You are here
Home > အနုပညာ > အညာသူလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ကို မြင်ရမယ့် ဖြူဖြူထွေးရဲ့ Video

အညာသူလေးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ကို မြင်ရမယ့် ဖြူဖြူထွေးရဲ့ Video

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Unicode ဖြင့်ဖတ်ပါ
★★★★★

ဟာသဗီဒီယိုလေးတွေတင်ပြီး ဖေ့ဘုတ်ပေါ်မှာ နာမည်ကြီးလာတဲ့ ဖြူဖြူထွေးကိုတော့ လက်ရှိချိန်မှာ လူတော်တော်များများ သိနေပြီလို့ ထင်ပါတယ်။ သွက်သွက်လက်လက်နဲ့ ပွင့်ပွင့်လင်းလင်းရှိပြီး အိုက်တင်ကောင်းတာကြောင့် ပရိသတ်အားပေးမှု ရရှိထားတဲ့ ဖြူဖြူထွေးကတော့ လက်ရှိမှာဆို အနုပညာလောကထဲတောင် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ ကြော်ငြာ တွေကိုလက်ခံရိုက်ကူးနေပြီဖြစ်သလို သူရဲ့ Facebook စာမျက်နှာမှာလည်း မွေးရပ်ဇာတိမြေမှာ နေထိုင်တဲ့ ဓလေ့လေးတွေ ကို ပရိသတ်တွေသိရအောင်လည်း တင်ပေးနေပါတယ် ။

အခု ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးသွားချင်တဲ့ Video လေးရှိပါတယ် ။ အဲ့ဒီ Video လေးကတော့ ဖြူဖြူထွေးရဲ့ မန်ကျည်းသီးခူးပြီး စားပြနေတဲ့ Videoလေးပဲ ဖြစ်ပါတယ် ။ပြီးတော့လည်း သူက အညာဒေသရဲ့ ခြံဝန်းကျယ်နဲ့နေတဲ့ သူတွေ လုပ်လေ့လုပ်ထရှိတဲ့ သစ်ပင်စိုက်တဲ့ ဓလေ့ကိုလည်း ကောင်းကောင်းကြီးမြင်ရမှာ ဖြစ်ပါတယ် ။ မန်ကျည်းသီး တွေဟာ အညာကျေးလက်ဒေသမှာ ကြီးပြင်းလာတဲ့သူတွေအတွက်ကတော့ ပိုက်ဆံပေးပြီးဝယ်စရာမလိုတဲ့ ဒေသိယစာ တစ်ခုပါပဲ ။

နယ်မှာ ကြီးပြင်းလာခဲ့သူတွေအတွက်ကတော့ တကယ်ကို အမှတ်ရသွားစေမယ့် Video လေူမို့ ကျတော်တို့ပြောချင်လွန်းလို့က မိတ်ဆွေတွေ မကြည့်လိုက်ရ မရှိလေအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ ဒီVideo လေးကိုတော့ ဖြူဖြူထွေးက သူရဲ့ Facebook Page မှာ “ဖြူဖြူထွေးရဲ့ မိသားစု အိမ်းလေးမှာ ” “သစ်ပင်စိုက်ပါ ဒို့ကမ္ဘာ သာယာ လှပ စိမ်းမြမြ” ဖြစ်ဖို့” ဆိုတဲ့ စာသားလေး‌တွေနဲ့ တင်ပေးခဲ့ပါတယ် ။ သူVideo လေးကိုကြည့်ပြီး ပြောချင်လွန်းလို့က မိတ်ဆွေတွေလည်း နယ်မြို့လေးတွေကို ပြန်လွမ်းသွားမယ် ထင်ပါတယ် ။ Video လေးအပေါ် မိတ်ဆွေ‌တို့ရဲ့ အမြင်တွေကိုလည်း ပြန်လည်မျှဝေပေးသွားကြပါဦးနော် ။

Top
//nossairt.net/4/3018672