You are here
Home > အနုပညာ > အမေက အနားမှာ ရှိနေတယ်ဆိုတာကို ထူးခြားမှုတွေပြလာတဲ့ အကြောင်းဖွင့်ဟလာတဲ့ ကစ်ကစ်ရဲ့သမီး
အမေက အနားမှာ ရှိနေတယ်ဆိုတာကို ထူးခြားမှုတွေပြလာတဲ့ အကြောင်းဖွင့်ဟလာတဲ့ ကစ်ကစ်ရဲ့သမီး
ဇော်ဂျီ / ယူနီကုဒ်
Unicode ဖြင့်ဖတ်ပါ
★★★★★
အောက်တွင် ဗွီဒီယို တင်ထားပေးပါသည်။
ပရိသတ်တွေကို ပျော်ရွှင်အောင် အမြဲပြုလုပ်ပေးတတ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက်ဟာဆိုရင် ကျောက်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ရက်နေ့က သူမချစ်သော အနုပညာလောကနှင့် ပရိသတ်များကို နှုတ်ဆက်ထွက်ခွါခဲ့ပြီပဲဖြစ်ပါတယ်။သူမ မကွယ်လွန်ခင်အထိ ဝေဒနာကို ခံစားခဲ့ရပြီး သူမကိုချစ်သော ပရိသတ်တွေက သူမရဲ့ ဆေးဖိုးကို တာဝန်ယူ ကူညီလှူဒါန်းပေးခဲ့ကြပါတယ်။
သူမ အသက်ရှင်စဉ်သရုပ်ဆောင် ခင်သဇင်ကလည်း သူမရဲ့လိုအပ်တဲ့ ဆေးဝါးနဲ့ အိမ်မှုရေးရာက အစ တတ်စွမ်းသမျှတာဝန်ယူဆောင်ရွက်ပေးခဲ့သလို၊ နောက်ဆုံးခရီးကိုလည်း အကောင်းဆုံးဆောင်ရွက်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူမမှာ ကွယ်လွန်ချိန်မှာ ဇွန်ပြည့်ဆိုတဲ့ သမီးလေး တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
ဇွန်ပြည့်ကတော့ လက်ရှိမှာ မိဘနှစ်ပါးလံးု ဆုံးပါးသွားပြီဖြစ်တာကြောင့် အဒေါ်နဲ့အကိုတွေက စောင့်ရှောက်ပေးကြပါတယ်။ သူမကို အနုပညာမောင်နှမတွေဖြစ်တဲ့ ဒိန်းဒေါင်တို့ကလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးသွားမယ်လို့ မီဒီယာတွေမှာ ဖြေကြားခဲ့ပါတယ်။ ဇွန်ပြည့်ကတော့ မိဘနှစ်ပါးဆုံးသွားပေမယ့် လောကဓံတရားကို အရွယ်နဲ့မမျှအောင်ခံစားနှလုံးသွင်းတတ်တဲ့ ကလေးမလေးပဲဖြစ်ပါတယ်နော်။
လက်ရှိအချိန်အထိ အနားမှာ အမေဖြစ်သူ ကစ်ကစ် ရှိတယ်လို့ပဲ သူက ခံစားနေရတုန်းဖြစ်တယ်လို့ဆိုပါတယ်။ ဆုံးပါးပြီး မကြာခင်မှာလည်း သူ့အနားမှာရှိတယ်ဆိုတဲ့ ပုံစံမျိုးလေးတွေနဲ့ အမေက အသိပေးတယ်လို့ဆိုပါတယ်။ ဘာဖြစ်ဖြစ် ကွယ်လွန်သွားပြီဖြစ်တဲ့ကစ်ကစ်တစ်ယောက် ကောင်းရာမွန်ရာကို ရောက်ပါစေလို့ပဲ ပရိသတ်နဲ့တကွ ရွှေရောင်လမ်း ဝိုင်းတော်သားများက ဆုတောင်းပေးပါတယ်နော်။
ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ
Writer – SMT( Shwe Yaung Lan)
Zawgyi ဖြင့်ဖတ်ပါ
★★★★★
Top
//dolatiaschan.com/4/3018672