You are here
Home > အနုပညာ > ငယ်သူငယ်ချင်း အက်စတာကို ပွဲထဲအထိသွားရောက်အားပေးခဲ့တဲ့ မင်းသားချော ဖြိုးရာဇာနိုင်

ငယ်သူငယ်ချင်း အက်စတာကို ပွဲထဲအထိသွားရောက်အားပေးခဲ့တဲ့ မင်းသားချော ဖြိုးရာဇာနိုင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

“မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာမာန” ရုပ်သံဇာတ်လမ်းတွဲမှာ မောင်မြင့်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ သဘောကျအားပေးမှုကိုရရှိခဲ့တဲ့ ဖြိုးရာဇာနိုင်ကတော့ ငယ်စဉ်က ဆို၊က၊ရေး၊တီး ပြိုင်ပွဲကြီးမှာ အတူပြိုင်ခဲ့ရတဲ့ ငယ်သူငယ်ချင်းလေး အက်စတာဒေါ့သ်ချင်းဆုန် ကို TV ကနေ တစ်ဆင့်အားမပေးဘဲ ကွင်းထဲအထိသွားရောက်အားပေးခဲ့တဲ့အကြောင်း “ငယ်သူငယ်ချင်းကိုအားပေးဖို့ ရောက်နေပြီ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပွဲထဲရောက်နေခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ ဖော်ပြထားပါတယ်။

ဖြိုးရာဇာနိုင်ကတော့ ငယ်စဉ်က နေပြည်တော်(၁၆)ကြိမ်မြောက် ဆို၊က၊ရေး၊တီး ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အက်စတာကလည်း နေပြည်တော်(၁၆)ကြိမ်မြောက် ဆို၊က၊ရေး၊တီး ပြိုင်ပွဲကြီးမှာ ဗဟိုအဆင့် ပထမဆုရရှိခဲ့သူပဲဖြစ်ပါတယ်။မကြာသေးမှီကမှ အက်စတာရဲ့ ဗဟိုအဆင့်ပထမဆုရရှိခဲ့တဲ့ ငယ်ဘဝပုံရိပ်လေးကို သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ချိန်မှ ဖြိုးရာဇာနိုင်ဟာ အက်စတာရဲ့ ငယ်ရုပ်လေးကို မှတ်မိကာ “အက်စတာက ငါနဲ့အတူ ချင်းပြည်နယ်ကနေ ဆိုကရေးတီး အတူပြိုင်ခဲ့တဲ့ကောင်မလေးဘဲ ငယ်ငယ်ကပုံလေးတွေ့မှ မှတ်မိတယ် Congratulation အက်စတာ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့ပါသေးတယ်။

အက်စတာကို အားပေးကြတဲ့ ပရိသတ်တွေအတွက် အထူးအခွင့်အရေးလို ဆိုနိုင်တဲ့ မြန်အိုင်ဒေါပြိုင်ပွဲကြီးကျင်းပရာ ပွဲအထိအားပေးခွင့်ဟာ ဆိုရင် မိမိသဘောကျအားပေးတဲ့ ပြိုင်ပွဲဝင်ကို အနီးကပ်အားပေးခွင့်ရမှာပဲဖြစ်ပါတယ်။ ပွဲထဲအထိ တစ်ကူးတစ်က လာရောက်အားပေးဖို့ ဆိုတာ တော်ရုံသဘောကျအားပေးမှုနဲ့ကတော့ မဖြစ်နိုင်တာမို့ CeleGabar ပရိသတ်ကြီးရေ မင်းသားချောဖြိုးရာဇာနိုင်ဟာ ငယ်သူငယ်ချင်း အက်စတာကို အပြည့်အဝအားပေးဝန်းရံသူဆိုတာ သေချာလွန်းပါတယ်။

Source: Phyo Yazar Naing
DarDar-CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Top
//grunoaph.net/4/3018672