မထက်ရဲ့ လျှပ်တပြက်အိုင်တင်လေးတွေကို အရမ်းချစ်တဲ့အကြောင်း ပြောပြလာတဲ့ အိချောပို

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်ပိုင်နိုင်လွန်းတဲ့ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသူလေးပဲ ဖြစ်ပါတယ်..။

 

စူစူလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး သူမကတော့ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပိုင်နိုင်လွန်းလှသလို မြင်သူတကာငေးလောက်အောင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိရှိ ကျော့ရှင်းတဲ့ အလှတရားတွေကြောင့် ပရိသတ်တွေကြား အမြဲရေပန်းစားသူလေးဆိုလည်း မမှားပါဘူး..။

စူစူလေးကတော့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို မကြာခင်မှာလည်း ချစ်ခင်လေးစားရတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးချော ထက်ထက်မိုးဦးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးမှာ နှစ်ယောက်အတူ သရုပ်ဆောင်ရိုက်ကူးရမှာမို့ စူစူလေးတစ်ယောက် ပျော်နေပါတယ်နော်..။

နှစ်ယောက်အတူ သရုပ်ဆောင်ရမှာမို့ ပျော်ပြီး ထက်ထက်ရဲ့ လျှပ်တပြတ်အိုင်တင်လေးတွေကို အစကတည်းက အရမ်းချစ်ခဲ့ရပြီး ချစ်စရာကောင်းတဲ့ မထက်ရဲ့အကြောင်းလေးတွေကိုလည်း စူစူလေးက ပြောပြထားပါသေးတယ်..။

“ပျော်တယ် မထက်က ချစ်ဖို့ကောင်းတယ် မထက်နဲ့ ဗီဒီယိုမှာ တစ်ကားဆုံဖူးတယ် ဒါမယ့် အစုံခန်း မပါလိုက်ဘူး ဒီကားမှာတော့ ဆုံခန်းတွေပါမယ် မထက်က အခုချိန်မှာ ပြန်ပြီး ရုပ်ရှင်ကားတွေမှာ ပြန်ဆုံဆည်းခွင့်ရတဲ့အတွက်လည်း ပျော်တယ် ပညာလည်းရမှာပေါ့နော် သူ့ရဲ့လျှပ်တစ်ပြက်အိုင်တင်လေးတွေ ချစ်တယ်လေ အစကတည်းက ချစ်စရာကောင်းလို့ သူ့ရဲ့အိုင်တင်လေးတွေက ကလေးဆန်တယ်နော် ချစ်စရာလေး တစ်ယောက်တစ်မျိုးစီပေါ့ ကိုယ်နဲ့လိုက်ရင် ကိုယ်လုပ်မှာပေါ့ ကိုယ်နဲ့မလိုက်ရင်တော့ မလုပ်ပါဘူး ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ အတူရိုက်မယ့် ဇာတ်ကားလေးအကြောင်းနဲ့ ရှုတင်အဖွဲ့သားတွေအပေါ် အမြဲအလှူလုပ်ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြထားတဲ့ စူစူလေးရဲ့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှေ၀ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Ei Chaw Po’s Facebook ၊ Khant Min Htin Photography
“Myanmarload’

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး အိေခ်ာပိုကေတာ့ ပီျပင္ပိုင္ႏိုင္လြန္းတဲ့ ဇာတ္႐ုပ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ အားေပးဝန္းရံမႈေတြကို အခိုင္အမာရရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားတဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးအျဖစ္ ရပ္တည္ေနသူေလးပဲ ျဖစ္ပါတယ္..။

စူစူလို႔ အားလုံးက ခ်စ္စႏိုးေခၚၾကတဲ့ မင္းသမီးေခ်ာေလး သူမကေတာ့ က်ရာဇာတ္႐ုပ္ေတြကို ကြၽမ္းက်င္ပိုင္ႏိုင္လြန္းလွသလို ျမင္သူတကာေငးေလာက္ေအာင္ ခႏၶာကိုယ္အခ်ိဳးအစားေျပျပစ္ၿပီး ဆြဲေဆာင္မႈရွိရွိ ေက်ာ့ရွင္းတဲ့ အလွတရားေတြေၾကာင့္ ပရိသတ္ေတြၾကား အၿမဲေရပန္းစားသူေလးဆိုလည္း မမွားပါဘူး..။

စူစူေလးကေတာ့ ဇာတ္ကားေတြ ဆက္တိုက္႐ိုက္ကူးေနသလို မၾကာခင္မွာလည္း ခ်စ္ခင္ေလးစားရတဲ့ ဒိတ္ဒိတ္ႀကဲမင္းသမီးေခ်ာ ထက္ထက္မိုးဦးနဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ႏွစ္ေယာက္အတူ သ႐ုပ္ေဆာင္႐ိုက္ကူးရမွာမို႔ စူစူေလးတစ္ေယာက္ ေပ်ာ္ေနပါတယ္ေနာ္..။

ႏွစ္ေယာက္အတူ သ႐ုပ္ေဆာင္ရမွာမို႔ ေပ်ာ္ၿပီး ထက္ထက္ရဲ႕ လွ်ပ္တျပတ္အိုင္တင္ေလးေတြကို အစကတည္းက အရမ္းခ်စ္ခဲ့ရၿပီး ခ်စ္စရာေကာင္းတဲ့ မထက္ရဲ႕အေၾကာင္းေလးေတြကိုလည္း စူစူေလးက ေျပာျပထားပါေသးတယ္..။

“ေပ်ာ္တယ္ မထက္က ခ်စ္ဖို႔ေကာင္းတယ္ မထက္နဲ႔ ဗီဒီယိုမွာ တစ္ကားဆုံဖူးတယ္ ဒါမယ့္ အစုံခန္း မပါလိုက္ဘူး ဒီကားမွာေတာ့ ဆုံခန္းေတြပါမယ္ မထက္က အခုခ်ိန္မွာ ျပန္ၿပီး ႐ုပ္ရွင္ကားေတြမွာ ျပန္ဆုံဆည္းခြင့္ရတဲ့အတြက္လည္း ေပ်ာ္တယ္ ပညာလည္းရမွာေပါ့ေနာ္ သူ႔ရဲ႕လွ်ပ္တစ္ျပက္အိုင္တင္ေလးေတြ ခ်စ္တယ္ေလ အစကတည္းက ခ်စ္စရာေကာင္းလို႔ သူ႔ရဲ႕အိုင္တင္ေလးေတြက ကေလးဆန္တယ္ေနာ္ ခ်စ္စရာေလး တစ္ေယာက္တစ္မ်ိဳးစီေပါ့ ကိုယ္နဲ႔လိုက္ရင္ ကိုယ္လုပ္မွာေပါ့ ကိုယ္နဲ႔မလိုက္ရင္ေတာ့ မလုပ္ပါဘူး ..” ဆိုၿပီး ေျပာျပထားတာ ျဖစ္ပါတယ္..။

ဒီကေန႔ေလးမွာေတာ့ အတူ႐ိုက္မယ့္ ဇာတ္ကားေလးအေၾကာင္းနဲ႔ ရႈတင္အဖြဲ႕သားေတြအေပၚ အၿမဲအလႉလုပ္ျဖစ္တဲ့အေၾကာင္းေလးေတြကို ေျပာျပထားတဲ့ စူစူေလးရဲ႕ ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္ေမွ်၀ တင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

Photo Credit – Ei Chaw Po’s Facebook ၊ Khant Min Htin Photography
“Myanmarload’