You are here
Home > အနုပညာ > အိမ်မှုကိစ္စတွေနိုင်နင်းပြီး ကြည့်လိုက်တာနဲ့သွားရည်ကျသွားစေမယ့် မုန့်ဟင်းခါးကိုကိုယ်တိုင်ချက်ပြုတ်နေတဲ့ နန်းဆု

အိမ်မှုကိစ္စတွေနိုင်နင်းပြီး ကြည့်လိုက်တာနဲ့သွားရည်ကျသွားစေမယ့် မုန့်ဟင်းခါးကိုကိုယ်တိုင်ချက်ပြုတ်နေတဲ့ နန်းဆု

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




credit – myanmarload

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုကောင်းသူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့သတ်မှတ်ခြင်းခံထားရသူကတော့ မင်းသမီးချောလေး နန်းဆုရတီစိုးပါ။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တစ်ခုတိုင်အောင် ကြိုးစားပမ်းစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ ကိုရီးယားမင်းသမီးတစ်ယောက်လို ဖြူဥနေတဲ့ အသားအရည်ကိုပိုင်ဆိုင်ထားတာကြောင့်လည်း မိန်းကလေး ပရိသတ်တွေက အားကျနေရတာပါ။

နန်းဆုဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူတစ်ယောက်ပဲဖြစ်ပြီး အလှူအတန်းများလည်း မကြာခဏလုပ်လေ့ရှိတဲ့ မင်းသမီးချောလေးပါ။ ဒါ့အပြင် ယနေ့ချိန်ထိ မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သမီးအလိမ္မာလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။ အမြဲတမ်းပြုံးရွှင်စွာနေထိုင်ပုံလေးတွေကိုလည်း ပရိသတ်တွေအားလုံးက ချစ်မဝဖြစ်နေကြတာပါ။

အခုတစ်ခါမှာတော့ သူမရဲ့ထူးချွန်တဲ့အရာတစ်ခုကို ပရိသတ်တွေကို ပြသလိုက်ပြန်ပါပြီ။ ဒါကတော့ မြန်မာ့ရိုးရာမုန့်ဟင်းခါးကိုအရသာရှိစွာ ချက်ပြုတ်နေတာပါ။ သူမရဲ့ ဟင်းချက်နေတဲ့ ဗီဒီယိုလေးကိုတော့ နန်းဆုရဲ့ Instagram stories မှာ တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Top
//intorterraon.com/4/3018672