“ဇာတ်ရုပ်နဲ့လိုက်ဖက်ညီအောင် သရုပ်ဆောင်ရင်း “လောက်”တွေတောင် ခေါင်းပေါ်ပါလာတဲ့အထိဖြစ်ခဲ့ရတဲ့ မေပန်းချီ”

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ေမာ္ဒယ္လ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေမပန္းခ်ီကေတာ့ သူပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ပီဇာ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕႐ိုက္ကြင္းက ပုံရိပ္တခ်ိဳ႕ကို သူ႔ရဲ႕ေဖ့ဘြတ္စာမ်က္ႏွာမွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ကာ႐ိုက္တာအတိုင္းအံဝင္ခြင္က်ျဖစ္ေနတဲ့ ပုံရိပ္အခ်ိဳ႕နဲ႔အတူ “ အႏုပညာမွာ အားေပးမႈကို အစစ္ေတြလိုခ်င္ရင္ အစစ္ေတြပဲျပန္ေပးပါ…ကဲ ကဲ ခ်စ္ေသးလား..(ပီဇာ)ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ုံတင္ရင္ အားေပးဖို႔အဆင္သင့္ပဲလား…အမႈိက္ပုံနဲ႔ မိလႅာသြန္တဲ့ေနရာမွာ ကိုယ္အပီအျပင္နပန္းလုံးထားတယ္…ေလာက္ေတြေတာင္ ေခါင္းေပၚပါလာတဲ့ ႐ိုက္ကြင္း” ဆိုၿပီး ေရးသားခဲ့တာျဖစ္ပါတယ္။

ေမပန္းခ်ီကေတာ့ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ အႏုပညာေလာကကို ဝင္ေရာက္လာတာျဖစ္ၿပီး ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ေကာက္ေၾကာင္းတို႔ေၾကာင့္ ေဝဖန္တိုက္ခိုက္မႈတခ်ိဳ႕ခံခဲ့ရတာျဖစ္ေပမယ့္ အႏုပညာအလုပ္ကို ေလွကားထစ္တစ္ခုလိုအသုံးမခ်ဘဲ ႐ိုးသားစြာနဲ႔ အသက္ေမြးဝမ္းေက်ာင္းေနသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီဇာတ္ကားႀကီးမွာဆိုရင္လည္း ဝါရင့္သ႐ုပ္ေဆာင္ေတြေတာင္ ပီျပင္ေအာင္လုပ္ေလ့မရွိတဲ့ ဆင္းရဲသားဇာတ္ေကာင္ကို တစ္ထပ္ထဲကြက္တိက်ေအာင္ ဖန္တီးယူထားႏိုင္တယ္ဆိုရမွာပါ။

ဒီဇာတ္ကားႀကီး႐ိုက္ကူးစဥ္မွာလည္း ႐ိုက္ကြင္းျဖစ္တဲ့ အမႈိက္ပုံမွာ “အမႈိက္ေကာက္တဲ့သူရဲ႕ ေကာက္လာတဲ့ အမႈိက္အိတ္ဆာလာအိတ္အျပည့္ကို တစ္ခုမွ မထုတ္ဘဲ ထမ္းၿပီး႐ိုက္ခဲ့ရတယ္” လို႔ဆိုပါတယ္။ ပရိသတ္ကို အစစ္အမွန္ေတြပဲ ေပးခ်င္တဲ့ ေမပန္းခ်ီကိုေတာ့ တကယ့္ပင္ကိုယ္ဇာတ္႐ုပ္နဲ႔ ကြဲထြက္ၿပီး သ႐ုပ္ေဆာင္ထားတာကို ျမင္ေတြ႕ရမွာပဲျဖစ္ပါတယ္။

“ပီဇာ” ႐ုပ္ရွင္ဇာတ္ကားႀကီးကိုေတာ့ ဒါ႐ိုက္တာစတီးလ္ (ေဒြးေမတၱာ)က ႐ိုက္ကူးပုံေဖာ္ထားတာျဖစ္ၿပီး သ႐ုပ္ေဆာင္ ထြန္းထြန္း၊စည္ၿဖိဳး၊ ဇင္ဝိုင္း၊ ရဲရင့္ထူး၊ သြန္းဆက္၊ ေ႐ႊသမီး ၊ေမပန္းခ်ီ နဲ႔ၾကယ္ျဖဴရွင္းသန႔္တို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္ၿပီး (၂၀၁၇)ခုႏွစ္ကတည္းက စတင္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ ဒါ႐ိုက္တာစတီးလ္ကေတာ့ အေျခခံလူတန္းစားေတြရဲ႕ဘဝကို ထင္ဟပ္ေစတဲ့ ဇာတ္လမ္း၊ဇာတ္ကြက္ေတြကို ႐ိုက္ကူးေလ့ရွိသူတစ္ေယာက္ျဖစ္တဲ့အတြက္ ဇာတ္ကားေကာင္းတစ္ခုျဖစ္မွာကေတာ့ အမွန္ပါပဲေနာ္။ ဒီဇာတ္ကားရဲ႕သ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေမပန္းခ်ီရဲ႕ ပီျပင္လြန္းလွတဲ့ ဇာတ္ဝင္ခန္းပုံရိပ္အခ်ိဳ႕ကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – May Panche
Rainbow- Cele Gabar

