
ေဇာ္ဂ်ီ / ယူနီကုဒ္္
Unicode ဖြင့်ဖတ်ပါ
★★★★★
“ခြေဖဝါးကို ဆား နဲ့ ပွတ်ယင် အာရုံကြောတွေ ပွင့်ပါတယ်။ ကိုယ်တွေ့ပါ”
၂၀၀၂ လောက်က ကျွန်တော် အရက်သောက်ယင်း အမူးလွန်ပြီး သတိလစ်၊ ပါးစပ်ထဲ အစာတွေပြည့်ပြီး အသက်ရူမရ ဖြစ်လို့ မျက်ဖြူလန်ပြီး သေမလိုဖြစ်ဖူးပါတယ်။ သူငယ်ချင်းတွေက ခြေဖဝါးကို ဆားနဲ့ပွတ်ပေးလို့ ပါးစပ်ထဲက အစာတွေ အလိုလို အန်ထွက်ပြီး အသက်သေဆုံးမယ့် ဘေးမှ လွတ်ကင်းခဲ့ပါတယ်။
ကျွန်တော့် အသက်ကို စုပေါင်းကယ်တင်ပေးသော သူငယ်ချင်းအားလုံးကို အမြဲကျေးဇူးတင်ပြီး မကြာခဏ (အရက်/ဘီယာ သောက်တိုင်း) သတိတရ ဖြစ်မိပါတယ် ။
ကိုထွန်း
အိမ်သုံးဆားရဲ့ တခြားအသုံးဝင်ပုံ (၇) မျိုး
အိမ်မှာ ရှိတဲ့အိမ်သုံးဆားဆိုတာ ဟင်းချက်တဲ့နေရာ၊ အစားအသောက်ပြင်ဆင်တဲ့နေရာမှာပဲ အသုံးဝင်တယ်ထင်နေလား။ တကယ်တမ်း သူ့ရဲ့အသုံးဝင်တဲ့နေရာတွေအများကြီးရှိပါတယ်။ တချို့ကို သိပြီးသားဖြစ်ရင်ဖြစ်မှာပေမယ့် သိပ်မသိသေးတဲ့အသုံးဝင်ပုံတွေကို ပြောပြချင်ပါသေးတယ်နော်.. ဘာတွေအသုံးဝင်လဲ ဆိုတော့…
(၁) ကော်ဖီကို အခါးလျော့အောင် လုပ်လို့ရတယ်
ကော်ဖီကို သိပ်မပြင်းတဲ့ ခါးဆိမ့်ဆိမ့်လေးဖြစ်ဖို့ဆိုရင် ဆားလေးတစ်ပွင့်နှစ်ပွင့်လောက်ထည့်လိုက်ပါ။ လက်လွန်ရင်တော့ အရသာပျက်နိုင်ပါတယ်နော်။ ဆားမှာ ကော်ဖီရဲ့အခါးဓာတ်ကို ပြယ်စေနိုင်တဲ့ ဆိုဒီယမ်အိုင်းရွန်းတွေပါဝင်တယ်လို့ သုတေသနက တွေ့ရှိထားပါတယ်။
(၂) ရေခဲသေတ္တာသန့်ရှင်းရေး လုပ်လို့ရတယ်
ရေခဲသေတ္တာကို သုံးလတစ်ကြိမ် သို့မဟုတ် ခြောက်လတစ်ကြိမ်တော့ အနံ့အသက်ကင်းအောင်၊ သန့်ရှင်းသပ်ရပ်အောင် လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် ဆပ်ပြာနဲ့တိုက်ဆေးချလို့မဖြစ်တာကြောင့် ကပ်ငြိနေတဲ့ အစွန်းအထင်းတွေနဲ့ အနံ့ဆိုးတွေပျောက်အောင် ရေနွေးနွေးနဲ့ဖျော်ထားတဲ့ ဆားရည်ကိုသုံးပြီး လိုတဲ့နေရာ ပွတ်တိုက်ပေးပါ။
