You are here
Home > အနုပညာ > စာပေဘာသာစုံထူးချွန်ဆုရရှိခဲ့တဲ့ အဆိုတော် မီးမီးခဲရဲ့ သမီးလေး ဘားဘီ

စာပေဘာသာစုံထူးချွန်ဆုရရှိခဲ့တဲ့ အဆိုတော် မီးမီးခဲရဲ့ သမီးလေး ဘားဘီ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အဆိုတော်မီးမီးခဲရဲ့ သမီးကြီး ဘားဘီဟာဆိုရင် ၁၀ နှစ်ဆိုတဲ့ အသက်နဲ့မလိုက်အောင် လူကောင်ထွားသူလေးဖြစ်သလို စာပေအရာမှာလည်း လွန်စွာထူးချွန်သူတစ်ဦးဖြစ်ပါတယ်။

အခုလည်း သူမက သူမတက်ရောက်နေတဲ့ Grade 3 အခန်း A မှာ အားလုံးကိုဖြတ်ကျော်ပြီး စာပေဘာသာစုံထူးချွန်ဆု ဆွတ်ခူးသွားပြန်ပါပြီ။ မေမေမီးမီးခဲကတော့ စာတော်ပြီး အသက်နဲ့မလိုက်အောင် လူကြီးလေးဖြစ်နေတဲ့ သမီးလေး ဘားဘီအတွက် ဂုဏ်ယူမဆုံးဖြစ်နေတာ တွေ့ရပါတယ်။

ဘားဘီလေးဟာ အခုမှ အသက် ၁၀ နှစ် ၃တန်းပဲ ရှိသေးတာဖြစ်ပေမယ့် လူကောင်ကတော့ အမေထက်တောင် အရပ်ရှည်နေပြီး အတန်းထဲကရွယ်တူတွေထက် ခေါင်း ၂ လုံးစာလောက်ကို မြင့်နေတာ ဖြစ်ပါတယ်။

အဆိုတော်မီးမီးခဲဟာ သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကို အလည်ပြန်ရောက်နေချိန်မှာ သမီးကြီးဖြစ်သူ ဘားဘီကို အချိန်ပေးနေတာဖြစ်ပါတယ်။ မီးမီးခဲရဲ့ သမီးကြီးဟာ အရင်အိမ်ထောင်ဟောင်းဖြစ်တဲ့ အဆိုတော်ထူးအယ်လင်းနဲ့ ရရှိခဲ့တာဖြစ်ပြီး နောက်အိမ်ထောင်နဲ့တော့ သမီးလေးတစ်ယောက် သားလေးတစ်ယောက် ထပ်မံရရှိထားတာပါ။

မီးမီးခဲဟာ မကြာသေးမှီရက်ပိုင်းအတွင်းက ကင်ဆာရောဂါကို အလူးအလဲခံစားခဲ့ရသူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဆိုပါရောဂါ ပျောက်ကင်းသလောက်နီးပါး ရှိနေပြီလို့ သိရပါတယ်။ ထွားကျိုင်းလှတဲ့ မီးမီးခဲရဲ့ သမီးလေး ဘားဘီဟာ စာတော်ရုံတင်မကပဲ အဆိုပညာမှာလည်း အမေနီးပါး အသံကောင်းသူလေးတစ်ဦးပဲ ဖြစ်ပါတယ်။ ဘားဘီလေးဆုယူနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။

Credit : (Cele Star)

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အဆိုေတာ္မီးမီးခဲရဲ႕ သမီးႀကီး ဘားဘီဟာဆိုရင္ ၁၀ ႏွစ္ဆိုတဲ့ အသက္နဲ႔မလိုက္ေအာင္ လူေကာင္ထြားသူေလးျဖစ္သလို စာေပအရာမွာလည္း လြန္စြာထူးခြၽန္သူတစ္ဦးျဖစ္ပါတယ္။

အခုလည္း သူမက သူမတက္ေရာက္ေနတဲ့ Grade 3 အခန္း A မွာ အားလုံးကိုျဖတ္ေက်ာ္ၿပီး စာေပဘာသာစုံထူးခြၽန္ဆု ဆြတ္ခူးသြားျပန္ပါၿပီ။ ေမေမမီးမီးခဲကေတာ့ စာေတာ္ၿပီး အသက္နဲ႔မလိုက္ေအာင္ လူႀကီးေလးျဖစ္ေနတဲ့ သမီးေလး ဘားဘီအတြက္ ဂုဏ္ယူမဆုံးျဖစ္ေနတာ ေတြ႕ရပါတယ္။

ဘားဘီေလးဟာ အခုမွ အသက္ ၁၀ ႏွစ္ ၃တန္းပဲ ရွိေသးတာျဖစ္ေပမယ့္ လူေကာင္ကေတာ့ အေမထက္ေတာင္ အရပ္ရွည္ေနၿပီး အတန္းထဲက႐ြယ္တူေတြထက္ ေခါင္း ၂ လုံးစာေလာက္ကို ျမင့္ေနတာ ျဖစ္ပါတယ္။

အဆိုေတာ္မီးမီးခဲဟာ ၾသစေၾတးလ်ႏိုင္ငံမွာ အေျခခ်ေနထိုင္ေနတာျဖစ္ၿပီး ျမန္မာႏိုင္ငံကို အလည္ျပန္ေရာက္ေနခ်ိန္မွာ သမီးႀကီးျဖစ္သူ ဘားဘီကို အခ်ိန္ေပးေနတာျဖစ္ပါတယ္။ မီးမီးခဲရဲ႕ သမီးႀကီးဟာ အရင္အိမ္ေထာင္ေဟာင္းျဖစ္တဲ့ အဆိုေတာ္ထူးအယ္လင္းနဲ႔ ရရွိခဲ့တာျဖစ္ၿပီး ေနာက္အိမ္ေထာင္နဲ႔ေတာ့ သမီးေလးတစ္ေယာက္ သားေလးတစ္ေယာက္ ထပ္မံရရွိထားတာပါ။

မီးမီးခဲဟာ မၾကာေသးမွီရက္ပိုင္းအတြင္းက ကင္ဆာေရာဂါကို အလူးအလဲခံစားခဲ့ရသူတစ္ဦးျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အဆိုပါေရာဂါ ေပ်ာက္ကင္းသေလာက္နီးပါး ရွိေနၿပီလို႔ သိရပါတယ္။ ထြားက်ိဳင္းလွတဲ့ မီးမီးခဲရဲ႕ သမီးေလး ဘားဘီဟာ စာေတာ္႐ုံတင္မကပဲ အဆိုပညာမွာလည္း အေမနီးပါး အသံေကာင္းသူေလးတစ္ဦးပဲ ျဖစ္ပါတယ္။ ဘားဘီေလးဆုယူေနတဲ့ ဗီဒီယိုဖိုင္ေလးကိုလည္း ပရိသတ္ႀကီးအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

Credit : (Cele Star)

Top
//augailou.com/4/3018672