.ချောက်မြို့ မဟာအေးစေတီ ဘုရားပွဲတော်ကြီးတွင် ပွဲကဖို့ပျက်ကွက်ခဲ့တာကြောင့် ပြသနာတက်နေပြန်တဲ့ စွမ်းဇာနည်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

သတိပေးကြေညာခြင်း
၂၀၁၉ ခုနှစ် နိုဝင်ဘာလ(၃၀)ရက် စနေနေ့
(1)ဦးလှိုင်ဝင်း (ဇာတ်ပွဲမန်နေဂျာ)
(2)ဦးအောင်မျိုးဦး(မင်းသားဦးလေးတော်စပ်သူ)
(ဇာတ်ပွဲမန်နေဂျာ)

ဆန်းသစ်တည်ထွင် စွမ်းသဘင်
စွမ်းဇာနည်ကတဲ့ဇာတ်ပွဲ
အထက်အမည်ပါဇာတ်ပွဲမန်နေဂျာများသိရှိစေရန်
သတိပေးကြေညာအပ်ပါသည်

နှစ်စဉ်ကျင်းပမြဲဖြစ်သော မကွေးတိုင်းဒေသကြီး
ချောက်မြို့မဟာအေးစေတီ ဘုရားပွဲတော်ကြီးတွင်

၁၃၈၁ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော်(၆/၇/၈)
(၃)ညတိုင်တိုင် စွမ်းဇာနည်ဇာတ်ပွဲကပြရန်အတွက်28/8/2019နေ့
တွင်ဇာတ်ပွဲမန်နေဂျာဦးလှိုင်ဝင်း နှင့်ဇာတ်ပွဲဌားရမ်ခြင်း
စရံပေးကတိစာချုပ် ချုပ်ဆို၍ ပထမအကြိမ်စရံငွေ
(သိန်း ၃၀)ကျပ်အားလည်းကောင်း

10/9/2019နေ့တွင်မင်းသားဦးလေးတော်စပ်သူ
ဇာတ်ပွဲမန်နေဂျာဦးအောင်မျိုးဦး ထံသို့ ချောက်မြို့
ကမ္ဘောဇဘဏ်မှ ရွှေဘိုမြို့ ကမ္ဘောဇဘဏ်သို့ ဒုတိယ
အကြိမ်စရံငွေ(သိန်း၂၀)ကျပ်အား ငွေလွှဲဖြင့်လည်းကောင်း စုစုပေါင်းစရံငွေ(၅၀သိန်း)ကျပ်တိတိကို

စွမ်းဇာနည်ဇာတ်ပွဲကပြရန်ပေးချေခဲ့ရာသင်တို့ကိုယ်
တိုင်လက်ခံစစ်ဆေးရေတွက်ရယူခဲ့ပြီးဖြစ်ပါသည်။

စွမ်းဇာနည်ဇာတ်ပွဲသည်စရံငွေအားလက်ခံရယူခဲ့သော်
လည်းဘုရားပွဲတော်ကြီးစာချုပ်ရက်တွင် လာရောက်
ကပြခဲ့ခြင်းမရှိသဖြင့် အခြားဇာတ်ပွဲအား အဆိုတော်များ

သရုပ်ဆောင်များဌားရမ်းအစားထိုးထည့်သွင်းကပြခဲ့ရ
သည့်အပြင် စွမ်းဇာနည်ကြိုတင်ဖျာရောင်းချထားမှုအား
အများကြေနပ်မှုရှိစေရန်ပြန်လှယ်ဖြေရှင်းခဲ့ရမှုအား
သင်တို့ ကြားသိပြီးဖြစ်မည်ဖြစ်ပါသည်။

သို့အတွက် ကျွနှ်ပ်တို့တွင် ဇာတ်ရုံ ကြော်ငြာ ဗွီနှိုင်း နှင့်
နစ်နာမှုများစွာအတွက် မန္တလေးမြို့နေဇာတ်ပွဲမန်နေဂျာ
ဦးလှိုင်ဝင်းနေအိမ်တွင်ညှိုနှိုင်းမှုအရ သင်တို့ကိုယ်တိုင်
နစ်နာကြေး(သိန်း၁၂၀)ကျပ် ပေးလျှော်မည်ဖြစ်

ကြောင်းစိတ်ကြေနပ်ကြည်ဖြူလွတ်လပ်စွာကတိပြု
ခဲ့ပြီးဖြစ်ပါသည်။

ကတိပြုပြီးဖြစ်သော်လည်း သင်တို့အနေဖြင့် ပေးလျှော်
မည့်နေ့ရက်အား အကြောင်းအမျိုးမျိုးပြ လှီးလွှဲပြောဆို
ရှောင်တိမ်းနေသဖြင့် သင်တု့ိကိုယ်တိုင် ကျွနှ်ပ်ထံသို့
(5/12/2019) နေ့ နောက်ဆုံးထား၍ သဘောတူ

ကြေနပ်ထားသည့် နစ်နာကြေးငွေ(သိန်း ၁၂၀)ကျပ်
တိတိအားတစ်လုံးတစ်ခဲတည်း မပျက်မကွက်
လာရောက်ပေးလျှော်ရန်အသိပေးကြေညာ တောင်း
ဆိုလိုက်ပါသည်။

ထပ်ဆင့်သိရှိစေလိုသည်မှာ
(5/12/2019) သတ်မှတ်ရက်ကျော်လွန်ပါက
တရားဥပဒေနည်းလမ်းရှိသည့်အတိုင်း အမှုဖွင့်လှစ်
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း

ဆန်းသစ်တည်ထွင် စွမ်းသဘင် စွမ်းဇာနည်ဇာတ်ပွဲ
မန်နေဂျာများဖြစ်ကြသည့် ဦးလှိုင်ဝင်း နှင့်
ဦးအောင်မျိုးဦး တို့သိရှိစေရန် အသိပေးကြေညာ
အပ်ပါသည် ။

ဦးရာပိုက် ရဲမာန်
အိမ်အမှတ် ၂၅၁ /နယ်မြေ ၆
အပိုင်း ၃ /အမှတ် ၁၈ ရပ်ကွက်
မြင်းခြံမြို့

Ph 09 : 5073 196

Credit : ဦးရာပိုက်

Zawgyi ဖြင့်ဖတ်ပါ
★★★★★

သတိပေးကြေညာခြင်း
(ဇာတ်ပွဲမန်နေဂျာ)

သတိပေးကြေညာအပ်ပါသည်








ခဲ့ပြီးဖြစ်ပါသည်။

ရှောင်တိမ်းနေသဖြင့် သင်တို့ကိုယ်တိုင် ကျွနှ်ပ်ထံသို့

ဆိုလိုက်ပါသည်။


အပ်ပါသည် ။

ဦးရာပိုက် ရဲမာန်
အိမ်အမှတ် ၂၅၁ /နယ်မြေ ၆
မြင်းခြံမြို့

Ph 09 : 5073 196

Credit : ဦးရာပိုက်