လူငယ်ဆန်ဆန် ခပ်မိုက်မိုက်ဖက်ရှင်လေးကို စတိုင်အပြည့်နဲ့ဝတ်ဆင်ပြီး ခရီးထွက်နေတဲ့ပိုင်ဖြိုးသု

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် ပိုင်ဖြိုးသုကတော့ အသက်ငယ်ငယ်နဲ့ အနုပညာအရည်အချင်းပြည့်ဝပြီး တကယ်တော်တဲ့ မင်းသမီးချောလေးတစ်လက် ဖြစ်ပါတယ်။ အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ ပိုင်ဖြိုးသုက ဇာတ်ရုပ်နဲ့ပတ်သက်ရင်လည်း အိုက်တင်ပီပြင်လွန်းသူလေး ဖြစ်ပါတယ်။ သဘာဝကျကျသရုပ်ဆောင်နိုင်စွမ်းရှိတဲ့ ပိုင်ဖြိုးသုက ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင်လည်း ပိုင်ဖြိုးသုက ” Now & Ever ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပရိသတ်အားပေးမှု ရရှိနေတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အရင်ကထက်ပိုပိုပြီး လှသွေးကြွယ်လာတဲ့ ပိုင်ဖြိုးသုလေးကိုတော့ ပရိသတ်တွေချစ်ပြီးရင်း ချစ်နေရတာ ဖြစ်ပါတယ်။ လူငယ်ဆန်ဆန်ပုံစံမျိုးလေးနဲ့ လိုက်ဖက်တဲ့သုသုက အခုလည်း ခပ်မိုက်မိုက်ဖက်ရှင်လေးနဲ့ အရမ်းလှနေပြန်ပါတယ်။

သုသုက ” တင်လက်စနဲ့ ဆက်တင်လိုက်ဦးမယ်နော် ” ဆိုပြီး ခရီးသွားနေတဲ့ပုံရိပ်လေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်နဲ့ပို့စ်ပေးနေတဲ့ သုသုကတော့ စတိုင်ကျပြီး အရမ်းကို မိမိုက်နေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့ ခရီးသွားအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit – Ria Bo Vich
“Myanmarload

Zawgyi ဖြင့်ဖတ်ပါ
★★★★★




“Myanmarload