(၃) ပန်းကန်ဆေး ရေမြှုပ်ကို သန့်စင်လို့ရတယ်
အဆီနဲ့အညစ်အကြေးတွေအမြဲ ထိတွေ့နေရတဲ့ ရေမြှုပ်လေးတွေကို တစ်ခါသုံးလို အမြဲစွန့်ပစ်လို့တော့ ဘယ်တွက်ခြေကိုက်ပါ့မလဲ။ အကြာကြီးမဟုတ်ပေမယ့် သုံးလို့ရသလောက်တော့ ပြန်သန့်စင်ပြီး သုံးဖို့၊ တာရှည်အသုံးခံဖို့အတွက် ဆားက အသုံးဝင်ပါတယ်။ ရေမြှုပ်တွေကို ဆားရည်ကျဲကျဲထဲ တစ်ညလောက်စိမ်ထားလိုက်ရုံပါပဲ။
(၄) မီးပူမှာ ကပ်နေသမျှ ဖယ်ရှားလို့ရတယ်
မီးပူမှာ ကပ်နေတဲ့အရာတွေကြောင့် အဝတ်အစားတွေမှာ စွန်းပေကုန်တာ၊ တိုက်လို့တွန့်ကြေကုန်တာ၊ ကပ်စေးကပ်စေးဖြစ်ကုန်တာ၊ မီးကျွမ်းတာတွေဖြစ်လာရင် စိတ်ညစ်ဖို့ကောင်းတယ်မလား။ ပွတ်တိုက်လို့လည်းမရ၊ ဆေးချလည်းမရနဲ့ သန့်စင်ဖို့မလွယ်ကူပါဘူး။ မီးပူကို အပူပြင်းပြင်းတင်ထားပါ၊ သတင်းစာစက္ကူပေါ်ဆားနည်းနည်းဖြူးထားပြီး အပေါ်ကနေ မီးပူတိုက်လိုက်ပါ။
(၅) ဖိနပ်အနံ့ပျောက်အောင် လုပ်လို့ရတယ်
ဆားမှာ အနံ့ဆိုးပျောက်စေနိုင်တဲ့အာနိသင်ရှိတာမို့ ဖိနပ်တွေကို အနံ့မနံအောင် လုပ်လို့ရပါတယ်။ အိမ်က ရှူးဖိနပ်တွေထဲကို ညဘက် ဆားလေးတစ်မှုန့်နှစ်မှုန့်လောက် ဖြူးလိုက်ပါ။ မနက်ကျ ဘရက်ရှ်နဲ့ ပွတ်ခါလိုက်ပါ။ ဘာနံ့မှမနံစေရဘူး။
(၆) ပါးစပ်အနာ သက်သာစေတယ်
ဆားရည်နဲ့ပလုတ်ကျင်းတာ၊ ပါးစပ်ကိုဆေးတာ လုပ်ပေးရင် အနာသက်သာပြီး မြန်မြန်အနာကျက်စေနိုင်ပါတယ်။ ရေတစ်ခွက်ထဲ ဆားတစ်ဇွန်းထည့်ရင် ရပါပြီ။
(၇) လည်ချောင်းနာသက်သာစေတယ်
ဆားရည်နွေးနွေးနဲ့ပလုတ်ကျင်းတာက လည်ချောင်းနာတာ၊ လည်ချောင်းယားတာတွေ အကုန်သက်သာပြီး နေလို့ကောင်းစေပါတယ်။
