ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
အော်တစ်ဇင်လို့ ခေါ်တဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ပုံမမှန်တဲ့ ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ တက်ရောက်နေတဲ့ ကျောင်းမှာပဲ ကိုယ်ထိလက်ရောက်ကျူးလွန်ခံခဲ့ရပါတယ်။ အုပ်ထိန်းသူတွေဟာ ကျောင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အခါမှာတော့ ကျောင်းမှာတပ်ထားတဲ့ စီစီတီဗီမှတ်တမ်းတွေထဲက တစ်ရက်စာကို ကြည့်ရှုခွင့်ရခဲ့ပါတယ်။
သားငယ်ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေဟာ ဘာကြောင့်လဲဆိုတာသိခဲ့ရတဲ့အချိန်မှာတော့ ကျောင်းရဲ့ တာဝန်ရှိသူတွေထံမှာ တစ်လစာ စီစီတီဗီမှတ်တမ်းတွေကို တောင်းခံခဲ့ပါတယ်။ သားငယ်အပေါ် ကျူးလွန်ခဲ့တဲ့သူတွေကိုလည်း အရေးယူပေးဖို့ တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပါတယ်။

ဗီဒီယိုဖိုင်ကို အောက်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
Video Credit : Than Lwin Khet News
Zawgyi ဖြင့်ဖတ်ပါ
★★★★★
