မိန်းမလစ်တဲ့အချိန်လေး ဂိမ်းဆော့တဲ့အကြောင်းကို အရွှန်းဖောက်ပြီးပြောပြလာတဲ့ ရွှေထူး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

အမိုက္စားေတးသီခ်င္းေကာင္းေတြအျပင္ သ႐ုပ္ေဆာင္ေကာင္းမႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ တခံနက္အားေပးဝန္းရံမႈေတြကို အျပည့္အဝရရွိထားၾကတဲ့ ျပည္သူ႔အခ်စ္ေတာ္ အႏုပညာရွင္ကေတာ့ ေ႐ႊထူးပဲျဖစ္ပါတယ္ေနာ္..။

ေအာင္ျမင္ေက်ာ္ၾကားတဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးအျဖစ္ အႏုပညာလမ္းေၾကာင္းမွာ ေလွ်ာက္လွမ္းေနသလို ခ်စ္ဇနီးေခ်ာေလး ေ႐ႊမႈံရတီနဲ႔အတူ ႐ိုမန္တစ္ဆန္ၿပီး ၾကည္ႏူးအားက်စရာ အိမ္ေထာင္ေရးေလးကိုလည္း ပိုင္ဆိုင္ျဖတ္သန္းေနသူပါေနာ္..။

ပရိသတ္အခ်ိန္ေတာ္ ေ႐ႊထူးကေတာ့ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေဆာင္ေနၿပီး အခမ္းအနားပြဲေတာ္ေတာ္မ်ားမ်ားကို တက္ေရာက္ျဖစ္ေနသလို ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပဳလုပ္က်င္းပခဲ့တဲ့ Road To Lengends ပြဲအခမ္းအနားကိုလည္း တက္ေရာက္ခဲ့ပါတယ္..။

ေ႐ႊထူးကေတာ့ လူပ်ိဳဘဝက ဂိမ္းေဆာ့ခဲ့တဲ့ အမွတ္တရေလးေတြနဲ႔ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း မိန္းမလစ္တဲ့အခ်ိန္ေလး ဂိမ္းေဆာ့တဲ့ အေၾကာင္းေလးေတြကို အ႐ႊန္းေဖာက္ၿပီး ေျပာျပလာပါတယ္ေနာ္…။

Mobile Legend ဂိမ္းကို အရမ္းႀကီးေတာ့ မေဆာ့ျဖစ္ေပမယ့္ အလုပ္အားတဲ့ အခ်ိန္ေလးနဲ႔ မိန္းမလစ္တဲ့ အခ်ိန္ေလး ေဆာ့ျဖစ္ၿပီး သူ႔ရဲ႕အႀကိဳက္ဆုံးက Zilong ပါဆိုၿပီး ရယ္ေမာကာ အ႐ႊန္းေဖာက္ ေျပာျပထားသလို ခ်စ္ဇနီးေလးကေတာ့ “မိန္းမိန္းက ဂိမ္းမေဆာ့ဘူး ဂိမ္းမႀကိဳက္ဘူး..” ဆိုၿပီးေတာ့လည္း ေျပာျပထားပါေသးတယ္..။

လူပ်ိဳဘဝက ေန႔ညမွားၿပီး သူငယ္ခ်င္းေတြနဲ႔ ဂိမ္းေဆာ့ခဲ့ၾကတဲ့ အခက္အခဲေတြနဲ႔ ေပ်ာ္စရာ အမွတ္တရေလးေတြကိုလည္း အရမ္းသတိရမိတဲ့အေၾကာင္းေလးနဲ႔ အိမ္ေထာင္က်ၿပီးေနာက္ပိုင္း ဂိမ္းသိပ္မေဆာ့ျဖစ္ေတာ့တဲ့ အေၾကာင္းေလးေတြကို ေျပာျပထားတဲ့ ေ႐ႊထူးရဲ႕ ဗီဒီယိုဖိုင္ေလးကိုလည္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Photo Credit – Htoo Khant’s Facebook,CRD-Myanmar Load

Unicode ဖြင့်ဖတ်ပါ
★★★★★

အမိုက်စားတေးသီချင်းကောင်းတွေအပြင် သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ တခံနက်အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ကတော့ ရွှေထူးပဲဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေသလို ချစ်ဇနီးချောလေး ရွှေမှုံရတီနဲ့အတူ ရိုမန်တစ်ဆန်ပြီး ကြည်နူးအားကျစရာ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါနော်..။

ပရိသတ်အချိန်တော် ရွှေထူးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အခမ်းအနားပွဲတော်တော်များများကို တက်ရောက်ဖြစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ကျင်းပခဲ့တဲ့ Road To Lengends ပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်..။

ရွှေထူးကတော့ လူပျိုဘဝက ဂိမ်းဆော့ခဲ့တဲ့ အမှတ်တရလေးတွေနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မိန်းမလစ်တဲ့အချိန်လေး ဂိမ်းဆော့တဲ့ အကြောင်းလေးတွေကို အရွှန်းဖောက်ပြီး ပြောပြလာပါတယ်နော်…။

Mobile Legend ဂိမ်းကို အရမ်းကြီးတော့ မဆော့ဖြစ်ပေမယ့် အလုပ်အားတဲ့ အချိန်လေးနဲ့ မိန်းမလစ်တဲ့ အချိန်လေး ဆော့ဖြစ်ပြီး သူ့ရဲ့အကြိုက်ဆုံးက Zilong ပါဆိုပြီး ရယ်မောကာ အရွှန်းဖောက် ပြောပြထားသလို ချစ်ဇနီးလေးကတော့ “မိန်းမိန်းက ဂိမ်းမဆော့ဘူး ဂိမ်းမကြိုက်ဘူး..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

လူပျိုဘဝက နေ့ညမှားပြီး သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့ခဲ့ကြတဲ့ အခက်အခဲတွေနဲ့ ပျော်စရာ အမှတ်တရလေးတွေကိုလည်း အရမ်းသတိရမိတဲ့အကြောင်းလေးနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ဂိမ်းသိပ်မဆော့ဖြစ်တော့တဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ ရွှေထူးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Htoo Khant’s Facebook,CRD-Myanmar Load