
Zawgyi ဖြင့်ဖတ်၇န်
★★★
★★★★★★★
★★★★★★★★★★
★★★
★★★★★★★
★★★★★★★★★★
Credit: Original
Unicodeဖြင့်ဖတ်ရန်
ဒီရောဂါ ခံစားသူအချို့က တခြားကုထုံး တွေအကြောင်း ဖတ်ဖူးထားတာမျိုး ရှိနိုင်ပေမယ့် ဒီခရမ်းချဉ်သီး ကုသနည်းလေးကိုတော့ သိချင်မှ သိကြပါလိမ့်မယ်။
ခရမ်းချဉ်သီးမှ ရတဲ့ အကျိုးကျေးဇူးတွေအကြောင်း သိထားကြပေမယ့် သွေးကြောထုံးခြင်းကို ကုသပေးနိုင်တယ်ဆိုတာကိုတော့ သိရှိသူ အနည်းအကျဉ်း သာရှိပါတယ်။
ဒီနေရာမှာ ခရမ်းချဉ်သီးမှည့်နဲ့ ခရမ်းချဉ်သီးစိမ်းသုံး နည်း (၂) နည်း တွေ့ရမှာဖြစ်ပါတယ်။
ခရမ်းချဉ်သီးစိမ်း ကုသနည်း
ခရမ်းချဉ်သီးစိမ်း အနည်းငယ်ကို ရေဆေးပြီး အကွင်းလိုက်ဖြစ်အောင် လှီးပါ။
အကွင်းလိုက် လှီးထားတဲ့ ခရမ်းချဉ်သီးစိမ်းတွေကို သွေးကြောထုံးတဲ့နေရာ တစ်နည်းအားဖြင့် သွေးကြောတွေပေါင်ဆုံရာ နေရာမှာ တင်ပေးရပါမယ်။
ပတ်တီးနဲ့ ပတ်စီးပေးနိုင်ပါတယ်။ အရေပြားပေါ် စပ်ဖျဉ်းဖျဉ်း ခံစားတဲ့အထိ ထားပေးရမှာဖြစ်ပါတယ်။
မခံမရပ်နိုင်ဖြစ်လာရင် ဖယ်ထုတ် သို့မဟုတ် ကျွမ်းလာသလို ခံစားရသည်အထိ ထားပါ။
အဲ့ဒီနေရာကို ရေအေးနဲ့ ဆေးပြီး တစ်နေ့ (၅) ကြိမ်လုပ်ပေးပါ။ တစ်ဆက်တည်း လုပ်ပေးရပါမယ်။
၂ ပတ်အကြာမှာ အကျိုးသက်ရောက်မှုတွေ စတင် သတိထားမိလာပါလိမ့်မယ်။
အကိုက်အခဲနဲ့ ရောင်ရမ်းမှုနဲ့အတူ သွေးကြောအဖုအဖုတွေ ပျောက်ကွယ်သွားပါလိမ့်မယ်။
ခရမ်းချဉ်သီးမှည့် ကုသနည်း
အထက်ပါ အတိုင်းပဲ ခရမ်းချဉ်သီးကို ရေဆေး၊ အကွင်းလိုက် လှီးပြီးနောက် သွေးကြောပေါ် တင်ပါ။
ပတ်တီးနဲ့ ထိန်းပြီး ၃ နာမှ ၄နာရီကြာ ထားပေးပါ။ သို့ပေမယ့် ခရမ်းချဉ်သီးတွေကို မကြာမကြာ လဲပေးရမယ်။
ညနေခင်းတိုင်း လုပ်ပေးရပါမယ်။ ခရမ်းချဉ်သီးစိမ်းနည်းနဲ့ ပေါင်းလုပ်ရင် ပိုတောင်ကောင်းပါသေးတယ်။
Credit: Original