You are here
Home > အနုပညာ > ထိုင်းမင်းသမီး နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ထိုင်းမီဒီယာ ချန်နယ် တစ်ခုမှာ ဖြေကြားခဲ့တဲ့ ပိုင်တံခွန်

ထိုင်းမင်းသမီး နဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် ထိုင်းမီဒီယာ ချန်နယ် တစ်ခုမှာ ဖြေကြားခဲ့တဲ့ ပိုင်တံခွန်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။

မာရဇ္ဇသီချင်းထဲကလို ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေးလို့ မဒီအပျိုကညာလေးတွေတင်စားနေတဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်တစ်ယောက်ကတော့ မြန်မာတွင်မက ထိုင်းနိုင်ငံက ဆယ်ကျော်သက်လေးတွေကိုပါ ဆွဲဆောင်နိုင်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ သူဟာဆိုရင် အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီးတော့ ၊ ထိုင်းနိုင်ငံမှာပါ ကြေငြာများရိုက်ကူးခြင်း ၊ ပွဲတက်ခြင်းများကိုလည်းဆောင်ရွက်နေသူဖြစ်ပါတယ်။

မကြာခဏဆိုသလို ထိုင်းနိုင်ငံဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့ သွားရတတ်သူပါ။ပိုင်တံခွန်ကတော့ အလုပ်ကို တိကျသလို ၊ အချိန်ကိုလည်း လေးစားသူဖြစ်တာကြောင့်လက်တွဲလုပ်သူတွေကစိတ်ချမ်းသာကြသလို ၊ ဖော်ရွေမှု ၊ မာန်မာနကင်းမှုနဲ့ လူသားချင်းလေးစားစိတ်ရှိမှုတွေကြောင့်လည်း ပရိသတ်က ချစ်ခင်သူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာဆိုရင်တော့ အာရှနိုင်ငံတော်တော်များများမှာ အောင်မြင်နေသူဖြစ်တာကြောင့်လည်း ဆယ်ကျော်သက်လေးတွေက စိတ်ဝင်စားခြင်းကို ခံနေရသူပါ။လတ်တလောမှာ ပိုင်တံခွန်ဟာ ထိုင်းမင်းသမီးတစ်ဦးနဲ့ ယိုးစွပ်ခံနေရတာနဲ့ ကြုံနေရ
ချိန်ဖြစ်တာကြောင့် သူ့ကိုချစ်တဲ့ ပရိသတ်တွေက စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အများစိုးရိမ်မှုကို ပိုင်တံခွန်က အခုလိုပဲဖြေကြားပေးခဲ့ပါတယ်။

သူ့အနေနဲ့တော့ ယောက်ျားလေးဖြစ်တာကြောင့် နစ်နာမှု မရှိပေမယ့် မိန်းကလေးဘက်က နစ်နာမှုတွေရှိနိုင်တာကြောင့် သတင်းအမှားတွေကို မဖြန့်ဝေကြဖို့လည်းသူက တောင်းပန်စကား ဆိုပါတယ်။ ဒီအကြောင်းကိုတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေနဲ့ဖြေကြားခဲ့တဲ့ ထိုင်းရုပ်သံတစ်ခုမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

ပိုင်တံခွန်ချစ်တဲ့ ပရိသတ်ကြီးအနေနဲ့လည်း သိရှိအောင်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Writer – SMT( Shwe Yaung Lan)

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေအာက္တြင္ ဗြီဒီယို တင္ထားေပးပါသည္။

မာရဇၨသီခ်င္းထဲကလို ဆံပင္ရွည္ရွည္ အရပ္ျမင့္ျမင့္ ကိုယ့္ခ်စ္သူေလးလို႔ မဒီအပ်ိဳကညာေလးေတြတင္စားေနတဲ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္တစ္ေယာက္ကေတာ့ ျမန္မာတြင္မက ထိုင္းႏိုင္ငံက ဆယ္ေက်ာ္သက္ေလးေတြကိုပါ ဆြဲေဆာင္ႏိုင္တဲ့ သူတစ္ဦးျဖစ္ပါတယ္။ သူဟာဆိုရင္ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ၿပီးေတာ့ ၊ ထိုင္းႏိုင္ငံမွာပါ ေၾကျငာမ်ား႐ိုက္ကူးျခင္း ၊ ပြဲတက္ျခင္းမ်ားကိုလည္းေဆာင္႐ြက္ေနသူျဖစ္ပါတယ္။

မၾကာခဏဆိုသလို ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕ကို အလုပ္ကိစၥနဲ႔ သြားရတတ္သူပါ။ပိုင္တံခြန္ကေတာ့ အလုပ္ကို တိက်သလို ၊ အခ်ိန္ကိုလည္း ေလးစားသူျဖစ္တာေၾကာင့္လက္တြဲလုပ္သူေတြကစိတ္ခ်မ္းသာၾကသလို ၊ ေဖာ္ေ႐ြမႈ ၊ မာန္မာနကင္းမႈနဲ႔ လူသားခ်င္းေလးစားစိတ္ရွိမႈေတြေၾကာင့္လည္း ပရိသတ္က ခ်စ္ခင္သူတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာဆိုရင္ေတာ့ အာရွႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ေအာင္ျမင္ေနသူျဖစ္တာေၾကာင့္လည္း ဆယ္ေက်ာ္သက္ေလးေတြက စိတ္ဝင္စားျခင္းကို ခံေနရသူပါ။လတ္တေလာမွာ ပိုင္တံခြန္ဟာ ထိုင္းမင္းသမီးတစ္ဦးနဲ႔ ယိုးစြပ္ခံေနရတာနဲ႔ ႀကဳံေနရ
ခ်ိန္ျဖစ္တာေၾကာင့္ သူ႔ကိုခ်စ္တဲ့ ပရိသတ္ေတြက စိုးရိမ္မႈေတြလည္း ရွိေနပါတယ္။ ဒါေၾကာင့္ အမ်ားစိုးရိမ္မႈကို ပိုင္တံခြန္က အခုလိုပဲေျဖၾကားေပးခဲ့ပါတယ္။

သူ႔အေနနဲ႔ေတာ့ ေယာက္်ားေလးျဖစ္တာေၾကာင့္ နစ္နာမႈ မရွိေပမယ့္ မိန္းကေလးဘက္က နစ္နာမႈေတြရွိႏိုင္တာေၾကာင့္ သတင္းအမွားေတြကို မျဖန္႔ေဝၾကဖို႔လည္းသူက ေတာင္းပန္စကား ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ ထိုင္းႏိုင္ငံရဲ႕ ထိပ္တန္းအႏုပညာရွင္ေတြနဲ႔ေျဖၾကားခဲ့တဲ့ ထိုင္း႐ုပ္သံတစ္ခုမွာ ေျဖၾကားခဲ့တာျဖစ္ပါတယ္။

ပိုင္တံခြန္ခ်စ္တဲ့ ပရိသတ္ႀကီးအေနနဲ႔လည္း သိရွိေအာင္လို႔ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

Writer – SMT( Shwe Yaung Lan)

Top
//dolatiaschan.com/4/3018672