You are here
Home > အနုပညာ > ပရိသတ်တွေဝမ်းနည်းမှာစိုးလို့ နေမကောင်းရင်တောင် အပြုံးတွေပဲပေးတတ်သူတစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံ

ပရိသတ်တွေဝမ်းနည်းမှာစိုးလို့ နေမကောင်းရင်တောင် အပြုံးတွေပဲပေးတတ်သူတစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံ

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★








Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေဝမ်းနည်းမှာစိုးလို့ နေမကောင်းရင်တောင် အပြုံးတွေပဲပေးတတ်သူတစ်ယောက်ဖြစ်တဲ့ တက္ကသိုလ်ဂွမ်းပုံ …

တက္ကသိုလ်ဂွမ်းပုံလို့ဆိုလိုက်ရင် ကလေးလူကြီးမကျန် မသိသူမရှိလောက်အောင် ခေတ်အဆက်ဆက်အောင်မြင်ခဲ့တဲ့ ဇာတ်ပို့၊ဇာတ်ရံ၊ဟာသသရုပ်ဆောင်တစ်ယောက်လို့ ဆိုရမှာပါ။ ဟိုးအရင်အချိန်တွေကတည်းက ပရိသတ်ရဲ့အားပေးမှုကို အပြည့်အဝရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်အထိလည်း ဇာတ်ကားရိုက်တွေသာမက တီဗွီပရိုဂရမ်တွေပါမပြတ်ရိုက်ကူးနေရသူ တစ်ယောက်ဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံဟာ ချစ်စဖွယ်ရုပ်ရည်နဲ့ လူမှုဆက်ဆံရေးကောင်းမွန်သူတစ်ယောက်ဖြစ်ပြီး စိတ်ထားလည်းကောင်းမွန်တာကြောင့် ယနေ့တိုင်အောင်မြင်မှုရရှိနေတာလို့ဆိုရမှာပါ။ ဒါ့အပြင် ဟာသဇာတ်ရုပ်တွေမှာအများဆုံးပါဝင်ရသူတစ်ယောက်ဖြစ်တဲ့အတွက်

ကိုယ့်မှာအဆင်မပြေတာရှိရင်တောင် ပရိသတ်ကြီးပျော်ဖို့အတွက်ပဲ အမြဲစဉ်းစားကာ ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်လေ့ရှိတဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

လက်ရှိအချိန်မှာ အနုပညာအလုပ်တွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး မြဝတီချန်နယ်အတွက်လည်း Hello Ladies အစီအစဉ်လေးကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ပရိသတ်တွေပျော်အောင်အမြဲတင်ဆက်ပေးနေတဲ့ ဇာတ်ပို့၊ဇာတ်ရံတွေဟာ နေမကောင်းဖြစ်နေရင်တောင် မသိရလောက်အောင် သူ့တို့ရဲ့သဘာဝအတိုင်း ပရိသတ်တွေကို အပျော်တွေသာ ပေးချင်သူတွေဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံတစ်ယောက်လည်း နေမကောင်းပေမယ့် Hello Ladies ရိုက်ကူးရေးမှာ ပရိသတ်တွေပျော်ရွှင်နိုင်ဖို့ အပြုံးမပျက်သရုပ်ဆောင်ခဲ့ပြီး ရှူတင်ပြီးချိန်မှာတော့ “အကြောဆေး၊အသားဆေးတွေနဲ့ အီစလံဝေခဲ့ပြီလေ”ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။

Source – တက္ကသိုလ်ဂွမ်းပုံ

Credit Rainbow- Cele Gabar

Top
//vaikijie.net/4/3018672