
ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Source and Photo Credit- Thinzar Wint Kyaw’s ,CRD-myanmarload
Unicode ဖြင့်ဖတ်ပါ
★★★★★
ခေတ်ရှေ့ပြေးဖက်ရှင်များကို အများနဲ့မတူအောင် ဝတ်စားတတ်ပုံတွေကြောင့် ပုရိသတွေရဲ့ဝန်းရံအားပေးမှုတွေကိုရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပါ။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် ကြိုးစားလုပ်ကိုင်နေသူတစ်ယောက်ပါ။ အမိုက်စားပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမွတစ်ဆင့် အမြဲဝေမျှလေ့ရှိသူပါ။
မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ သန်းခေါင်ယံဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားကြီးကို သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားကြတာပါ။ သင်ဇာဟာ ခရီးသွားရတာကြိုက်နှစ်သက်သူပီပီ မကြာခဏဆိုသလို ခရီးထွက်လေ့ရှိတာပါ။
အခုမှာလည်း ပုဂံမြို့ကို အလည်အပတ်ရောက်ရှိနေတာပါ။ သူမရဲ့Facebook Myday တွင်လည်း ပုဂံမြို့ရဲ့အလှအပတွေကို Air Balloons ပေါ်ကနေကြည့်ရှုခံစားနေတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ ပရိသတ်တွေအတွက် သင်ဇာရဲ့ဗီဒီယိုလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။