သူမဆီမှာတောင်မရှိတော့တဲ့ ပုံလေးတွေသိမ်းပြီးပို့ပေးလို့ ကျေးဇူးတင်စကားပြောလိုက်တဲ့ အိချောပို

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှကိုပိုင်ဆိုင်ထားပြီး ပုရိသတွေပါလည်ပြန်ငေးမောကြည့်ရလောက်အောင်လှပလွန်းသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပါ။ သူမဟာ အနုပညာပျိုးခင်းမှတစ်ဆင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူပါ။ ယနေ့ချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိနေတာပါ။

စူစူဟာ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ရံဖန်ရံခါ ပွဲအခမ်းအနားတွေလည်း တက်ရောက်ပေးနေတာပါ။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိသူပါ။

အခုမှာလည်း သူမရဲ့လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်တုန်းက ပုံရိပ်လေးကို ဝေမျှထားတာပါ။ စူစူကတော့ ” ကိုယ့်မှာတောင်မရှိတော့တဲ့ ပုံလေးတွေ သိမ်းပြီးပို့ပေးလို့ ကျေးဇူးပါနော်” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေမမြင်ဖူးသေးတဲ့ စူစူရဲ့ပုံရိပ်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။Photo Credit- Ei Chaw Po’s Facebook