.Red Carpet Show မှာ မြင်သူတိုင်းငေးမောရအောင်လှနေတဲ့ သင်ဇာဝင့်ကျော်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အပြစ်ဆိုစရာမရှိတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိတဲ့ ခန္ဒာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က အနုပညာလောကမှာတော့ စူပါစတားတစ်ယောက်ပါပဲ။ သင်ဇာဝင့်ကျော်က လူလေးလှသလို သူမအလှကို ပေါ်လွင်စေမယ့် ဝတ်စုံဆန်းဆန်းပြားပြားတွေကိုလည်း ဝတ်ဆင်တတ်ပါသေးတယ်။ ပရိသတ်တွေကလည်း သင်ဇာဝင့်ကျော်ရဲ့ သူများနဲ့ မတူတဲ့ အမိုက်စားပုံရိပ်တွေကို စိတ်ဝင်တစား စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။

မနေ့က နိုဝင်ဘာလ (၂၉)ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘သန်းခေါင်ယံ’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ဂုဏ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က Red Carpet Show မှာ သူမရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်ထင်ရှားစေတဲ့ အမိုက်စားဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်ဇာဝင့်ကျော်က မကြာသေးခင်က ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်တဲ့ ‘မြ’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာလည်း အခြားသော အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေလျက်ရှိပါတယ်၊

သင်ဇာဝင့်ကျော်ကတော့ ဘယ်ပွဲတက်တက် ပရိသတ်ကို ရင်သပ်ရှုမော ဖြစ်စေတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ အမိုက်စား ပွဲတက်ပုံရိပ်တွေကို ကြည့်ပြီး ကျေနပ်ကြမယ် ထင်ပါတယ်။

Rowena
Source: Thin Zar Wint Kyaw’s fb
Photo: Amazing Grace

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အျပစ္ဆိုစရာမရွိတဲ့ မ်က္ႏွာေလးနဲ႔ စြဲေဆာင္မႈရွိတဲ့ ခႏၵာကိုယ္ေလးကို ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာေလး သင္ဇာဝင့္ေက်ာ္က အႏုပညာေလာကမွာေတာ့ စူပါစတားတစ္ေယာက္ပါပဲ။ သင္ဇာဝင့္ေက်ာ္က လူေလးလွသလို သူမအလွကို ေပၚလြင္ေစမယ့္ ဝတ္စုံဆန္းဆန္းျပားျပားေတြကိုလည္း ဝတ္ဆင္တတ္ပါေသးတယ္။ ပရိသတ္ေတြကလည္း သင္ဇာဝင့္ေက်ာ္ရဲ႕ သူမ်ားနဲ႔ မတူတဲ့ အမိုက္စားပုံရိပ္ေတြကို စိတ္ဝင္တစား ေစာင့္ၾကည့္ၾကတာ ျဖစ္ပါတယ္။

မေန႔က ႏိုဝင္ဘာလ (၂၉)ရက္ေန႔မွာေတာ့ သင္ဇာဝင့္ေက်ာ္က သူမပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ‘သန္းေခါင္ယံ’ ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ Red Carpet Show ကို တက္ေရာက္ဂုဏ္ျပဳေပးခဲ့တာပဲ ျဖစ္ပါတယ္။

သင္ဇာဝင့္ေက်ာ္က Red Carpet Show မွာ သူမရဲ႕ ခႏၶာကိုယ္အလွကို ေပၚလြင္ထင္ရွားေစတဲ့ အမိုက္စားဝတ္စုံေလးနဲ႔ ပြဲတက္ခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ သင္ဇာဝင့္ေက်ာ္ရဲ႕ ပြဲတက္ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

သင္ဇာဝင့္ေက်ာ္က မၾကာေသးခင္က ဒါ႐ိုက္တာ ညိဳမင္းလြင္ ႐ိုက္ကူးပုံေဖာ္တဲ့ ‘ျမ’ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး လက္ရွိမွာလည္း အျခားေသာ အႏုပညာလႈပ္ရွားမႈေတြကို ဆက္တိုက္လုပ္ကိုင္ေနလ်က္ရွိပါတယ္၊

သင္ဇာဝင့္ေက်ာ္ကေတာ့ ဘယ္ပြဲတက္တက္ ပရိသတ္ကို ရင္သပ္ရႈေမာ ျဖစ္ေစတာပဲေနာ္။ ပရိသတ္ႀကီးလည္း သင္ဇာဝင့္ေက်ာ္ရဲ႕ အမိုက္စား ပြဲတက္ပုံရိပ္ေတြကို ၾကည့္ၿပီး ေက်နပ္ၾကမယ္ ထင္ပါတယ္။

Rowena
Source: Thin Zar Wint Kyaw’s fb
Photo: Amazing Grace