You are here
Home > အနုပညာ > .တိမ်ပင်လယ်ကြီးဆီကို မိသားစုနဲ့အတူ ခရီးထွက်နေတဲ့ အိန္ဒြာကျော်ဇင် ရဲ့ ဗီဒီယို

.တိမ်ပင်လယ်ကြီးဆီကို မိသားစုနဲ့အတူ ခရီးထွက်နေတဲ့ အိန္ဒြာကျော်ဇင် ရဲ့ ဗီဒီယို

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ အလုပ်တွေဆက်တိုက်လုပ် ကားရိုက်တွေ ဆက်တိုက်ရိုက်ခဲ့လို့ မကြာသေးခင်ကပဲ သူမကားတွေရုံပြိုင်တန်းစီတင်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့သူတစ်ဦးပါ။ အခုတော့ သူမက မိသားစုကိုအချိန်ပေးပြီး မိသားစုနဲ့အတူ တိမ်ပင်လယ်ကြီးရှိရာဆီ ခရီးထွက်နေပါတယ်။

ပရိသတ်က အူဝဲလို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ဟာ တောင်ငူသံတောင်ကြီးကို ရောက်ရှိလည်ပတ်နေတာဖြစ်ပြီး သူမတို့တည်းခိုနေတဲ့ ဟိုတယ်ကနေ လှမ်းမြင်နေရတဲ့ တိမ်ပင်လယ်ကြီးကို ပရိသတ်ဆီကို Live လွှင့်ဝေမျှပေးခဲ့တာဖြစ်ပါတယ်။

အူဝဲ live လွှင့်နေတုန်း စိတ်မရှည်တဲ့ ပြေဓီရလေးကလည်း အမေကို နောက်တစ်နေရာထပ်သွားဖို့ အတင်းကို ဆွဲနေသေးတာပါ၊ ပြီးတော့ သူက Chicken ဘယ်မှာလဲလို့လည်း အမေကို မေးလိုက်ပါသေးတယ်။ အူဝဲတို့မိသားစုဟာ မနက် လေးနာရီလောက် နော်ဘူဘောတောင်ပေါ်ကို တက်ခဲ့ကြပြီးဖြစ်တယ်လို့ သိရပြီး ချွေးထွက်နေတဲ့ ပကတိအလှတရားနဲ့ အူဝဲကတော့ အပြစ်ပြောစရာမရှိလောက်အောင်ကို လှနေခဲ့တာပါ။

အူဝဲကတော့ အလုပ်နဲ့ မိသားစုကို မျှတအောင်အချိန်ပေးတတ်သူ တစ်ဦးပါပဲ။ တိမ်ပင်လယ်ကြီးဆီကနေ သူမ live လွှင့်တဲ့ထဲမှာတော့ ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ သမီးအကြီးမလေး သုသုကို မတွေ့ရပါဘူး။ ကဲ ပရိသတ်ကြီးက အူဝဲတို့ရဲ့ မိသားစုပုံလှလှလေးတွေကို ထပ်မျှော်နေပါတယ်တဲ့နော်။ အူဝဲရဲ့ တိမ်ပင်လယ်ကြီးကို ပရိသတ်ကြီးလည်း ခံစားနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Video ကြည့်ရန်

Credit : Cele Star

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Video ကြည့်ရန်

Credit : Cele Star

Top
//intorterraon.com/4/3018672