Zawgyi ျဖင့္ဖတ္ပါ
★★★★★
“ေျခဖဝါးကို ဆား နဲ႔ ပြတ္ယင္ အာ႐ုံေၾကာေတြ ပြင့္ပါတယ္။ ကိုယ္ေတြ႕ပါ”
၂၀၀၂ ေလာက္က ကြၽန္ေတာ္ အရက္ေသာက္ယင္း အမူးလြန္ၿပီး သတိလစ္၊ ပါးစပ္ထဲ အစာေတြျပည့္ၿပီး အသက္႐ူမရ ျဖစ္လို႔ မ်က္ျဖဴလန္ၿပီး ေသမလိုျဖစ္ဖူးပါတယ္။ သူငယ္ခ်င္းေတြက ေျခဖဝါးကို ဆားနဲ႔ပြတ္ေပးလို႔ ပါးစပ္ထဲက အစာေတြ အလိုလို အန္ထြက္ၿပီး အသက္ေသဆုံးမယ့္ ေဘးမွ လြတ္ကင္းခဲ့ပါတယ္။
ကြၽန္ေတာ့္ အသက္ကို စုေပါင္းကယ္တင္ေပးေသာ သူငယ္ခ်င္းအားလုံးကို အၿမဲေက်းဇူးတင္ၿပီး မၾကာခဏ (အရက္/ဘီယာ ေသာက္တိုင္း) သတိတရ ျဖစ္မိပါတယ္ ။
ကိုထြန္း
အိမ္သုံးဆားရဲ႕ တျခားအသုံးဝင္ပုံ (၇) မ်ိဳး
အိမ္မွာ ရွိတဲ့အိမ္သုံးဆားဆိုတာ ဟင္းခ်က္တဲ့ေနရာ၊ အစားအေသာက္ျပင္ဆင္တဲ့ေနရာမွာပဲ အသုံးဝင္တယ္ထင္ေနလား။ တကယ္တမ္း သူ႔ရဲ႕အသုံးဝင္တဲ့ေနရာေတြအမ်ားႀကီးရွိပါတယ္။ တခ်ိဳ႕ကို သိၿပီးသားျဖစ္ရင္ျဖစ္မွာေပမယ့္ သိပ္မသိေသးတဲ့အသုံးဝင္ပုံေတြကို ေျပာျပခ်င္ပါေသးတယ္ေနာ္.. ဘာေတြအသုံးဝင္လဲ ဆိုေတာ့…
(၁) ေကာ္ဖီကို အခါးေလ်ာ့ေအာင္ လုပ္လို႔ရတယ္
ေကာ္ဖီကို သိပ္မျပင္းတဲ့ ခါးဆိမ့္ဆိမ့္ေလးျဖစ္ဖို႔ဆိုရင္ ဆားေလးတစ္ပြင့္ႏွစ္ပြင့္ေလာက္ထည့္လိုက္ပါ။ လက္လြန္ရင္ေတာ့ အရသာပ်က္ႏိုင္ပါတယ္ေနာ္။ ဆားမွာ ေကာ္ဖီရဲ႕အခါးဓာတ္ကို ျပယ္ေစႏိုင္တဲ့ ဆိုဒီယမ္အိုင္း႐ြန္းေတြပါဝင္တယ္လို႔ သုေတသနက ေတြ႕ရွိထားပါတယ္။
(၂) ေရခဲေသတၱာသန႔္ရွင္းေရး လုပ္လို႔ရတယ္
ေရခဲေသတၱာကို သုံးလတစ္ႀကိမ္ သို႔မဟုတ္ ေျခာက္လတစ္ႀကိမ္ေတာ့ အနံ႔အသက္ကင္းေအာင္၊ သန႔္ရွင္းသပ္ရပ္ေအာင္ လုပ္ေပးသင့္ပါတယ္။ ဒါေပမယ့္ ဆပ္ျပာနဲ႔တိုက္ေဆးခ်လို႔မျဖစ္တာေၾကာင့္ ကပ္ၿငိေနတဲ့ အစြန္းအထင္းေတြနဲ႔ အနံ႔ဆိုးေတြေပ်ာက္ေအာင္ ေရေႏြးေႏြးနဲ႔ေဖ်ာ္ထားတဲ့ ဆားရည္ကိုသုံးၿပီး လိုတဲ့ေနရာ ပြတ္တိုက္ေပးပါ။
