You are here
Home > အနုပညာ > မျက်နှာ ပြုပြင် ပြီး ပြောင်းလဲသွားတဲ့ ပုံတွေကို မျှဝေ လာတဲ့ မြတ်ကေသီအောင်

မျက်နှာ ပြုပြင် ပြီး ပြောင်းလဲသွားတဲ့ ပုံတွေကို မျှဝေ လာတဲ့ မြတ်ကေသီအောင်

မျက်နှာ ပြုပြင် ပြီး ပြောင်းလဲသွားတဲ့ ပုံတွေကို မျှဝေ လာတဲ့ မြတ်ကေသီအောင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

21 ရာစုခေတ်ဟာ နည်းပညာခေတ်ဖြစ်လာပြီး တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နည်းပညာအကူအညီကို ရယူလာကြပါတယ်။ ဒီနည်းပညာတွေဟာ ဆေးပညာလောကနဲ့ပါ ပေါင်းစပ်လိုက်နိုင်တဲ့ အခါမှာ မျက်နှာသွင်ပြင်ကအစ အားလုံးကို ပြုပြင်ပြောင်းလဲလို့ ရလာခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ ဒီလို မျက်နှာကို ပြုပြင်မှုတွေ ခေတ်စားလာပြီး အနုပညာအသိုင်းအဝိုင်းမှာ အများဆုံး ဒီနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ဒီလို အသုံးပြုကြတဲ့ အထဲမှာ တစ်ချိန်က အောင်မြင်ကျော်ကြားပြီး ယနေ့တိုင် အောင်မြင်နေစဲ မင်းသမီးကြီး မြတ်ကေသီအောင်လည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူမဟာ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း စားသောက်ဆိုင် ၂ ဆိုင်ကိုလည်း ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။ သူမဟာ ဖော်ရွေသူတစ်ယောက်ဖြစ်ယုံမျှမက အလှူအတန်းမှာလည်း ရက်ရောသူတစ်ယောက်ဖြစ်ပါတယ်။ အလှူအတန်းအမြဲတမ်းလုပ်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

မကြာသေးမီက မျက်နှာပြုပြင်ထားတဲ့ သူမဟာ လှသထက် ပိုပိုလှလှလာခဲ့ပါတယ်။ ဒ့ါအပြင် သူမဟာ ထပ်မံပြုပြင်ထားပြီး အလှအပပိုင်းမှာ ဘယ်လိုထိန်းသိမ်းရမယ်၊ ပြုပြင်ရမယ်ဆိုတာကို သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ ယခုလို မျှဝေခဲ့ပါတယ်။ ((((မျက်နှာကိုစပြီးပုံ‌ပြောင်းတဲ့နေ့…
ပထမဆုံး မျက်နာကိုထုံဆေးလိမ်းပြီး တနာရီလောက်ထားရပါတယ်.ဆေးထိုးတဲ့အခါ သိပ်မနာတော့ဘူးပေါ့.ကေ လုပ်ထားတဲ့အရာလေးတွေ‌ပြောပြချင်ပါတယ်.နှာခေါင်းဘေးက smile line လေး၂ ဘက်ကို ဆေးထိုးပါတယ်ပါးဘေး၂ဖက် မေးရိုးနားမှာ မျက်နှာလေးသွယ်အောင်ဆေးထိုးထားပါတယ်.မျက်နာသွယ်လိုက်တော့ နဂိုမေးစေ့ကတိုသွားသလိုဖြစ်နေတော့ မေးစေ့လေးနည်းနည်းအောက်ကိုရှည်အောင်ဆေးထိုးပါတယ်.ပြီးတော့ နှာခေါင်းအရင်းက နည်းနည်းကြီးတော့ သေးအောင်ဆေးထိုးပါတယ်.

