
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
ပရိသတ်ကြီးရေ နိုဝင်ဘာလ(၂၈)ရက်နေ့ကတော့ အမျိုးသားထုကြီးရဲ့ အချစ်တော်မော်ဒယ်မင်းသမီးချောလေး ဘုန်းသီရိကျော်ရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။
ဘုန်းသီရိကျော်လေးဟာ အခုဆိုရင် အသက်(၂၂)နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး သူမရဲ့မွေးနေ့မှာ အောက်ခြေလူတန်းစားတွေဖြစ်တဲ့ အမှိုက်သိမ်းသမားတွေ ကိုလည်းစားစရာတွေလှူဒါန်းခဲ့ပြီး ပန်းရောင်းတဲ့သူတွေဆီကလည်း စံပယ်ပန်းတွေအကုန်ဝယ်ခဲ့တဲ့ကုသိုလ်အလှူလေးကို သူမရဲ့ လူမှုကွန်ရက် My Day မှာ ဝေမျှခဲ့တာပါနော်။
မျက်နှာလေးက လမင်းလေးသဖွယ်ဝိုင်းဝိုင်းပြည်ပြည့်လေးနဲ့ ဇော်ပိုင်ရဲ့ မေသီချင်းလိုပဲ ထူးခြားပြည့်စုံတဲ့အလှအပတွေကိုပိုင်ဆိုင်ထားတဲ့မော်ဒယ် ဘုန်းသီရိကျော်ကတော့ အမျိုးသားပရိသတ်တွေတခဲနက်ဝန်းရံ အားပေးခြင်းခံရတဲ့မင်းသမီးလေးလို့ဆိုရမှာပါ။ ချစ်စရာကောင်းခြင်းတွေစုစည်းထားတဲ့မျက်နှာလေးနဲ့ အပြုံးတွေ ၊စကားပြောဟန်တွေက အမျိုးသားထုကြီးရဲ့ ရင်ကို ဆွဲခါလှုပ်ရမ်းနိုင်သူလေးလို့ ဆိုရမှာပါ။
SAI Cosmetix အလှမယ် ပြိုင်ပွဲကနေ လူသိများလာပြီး အနုပညာအလုပ်တွေကိုလုပ်ကိုင်လာတဲ့ မော်ဒယ်မင်းသမီးတစ်ဦးဆိုလည်းမမှားပါဘူးနော်။လက်ရှိမှာဆိုရင်လည်းဇာတ်လမ်းတိုတွေအပြင် ကြော်ငြာလေးတွေလည်းရိုက်ကူးလာတာကိုတွေ့ရပါတယ်။
မကြာသေးမီကလည်း Cover Song လေး အဖွဲ့လိုက်ဆိုထားတာ ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ရုပ်ချောရုံသာမက အသံကောင်းလွန်းသူလေးလို့ဆိုရမှာပါ။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းပြီးစိတ်ထားလေးဖြူစင်တဲ့ ဘုန်းသီရိကျော်ရဲ့ မွေးနေ့ကုသိုလ် အလှူလေးတွေအတွက် သာဓုခေါ်ခဲ့ပါဦးနော်။Source : Phone Thiri Kyaw