You are here
Home > Health > ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်း

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်း

ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်မည်။

မိတ္ထိလာမြို့မှ အဘိုးကြီးတဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာလူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့နို့ဆီဘူး တလုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့်နေ့စဉ်စားနေခဲ့သည်။

စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊ ထို့ကြောင့် အားတက်၍ နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃- လကြာလျင် လုံး၀ ပျောက်ကင်းသွားပုံလက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏ တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားသည်။

စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံအလုံးလိုက် ရေနှင့်နပ်အောင် ပြုတ်ပြီးဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။

နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄-လ ကြာလျင် ပန်းနာရင်ကြပ် လုံးဝပျောက်ကင်း၏ ဟု မှတ်ပါ၊ အခြား ဘာစားဆေးမှ ထိုးရန်စားရန် မလိုကြောင်း သိရသည်။

“နောက်တနည်း နတ်ဆေးဂမုန်း”

လက်တွေ့ဆေးကောင်းတစ်ခုကို ပြောဦးမည်၊ နတ်ဆေးဂမုန်းစား၍ တသက်လုံး စိတ်ချရအောင် ပျောက်ကင်းသွားသူတွေလဲ ရှိကြ၏၊

နတ်ဆေးဂမုန်းကို အမှုန့်ထောင်းပြီး ပျားရည်တပုလင်းလျင် ဆေးမှုန့် ၂ ကျပ်သားနှင့် ရောစပ်မွှေကာ နေဖြင့်၃ ရက်လှန်းပါ၊။

ထောပတ် ၂၀ ကျပ်သား ရောထည့်ပြီး နာနာမွှေကာ ၄ ရက်ဆက်လှန်းပါ၊။

ပေါင်း ၇ ရက်လွန်ပြီးလျင် ဟင်းစားဇွန်းနှင့် နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ် စား၍ ရေနွေး အဖန်ရည်ေ သာက်ပေးပါ၊

ပန်းနာရင်ကျပ်ရောဂါပျောက်၏၊ ဒူလာ မီးယပ်ရောဂါပါ ပျောက်ကင်း၏၊ ညောင်းညာကိုက်ခဲခြင်း မရှိတော့ပဲ လူခန္ဓာကိုယ်ပါ ဝဖြိုးစိုပြည်လာသည်ကို တွေ့ရပါလိမ့်မည်၊

ကျေးဇူးတော်ရှင် တောင်တန်းနယ်ခြား သာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ကိုယ်တွေ့မှတ်တမ်းများ … … …

ခရက်ဒစ် ချို သွယ် ဦး

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပန္းနာရင္က်ပ္ ေရာဂါရွိသူမ်ားအတြက္ တစ္သက္လုံးေပ်ာက္ကင္းေစေသာ ေဆးနည္း

ပန္းနာရင္က်ပ္ ေရာဂါရွိသူမ်ားအတြက္ တစ္သက္လုံးေပ်ာက္ကင္းေစေသာ ေဆးနည္းေကာင္းေပးလိုက္မည္။

မိတၳိလာၿမိဳ႕မွ အဘိုးႀကီးတဦး ႏွစ္ႏွစ္ၾကာၾကာ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္ေနခဲ့ရာလူေျပာမ်ား၍ ပဲစဥ္းငုံ အလုံးလိုက္ တစ္ေန႔ႏို႔ဆီဘူး တလုံးက် ျပဳတ္၍ ဆားခတ္ၿပီး အစမ္းသေဘာျဖင့္ေန႔စဥ္စားေနခဲ့သည္။

စားေနရင္း ေနရထိုင္ရတာ သက္သာလာပုံ ခံစားရသည္ ဆို၏၊ ထို႔ေၾကာင့္ အားတက္၍ ေန႔စဥ္ပုံမွန္ ဆက္စားေနခဲ့ရာ ၃- လၾကာလ်င္ လုံး၀ ေပ်ာက္ကင္းသြားပုံလက္ေတြ႕ျဖစ္ေၾကာင္း ေရာဂါေပ်ာက္သူ၏ တူ ေက်ာင္းဆရာႀကီး ဦးတင္ဝင္းက ေလ်ာက္ထားသည္။

စားသုံးနည္းမွာ လြယ္ပါ၏၊ ပဲစဥ္းငုံအလုံးလိုက္ ေရႏွင့္နပ္ေအာင္ ျပဳတ္ၿပီးဆားခပ္၍ ပဲလုံးဟင္းကဲ့သို႔ အေရအဖတ္ စားျခင္းျဖစ္သည္။

ေန႔စဥ္ ႏို႔ဆီဗူး တစ္လုံးက်စားေနပါ၊ ၄-လ ၾကာလ်င္ ပန္းနာရင္ၾကပ္ လုံးဝေပ်ာက္ကင္း၏ ဟု မွတ္ပါ၊ အျခား ဘာစားေဆးမွ ထိုးရန္စားရန္ မလိုေၾကာင္း သိရသည္။

“ေနာက္တနည္း နတ္ေဆးဂမုန္း”

လက္ေတြ႕ေဆးေကာင္းတစ္ခုကို ေျပာဦးမည္၊ နတ္ေဆးဂမုန္းစား၍ တသက္လုံး စိတ္ခ်ရေအာင္ ေပ်ာက္ကင္းသြားသူေတြလဲ ရွိၾက၏၊

နတ္ေဆးဂမုန္းကို အမႈန႔္ေထာင္းၿပီး ပ်ားရည္တပုလင္းလ်င္ ေဆးမႈန႔္ ၂ က်ပ္သားႏွင့္ ေရာစပ္ေမႊကာ ေနျဖင့္၃ ရက္လွန္းပါ၊။

ေထာပတ္ ၂၀ က်ပ္သား ေရာထည့္ၿပီး နာနာေမႊကာ ၄ ရက္ဆက္လွန္းပါ၊။

ေပါင္း ၇ ရက္လြန္ၿပီးလ်င္ ဟင္းစားဇြန္းႏွင့္ နံနက္-ည တစ္ဇြန္းက် တေန႔ ႏွစ္ႀကိမ္ စား၍ ေရေႏြး အဖန္ရည္ေ သာက္ေပးပါ၊

ပန္းနာရင္က်ပ္ေရာဂါေပ်ာက္၏၊ ဒူလာ မီးယပ္ေရာဂါပါ ေပ်ာက္ကင္း၏၊ ေညာင္းညာကိုက္ခဲျခင္း မရွိေတာ့ပဲ လူခႏၶာကိုယ္ပါ ဝၿဖိဳးစိုျပည္လာသည္ကို ေတြ႕ရပါလိမ့္မည္၊

ေက်းဇူးေတာ္ရွင္ ေတာင္တန္းနယ္ျခား သာသနာျပဳ ဆရာေတာ္ႀကီး ဦးဥတၱမသာရ၏ကိုယ္ေတြ႕မွတ္တမ္းမ်ား … … …

ခရက္ဒစ္ ခ်ိဳ သြယ္ ဦး

Top
//grunoaph.net/4/3018672