နှာခေါင်းကတော့ဆေးထိုးခါနီးမှ ထုံဆေးထိုးပြီးချက်ချင်းလုပ်တာပါ.နောက်ဆုံးမှာနှုတ်ခမ်းလုပ်ဖို့ ထုံဆေးအရင်ထိုးရပါတယ်.ကေကတော့ နှုတ်ခမ်းထိုးဖို့ကိုယ်စိတ်ကြိုက်ပုံယူသွားပြီးထိုးခိုင်းတာပါ.ဒီနေရာမှာသတိပေးချင်တာက ကိုယ့်နှုတ်ပေါ်မူတည်ပြီးဆရာ၀န်နဲ့တိုင်ပင်ထိုးသင့်ပါတယ်.ကေ့နှာတ်ခမ်းက အပေါ်အောက်ညီပြီးလှပြီးသားပါ(ကိုယ့်အထင်ပေါ့ ဟဟဟ)ယူသွားတဲ့ပုံအတိုင်းဆရာ့ကိုထိုးခိုင်းလိုက်တာမှာ နောက်ပိုင်း အဆင်မ‌ပြေတာလေးတွေဖြစ်လာပါတယ်.ဒါဟာဘာလဲဆို ကေ့အောက်နုတ်ခမ်းကပုံကြပြီးသားကိုကြီးကြီးနဲ့ထူထြဖြစ်အောင်လုပ်လိုက်တော့ နှုတ်ခမ်းက အောက်ကိုပိုတွဲသလို တခုခုစားတာဖြစ်ဖြစ် တယောက်ယောက်ကို အကျယ်ကြီးလှမ်းခေါ်တာမျိုးလုပ်မိရင် နှုတ်ခမ်းဘေး၂ဘက်ဒေါင့်က ကျီးကန်းပါးစပ် ဖြစ်ဖြစ်လာတယ်.‌ပြောချင်တာက မျက်နှာနဲ့ပတ်သက်ပြီးတခုခု လုပ်တော့မယ်ဆို ကိုယ့်အကြိုက်ထက်ဆရာ၀န်နဲ့တိုင်ပြီးမှ လုပ်သင့်ပါတယ်.

နောက်မို့ဆိုပြင်ပြီးမှရလဒ်က ကိုယ့်အတွက်နေရခက်မဲ့အဖြစ်ဆိုရင် ပြန်ပြင်ရခက်ပါတယ်.မျက်နာနဲ့ပတ်သက်ပြီးလာလာမေးတဲ့ အမတွေ ညီမတွေအတွက် ကေ့အတွေ့အကြုံလေးကိုပြန်မျှပေးတာပါ.ခုတင်ထားတဲ့ပုံကဘာမိတ်ကပ်မှမလိမ်းရပဲဆေးခန်းကပြန်ရောက်ရောက်ချင်းပုံပါ.မျက်နှာလုပ်ပြီးဘာဖြစ်လဲလို့မေးကြတဲ့သူတွေကြည့်ရအောင်လို့ပါ. PS….ဘယ်လောက်ကုန်သလဲလို့မေးကြတဲ့ သူတွေကိုတော့ တခုပြောချင်ပါတယ်.ကိုယ်ပြင်ချင်တဲ့အနေအထားပေါ်မူတည်ပြီးဆေးကုန်ကြမဲ့ပေါ်မှာတွက်ယူတယ်လို့ထင်ပါတယ်.ကေ့ကိုတော့ ဒေါက်တာAဆေးခန်းက ဆရာအောင်သီဟက စေတနာနဲ့လုပ်ပေးပြီး တပြားမှ မယူလိုက်ပါဘူးရှင်.)))) ပရိတ်သတ်ကြီးရေ မင်းသမီးကြီး မြတ်ကေသီအောင်မျှဝေထားတဲ့ အတိုင်း လိုက်လုပ်ကြည့်ရအောင်နော်။ အခုလိုမျှဝေပေးတဲ့ မြတ်ကေသီအောင်လည်း အမြဲတမ်းအောင်မြင်ကျော်ကြားပြီး အခုလို လှပပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်……….။

Writer- ME(Shwe Yaung Lan)

Zawgyi ဖြင့်ဖတ်ပါ
★★★★★







Top
//whoursie.com/4/3018672