ဇော်ဂျီ / ယူနီကုဒ်
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Unicode ဖြင့်ဖတ်ပါ
★★★★★
မနေ့ညကတော့အရှေ့တောင် အာရှ ဆီးဂိမ်းစ် ပြိုင်ပွဲဝင် မြန်မာအမျိုးသားအသင်းနဲ့ မြန်မာအမျိုးသမီးအသင်းတို့အနေနဲ့ ပြိုင်ဖက်အသင်းတွေကို အနိုင်ယူနိုင်ခဲ့အပြီးမှာ မြန်မာ အမျိုးသား ယူ၂၂ အသင်းနှင့် အမျိုးသမီး အသင်းတို့ဟာ အုပ်စုပထမ နေရာများဖြင့် အကြိုဗိုလ်လုပွဲစဉ်များသို့ အသီးသီး တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အတော်လေးကို ပျော်ရွှင်နေကြပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အရှေ့တောင် အာရှဆီးဂိမ်းစ် ဆီမီးဖိုင်နယ်အား ရှုံးပွဲမရှိဘဲ အုပ်စုပထမ နေရာနဲ့ တက်ရောက်နိုင်ခဲ့တဲ့ မြန်မာ ယူ၂၂ အသင်းအား ဆုကြေးကျပ် သိန်း ၅၀၀ ချီးမြင့်ခဲ့သလို အုပ်စုပထမနေရာနဲ့ ဆီမီးဖိုင်နယ်ကို တတ်ရောက်လာနိုင်တဲ့ မြန်မာအမျိုးသမီး အသင်းလက်ရွေးစင်အား ကျပ်သိန်း ၂၀၀ ချီးမြှင့်ပေးအပ်သွားခဲ့ပါတယ်။
MFF နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်း ၃၅၀ နှင့် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျပ်သိန်း ၃၅၀ ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အနေနဲ့ ပြိုင်ပွဲကာလ မစတင်မီကပင် မြန်မာအမျိုးသမီးအသင်းနဲ့ မြန်မာအမျိုးသားအသင်းအနေနဲ့ ဆီမီးဖိုင်နယ် တက်ခဲ့ပါက ဆုကြေး ထိုက်တန်စွာချီးမြှင့်သွားမည် ဖြစ်ကြောင်း အသင်းသားများအားအသိပေးထားခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။source: MFF ‘s facebook