Unicode ဖြင့်ဖတ်ပါ
★★★★★

“ဇာတ်ရုပ်နဲ့လိုက်ဖက်ညီအောင် သရုပ်ဆောင်ရင်း “လောက်”တွေတောင် ခေါင်းပေါ်ပါလာတဲ့အထိဖြစ်ခဲ့ရတဲ့ မေပန်းချီ”

မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ပီဇာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ရိုက်ကွင်းက ပုံရိပ်တချို့ကို သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ကာရိုက်တာအတိုင်းအံဝင်ခွင်ကျဖြစ်နေတဲ့ ပုံရိပ်အချို့နဲ့အတူ “ အနုပညာမှာ အားပေးမှုကို အစစ်တွေလိုချင်ရင် အစစ်တွေပဲပြန်ပေးပါ…ကဲ ကဲ ချစ်သေးလား..(ပီဇာ)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ရင် အားပေးဖို့အဆင်သင့်ပဲလား…အမှိုက်ပုံနဲ့ မိလ္လာသွန်တဲ့နေရာမှာ ကိုယ်အပီအပြင်နပန်းလုံးထားတယ်…လောက်တွေတောင် ခေါင်းပေါ်ပါလာတဲ့ ရိုက်ကွင်း” ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

မေပန်းချီကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာတာဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတို့ကြောင့် ဝေဖန်တိုက်ခိုက်မှုတချို့ခံခဲ့ရတာဖြစ်ပေမယ့် အနုပညာအလုပ်ကို လှေကားထစ်တစ်ခုလိုအသုံးမချဘဲ ရိုးသားစွာနဲ့ အသက်မွေးဝမ်းကျောင်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာဆိုရင်လည်း ဝါရင့်သရုပ်ဆောင်တွေတောင် ပီပြင်အောင်လုပ်လေ့မရှိတဲ့ ဆင်းရဲသားဇာတ်ကောင်ကို တစ်ထပ်ထဲကွက်တိကျအောင် ဖန်တီးယူထားနိုင်တယ်ဆိုရမှာပါ။

ဒီဇာတ်ကားကြီးရိုက်ကူးစဉ်မှာလည်း ရိုက်ကွင်းဖြစ်တဲ့ အမှိုက်ပုံမှာ “အမှိုက်ကောက်တဲ့သူရဲ့ ကောက်လာတဲ့ အမှိုက်အိတ်ဆာလာအိတ်အပြည့်ကို တစ်ခုမှ မထုတ်ဘဲ ထမ်းပြီးရိုက်ခဲ့ရတယ်” လို့ဆိုပါတယ်။ ပရိသတ်ကို အစစ်အမှန်တွေပဲ ပေးချင်တဲ့ မေပန်းချီကိုတော့ တကယ့်ပင်ကိုယ်ဇာတ်ရုပ်နဲ့ ကွဲထွက်ပြီး သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

“ပီဇာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ)က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင် ထွန်းထွန်း၊စည်ဖြိုး၊ ဇင်ဝိုင်း၊ ရဲရင့်ထူး၊ သွန်းဆက်၊ ရွှေသမီး ၊မေပန်းချီ နဲ့ကြယ်ဖြူရှင်းသန့်တို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး (၂၀၁၇)ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဒါရိုက်တာစတီးလ်ကတော့ အခြေခံလူတန်းစားတွေရဲ့ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်လမ်း၊ဇာတ်ကွက်တွေကို ရိုက်ကူးလေ့ရှိသူတစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာကတော့ အမှန်ပါပဲနော်။ ဒီဇာတ်ကားရဲ့သရုပ်ဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မေပန်းချီရဲ့ ပီပြင်လွန်းလှတဲ့ ဇာတ်ဝင်ခန်းပုံရိပ်အချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – May Panche
Rainbow- Cele Gabar