(၃) ပန္းကန္ေဆး ေရျမႇဳပ္ကို သန႔္စင္လို႔ရတယ္
အဆီနဲ႔အညစ္အေၾကးေတြအၿမဲ ထိေတြ႕ေနရတဲ့ ေရျမႇဳပ္ေလးေတြကို တစ္ခါသုံးလို အၿမဲစြန႔္ပစ္လို႔ေတာ့ ဘယ္တြက္ေျခကိုက္ပါ့မလဲ။ အၾကာႀကီးမဟုတ္ေပမယ့္ သုံးလို႔ရသေလာက္ေတာ့ ျပန္သန႔္စင္ၿပီး သုံးဖို႔၊ တာရွည္အသုံးခံဖို႔အတြက္ ဆားက အသုံးဝင္ပါတယ္။ ေရျမႇဳပ္ေတြကို ဆားရည္က်ဲက်ဲထဲ တစ္ညေလာက္စိမ္ထားလိုက္႐ုံပါပဲ။
(၄) မီးပူမွာ ကပ္ေနသမွ် ဖယ္ရွားလို႔ရတယ္
မီးပူမွာ ကပ္ေနတဲ့အရာေတြေၾကာင့္ အဝတ္အစားေတြမွာ စြန္းေပကုန္တာ၊ တိုက္လို႔တြန႔္ေၾကကုန္တာ၊ ကပ္ေစးကပ္ေစးျဖစ္ကုန္တာ၊ မီးကြၽမ္းတာေတြျဖစ္လာရင္ စိတ္ညစ္ဖို႔ေကာင္းတယ္မလား။ ပြတ္တိုက္လို႔လည္းမရ၊ ေဆးခ်လည္းမရနဲ႔ သန႔္စင္ဖို႔မလြယ္ကူပါဘူး။ မီးပူကို အပူျပင္းျပင္းတင္ထားပါ၊ သတင္းစာစကၠဴေပၚဆားနည္းနည္းျဖဴးထားၿပီး အေပၚကေန မီးပူတိုက္လိုက္ပါ။
(၅) ဖိနပ္အနံ႔ေပ်ာက္ေအာင္ လုပ္လို႔ရတယ္
ဆားမွာ အနံ႔ဆိုးေပ်ာက္ေစႏိုင္တဲ့အာနိသင္ရွိတာမို႔ ဖိနပ္ေတြကို အနံ႔မနံေအာင္ လုပ္လို႔ရပါတယ္။ အိမ္က ရႉးဖိနပ္ေတြထဲကို ညဘက္ ဆားေလးတစ္မႈန႔္ႏွစ္မႈန႔္ေလာက္ ျဖဴးလိုက္ပါ။ မနက္က် ဘရက္ရွ္နဲ႔ ပြတ္ခါလိုက္ပါ။ ဘာနံ႔မွမနံေစရဘူး။
(၆) ပါးစပ္အနာ သက္သာေစတယ္
ဆားရည္နဲ႔ပလုတ္က်င္းတာ၊ ပါးစပ္ကိုေဆးတာ လုပ္ေပးရင္ အနာသက္သာၿပီး ျမန္ျမန္အနာက်က္ေစႏိုင္ပါတယ္။ ေရတစ္ခြက္ထဲ ဆားတစ္ဇြန္းထည့္ရင္ ရပါၿပီ။
(၇) လည္ေခ်ာင္းနာသက္သာေစတယ္
ဆားရည္ေႏြးေႏြးနဲ႔ပလုတ္က်င္းတာက လည္ေခ်ာင္းနာတာ၊ လည္ေခ်ာင္းယားတာေတြ အကုန္သက္သာၿပီး ေနလို႔ေကာင္းေစပါတယ္။