You are here
Home > Health > မန်ကျည်းစေ့တစ်ခြမ်းရဲ့ အံ့မခမ်းအစွမ်း
မန်ကျည်းစေ့တစ်ခြမ်းရဲ့ အံ့မခမ်းအစွမ်း
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
မန်ကျည်းစေ့တစ်ခြမ်းရဲ့ အံ့မခမ်းအစွမ်း
အသုံးသိပါလျှင် မန်ကျည်းစေ့တစ်စေ့၏ တန်ဖိုးကြီးပုံကို သိပါလိမ့်မည်။ လက်တွေ့ကြုံပါက ကိုယ်အတွက်သာမကအများသူငှာအတွက်ပါ အသုံးဝင်လှပါသည်။
ခွေး၊ကင်းမြီးကောက်၊ကင်းခြေများ၊ပင့်ကူး၊ပဒူ၊ ပျားစသောအဆိပ်ရှိသော တိရစ္ဆာန်များကိုက်ခြင်း၊ ထိုးခြင်းခံရပါက မန်ကျည်းမှည့်စေလေး(၁)စေ့ကို အမြန်ဆုံးသတိရလိုက်ပါ။
ခွေးကိုက်ခံရသူတိုင်းကို လက်တွေ့ပြသကု သပေးခဲ့တိုင်းပျောက်ကင်းခဲ့ပါသည်။ခွေးရှုးကိုမဆို လိုပါ။ခွေးကိုက်ခံရ၍အစွယ်ရာခြစ်မိသည်ဖြစ်စေ၊ သွားစွယ်နက်ပြီးဝင်သွားသည်ဖြစ်စေ အောက်ပါအတိုင်းဆောင်ရွတ်လိုက်ပါ။
(၁) ခွေးကိုက်ဒဏ်ရာကို ရေနွေးဖြင့်ဆေးပါ။
(၂)မန်ကျည်းတစ်စေ့ကို (၂)ခြမ်းခွဲလိုက်ပါ။ (၁)ခြမ်း၏ အတွင်းသားမျှက်နှာပြင်ကို ကျောက် ပျဉ် သန့်သန့်လေးပေါ်တင်ပြီး ရေတစ်စက်နှစ်စက် ချ၍သွေးလိုက်ပါ။ အဖြူနှစ်လေးများ ထွက်လာလျှင် ခွေးကိုက်ဒဏ်ရာကိုသွေးထားသောမန်ကျည်းစေ့ အနှစ်လေးလိမ်း ပေးပြီး မန်ကျည်းစေ့အခြမ်းလေး ပါကပ်လိုက်ပါ။ ကော်ဖြင့်ကပ်သကဲ့သို့ ကပ်မိပါလိမ့်မည်။
(၃) ကျန်တစ်ခြမ်းကို ခွေးကိုက်ဒဏ်ရာ တွင်ကပ်ထားသော မန်ကျည်းစေ့ကွာကျပါက အသင့်ကပ်နိုင်ရန်ဆောင်ထားလိုက်ပါ။
(၄) (၅)ရက်မျှနေပါလျှင် ထိုခွေးကိုက်ဒဏ်ရာကို
ကြည့်လိုက်ပါ။ အမာရွတ်သာကျန်ပြီး ခွေးကိုက်ဒဏ်ရာ ပျောက်ကင်းနေပါလိမ့်မည်။
ထိုနည်းတူ ကင်းကိုက်၊ကင်းထိုး၊ပျားတုတ်၊ပဒူးကောင်ထိုးခြင်းခံရပါလျှင်လည်း မန်ကျည်းစေ့လေးသွေး၍ လိမ်းပေးခြင်း၊တစ်ခြမ်းကို အနာပေါက်လေးတွင် ကပ်အုံပေးပါက အဆိပ်မတက်တော့ပဲသက်သာ ပျောက်ကင်းစေပါသည်။
လက်တွေ့ကြံုတိုင်း ထိုနည်းကိုပေး၍လမ်းညွန်ပေးခဲ့ပါသည်။ကိုယ် တိုင်းလည်းခွေးကိုက်ခံရဖူး၍ မန်ကျည်းစေ့နည်း ကိုကျင့်သုံးခဲ့ရာ ဆေးထိုးဆေးစားရန်မလိုပါဘဲ အမှန်ပင်ပျောက်ကင်းပါကြောင်းတင်ပြလိုက်ရပါသည်။
တင်ပြလိုသည်မှာ မြန်မာပြည်အတွင်းရှိ အချို့
အရပ်ဒေသများမှာ ဝေးလံခေါင်ပါး၊သွားရေး လာရေးခက်ခဲသေးသည့်အပြင် ရောဂါ တစ်ခုရုတ်တရပ်ဖြစ်ပါလျှင်ခေတ်မှီဆေးဝါး များဖြင့် ပြသရန်၊ကုသရန်ခက်ခဲလှ၍ မန်ကျည်း တစ်စေ့တန်ဖိုးကို သိကာအရေးပေါ်ကြံု၍များ ကြိုက်ခဲ့ပါလျှင် မန်ကျည်းစေ့လေးကိုမြင်ပြီး စိတ်ချစွာကုသနိုင်ပါရန် တင်ပြလိုက်ခြင်းဖြစ် ပါသည်။ ဆေးနည်းမှာနက္ခတ္တရောင်ခြည် မှရရှိသောဆေးနည်းဖြစ်ပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)
Top
//intorterraon.com/4/3018672