You are here
Home > အနုပညာ > အံသြစရာကောင်းတဲ့ ပန်းချီ စွမ်းရည်တွေထုတ်ပြလိုက်တဲ့ ပန်းရောင်ခြယ်
အံသြစရာကောင်းတဲ့ ပန်းချီ စွမ်းရည်တွေထုတ်ပြလိုက်တဲ့ ပန်းရောင်ခြယ်
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
သီချင်းဆိုလည်းကောင်း၊အကလည်းကောင်း အနုပညာမျိုးရိုးလည်းရှိ ချစ်စဖွယ်မျက်မျက်နှာပေါက်လေးနဲ့ ယောက်ျားလေး ၊မိန်းကလေး ပရိသတ်တွေအကုန်လုံးရဲ့အားပေးမှုကိုအထူးရထားတဲ့ အဆိုတော် ပန်းရောင်ခြယ်ကတော့ ဖခင်ရဲ့အမွေဖြစ်တဲ့ အသံချိုချိုအေးအေးလေးနဲ့ ချစ်စရာမျက်နှာပေါက်လေးကိုပိုင်ဆိုင်ထားပြီး သူရဲ့အပြုံးလေးတွေ သူမရဲ့သီဆိုဟန်လေးတွေကြောင့် ဂီတခံစားသူ ယောက်ျားလေးတွေကြားမှာသတင်းစကားတွေ သင်းပျံ့စေခဲ့သူလည်းဖြစ်ပါတယ်။
ကိုကိုတွေ ညီညီတွေ တင်သာမက မမ တွေ ညီမလေးတွေ ပါဝန်းရံ ရတဲ့ အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ အဆိုတော်တစ်ယောက်အနေနဲ့တင်မဟုတ်ဘဲ သူအစောပိုင်းအင်တာဗျူးတွေမှာ ဖြေခဲ့သလိုပဲ သရုပ်ဆောင်ဘက်ကိုပါ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူရဲ့ အနုပညာအရည်သွေးကလည်း သံယယဖြစ်စရာမရှိလောက်အောင်ကို ကောင်းမွန်ကြတာလည်း ပရိသတ်ကြီး သိရှိပြီး ဖြစ်ပါတယ်။အခု ကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို ဖော်ပြပေးသွားချင်တဲ့အကြောင်းအရာလေးကတော့ ပန်းရောင်ခြယ်ရဲ့ နောက်ထပ် အနုပညာ အလုပ်တစ်ခု ပဲဖြစ်ပါတယ်။ အဲ့ဒီအနုပညာကတော့ ပန်းချီဆွဲခြင်းပဲဖြစ်ပါတယ်။
အခုကျနော်တို့ဖော်ပြပေးသွားမယ့် Video လေးကိုတော့ ပန်းရောင်ခြယ်က သူရဲ့Facebook Page မှာ “ဘာရယ်မဟုတ်ဘူး “လိပ်ပြာ” Season One အမှတ်တရ ပန်းချီလေးဆွဲပြီး သိမ်းထားချင်လို့ ဆွဲတတ်သလိုပဲ ဆွဲလိုက်ပါတယ် ဆိုပြီး တင်ထားခဲ့ပါတယ်။ ပန်းရောင်ခြယ်က လိပ်ပြာ ဇာတ်လမ်းတွဲမှာလည်း အဓိက သရုပ်ဆောင်တစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲထဲမှာလည်း တကယ့်ကို အပီပြင်သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။
။Video လေးကို ကြည့်ပြီးသွားရင်လည်း မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို ပြန်လည် ဝေမျှပေးခဲ့ပါဦးနော်။ ပန်းရောင်ခြယ်လေးရဲ့ ပန်းချီလက်ရာပေါ်အမြင်လေးတွေကိုလည်း ပြောပြပေးသွားပါဦးနော် ။ မကြာမီအချိန်မှာလည်း Solo ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီးတစ်ခု ထွက်ရှိလာတော့မှာဖြစ်ပါတယ်။
Top
//mordoops.com/4/3018672