.လတ်တလောဖြစ်သွားတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး စိတ်ရင်းနဲ့ ပြန်တောင်းပန်လိုက်တဲ့ ဖြိုးမြတ်အောင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ရိုးရှင်းတဲ့ စိတ်ထားနဲ့ ထူးခြားတဲ့အသံတို့ကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ကတော့ ဘာသာရေးကိုင်းရှိုင်းလွန်းသူ တစ်ဉီးပါ။ လတ်တလောမှာတော့ ဖြိုးမြတ်အောင်က Myanmar Idol Season 4 ပြိုင်ပွဲကြီးကိုကြည့်ဖို့ ဝင်ခွင့်မရလို့ စိတ်မကောင်းဖြစ်လွန်းစွာ ရင်ဖွင့်ခဲ့တာတွေအတွက် တောင်းပန်တဲ့အကြောင်း လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ ဖြိုးမြတ်အောင်ကတော့ ဖြစ်ခဲ့တဲ့အကြောင်းတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်တဲ့အကြောင်း သေသေချာချာလေးကို ပြောထားတာပါ။

ချစ်ပရိသတ်တွေအတွက် လတ်တလောဖြစ်သွားတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး စိတ်ရင်းနဲ့ အားလုံးကို ပြန်တောင်းပန်လိုက်တဲ့ ဖြိုးမြတ်အောင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖြိုးမြတ်အောင်ကတော့ “ယခုလက်တလော ဖြစ်သွားတဲ့ ပြသနာနဲ့ ပက်သက်ပြီး ကျွန်တော့် ဘက်က နား လည်မှု့ လွဲသွားခဲ့တာနားလည် ပေး စေလိုပါတယ် ကျွန်တော် ဘဝင်မြင့်တဲ့ကောင်မဟုတ်သလို အောက်ခြေ လွတ်တဲ့ ကောင်လည်းမဟုတ်ပါဘူး ကျွန်တော့် ကြောင့် ထိ ခိုက်နစ်နာသွားရင်တောင်းပန်ပါတယ် ******ကျွန်တော့်ကို ချစ် တဲ့ မိသားစုတွေ အါးလုံးလည်း ဘာမှ မရေး ကြပါရန် အထူး တောင်းပန်ပါတယ် ဗျာ *******Ps.အပေါ်ယံ တောင်းပန်ခြင်း မဟုတ်ပဲ တစ်ကယ့်စိတ်ရင်း ဖြင့်သာ တောင်းပန်ခြင်းဖြစ်ပါတယ် အားလုံးကို ကျွန်တော်က ပဲ တောင်းပန်ပါတယ် ဗျာ ကျွန်တော်တို့ရိုးရိုးလေးပဲ တွေး ကြရအောင်” ဆိုပြီး စိတ်ရင်းနဲ့ တောင်းပန်ထားတာပါ။

ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ သူချစ်ရတဲ့သီချင်းတွေကို ခံစားချက်အပြည့်နဲ့ အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အားပေးရကျိုးနပ်အောင် စိတ်ထား အရမ်းကောင်းလွန်းတဲ့ ဖြိုးမြတ်အောင်ကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Phyo Myat Aung’s Facebook

Zawgyi ဖြင့်ဖတ်ပါ
★★★★★





Myint Myat