အပတ်စဉ်ပရိသတ်တွေ စိတ်မကောင်းဖြစ်ရတဲ့ အစီစဉ်လို့ဆိုရမှာပါပဲ ။ တစ်ပတ်တစ်ခါ ပြိုင်ပွဲဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရသလို ဒိတစ်ပတ်မှာလည်း ပရိသတ်တွေကို နှုတ်ဆက်သွားရတဲ့ ပြိုင်ပွဲဝင်တစ်ယောက် ထပ်မံပေါ်ထွက်လာခဲ့ပါပြီ ။ ဒီနေ့ နှုတ်ဆက်ထွက်ခွာခဲ့ရသူကတော့ ပြိုင်ပွဲဝင် ထက်အဉ္ဖလီပဲဖြစ်ပါတယ် ။

ဒီတစ်ပတ်မှာ စိုးလွင်လွင် အမှတ်တရသီချင်းသီဆိုယှဉ်ပြိုင်မှုမှာ ဒိုင်တွေဆီက မှတ်ချက်တွေ အားနည်းခဲ့သလို သူမကိုယ်တိုင်လည်း ဒီတစ်ပတ် ယှဉ်ပြိုင်မှုမှာ လိုအပ်ချက်တွေရှိနေခဲ့ပါတယ် ။ ခုလို နှုတ်ဆက်ထွက်ခွာသွားရတဲ့အတွက် သူမရဲ့ ဖန်တွေနဲ့ အပတ်စဉ် Voting ပေးနေကြတဲ့ ပရိသတ်တွေကတော့ တကယ်ကို ဝမ်းနည်းနေကြမယ်ထင်ပါတယ် ။ သူမ အတွက် ပြိုင်ပွဲဝင်တွေကလည်း စိတ်မကောင်းဖြစ်နေကြသလို မျက်ရည်တွေနဲ့နှုတ်ဆက်နေကြတဲ့ မြင်ကွင်းကတော့ တကယ်ကို ရင်နင့်စရာပါပဲ ။

ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရပေမယ့် သူမကိုချစ်တဲ့ အမာခံပရိသတ်တွေနဲ့ ပြိုင်ပွဲဝင် ညီအစ်ကိုမောင်နှမတွေကတော့ သူမကို ဆက်လက်ချစ်ခင်နေဆဲ ဖြစ်နေမှာပါ ။ ပြိုင်ပွဲကထွက်ခွာသွားရပေမယ့် အနုပညာလောကမှာ အောင်မြင်တဲ့ ကြယ်တစ်ပွင့်ဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ပရိသတ်ကြီးလည်း ထက်အဉ္ဖလီအတွက်အားပေးစကားလေးတွေ ရေးပေးခဲ့ပါဦးနော် ။

Source : Myanmar Idol
Crd;Molly ( Cele Connections)