You are here
Home > အနုပညာ > ကိုယ်တိုင်လှူဒါန်းတဲ့အလှူအပြင် ရွာအတွက်ဆို အကျိုးဆောင်အလှူပါလုပ်ပေးတဲ့ ဖြူဖြူထွေး

ကိုယ်တိုင်လှူဒါန်းတဲ့အလှူအပြင် ရွာအတွက်ဆို အကျိုးဆောင်အလှူပါလုပ်ပေးတဲ့ ဖြူဖြူထွေး

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုတွေမရှိဘဲ ပကတိရိုးသားတဲ့စိတ်ရင်းခံလေးနဲ့ အနုပညာလောကကို ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပါတယ်။ တောရွာမှာ ကြီးပြင်းခဲ့သူပီပီ ရွာဓလေ့အတိုင်း စကားပြောဆိုဟန်၊ အနေအထိုင်၊အပြုအမူတို့ကြောင့်လည်း ပရိသတ်တွေကိုတိုးလို့ အချစ်ပိုစေခဲ့တာပါ။ ဒါ့အပြင် သူရတဲ့ချွေးနည်းစာအနုပညာကြေးလေးတွေနဲ့ ရွာကလူတွေကို ပျော်ရွှင်အောင်တတ်နိုင်သမျှ လုပ်ပေးလေ့ရှိသူတစ်ယောက်ပါ။အနုပညာလောကကို ဝင်ရောက်ခါစမှာ ဝေဖန်တိုက်ခိုက်မှုတချို့ရှိခဲ့တာဖြစ်ပေမယ့် စိတ်ဓာတ်ကိုပြန်လည်ပြင်ဆင်ပြီး နလန်ပြန်ထူနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့တဲ့ဖြူဖြူထွေးကတော့ လက်ရှိအချိန်မှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ဆိုရမှာပါ။

အားပေးသူအမာခံပရိသတ်ပေါင်းများစွာရရှိနေပြီဖြစ်ပြီး ကုန်ပစ္စည်းကြော်ငြာပေါင်းများစွာကိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေရတာဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ သူ့ရဲ့ရွာအကြောင်းနဲ့ပတ်သက်တဲ့ ဗွီဒီယိုလေးတွေကိုမကြာခဏဆိုသလို တင်ပေးလေ့ရှိသူဖြစ်တာကြောင့် ပရိသတ်တွေလည်း ရွာနဲ့ရင်းနှီးလောက်ပြီလို့ထင်ပါတယ်နော်။ ရွာတွင်းပျော်ပွဲရွှင်ပွဲတွေ၊ အလှူအသေးလေးတွေလည်း မကြာခဏလုပ်သူတစ်ယောက်မို့ ရင်းနှီးနေတဲ့မိတ်ဆွေတစ်ယောက်ကတော့ ဖြူဖြူထွေးကို အကျိုးဆောင်ခိုင်းပြီး ရွာကအဖိုး၊အဖွားတွေကို လှူပေးခိုင်းအထိ ပရိသတ်တွေကပါ ရွာကိုချစ်ခင်နေပြီလို့ဆိုရမှာပါ။

ဖြူဖြူထွေးကတော့ သူ့ရဲ့ဟန်ပန်အတိုင်း ပရိသတ်တွေပျော်ရအောင် ဟာသလေးစွက်ပြီး သူအကျိုးဆောင်လှူဒါန်းပေးတဲ့အလှူလေးကို အလှူရှင်ရော၊ပရိသတ်တွေပါ သာဓုခေါ်နိုင်အောင် ဗွီဒီယိုလေးတင်ပေးခဲ့တာဖြစ်ပါတယ်။ အကျိုးဆောင်အလှူဒါနပြုလုပ်ရင်း ချစ်စရာကောင်းနေတဲ့ ဖြူဖြူထွေးရဲ့ ဗွီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ကိုယ္တိုင္လွဴဒါန္းတဲ့အလွဴအျပင္ ရြာအတြက္ဆို အက်ိဳးေဆာင္အလွဴပါလုပ္ေပးတဲ့ ျဖဴျဖဴေထြး”

ျဖဴျဖဴေထြးကေတာ့ ဟန္ေဆာင္မွုေတြမရွိဘဲ ပကတိရိုးသားတဲ့စိတ္ရင္းခံေလးနဲ႔ အႏုပညာေလာကကို ဝင္ေရာက္လာသူတစ္ေယာက္ျဖစ္ပါတယ္။ ေတာရြာမွာ ၾကီးျပင္းခဲ့သူပီပီ ရြာဓေလ့အတုိင္း စကားေျပာဆုိဟန္၊ အေနအထိုင္၊အျပဳအမူတို႔ေၾကာင့္လည္း ပရိသတ္ေတြကိုတိုးလို႔ အခ်စ္ပိုေစခဲ့တာပါ။ ဒါ့အျပင္ သူရတဲ့ေခၽြးနည္းစာအႏုပညာေၾကးေလးေတြနဲ႔ ရြာကလူေတြကို ေပ်ာ္ရႊင္ေအာင္တတ္ႏုိင္သမွ် လုပ္ေပးေလ့ရွိသူတစ္ေယာက္ပါ။အႏုပညာေလာကကို ဝင္ေရာက္ခါစမွာ ေဝဖန္တုိက္ခုိက္မွုတခ်ိဳ႕ရွိခဲ့တာျဖစ္ေပမယ့္ စိတ္ဓာတ္ကိုျပန္လည္ျပင္ဆင္ျပီး နလန္ျပန္ထူႏိုင္ဖို႔ အေကာင္းဆံုးၾကိဳးစားခဲ့တဲ့ျဖဴျဖဴေထြးကေတာ့ လက္ရွိအခ်ိန္မွာ ေအာင္ျမင္မွုလမ္းေၾကာင္းေပၚကိုေရာက္ေနျပီလုိ႔ဆိုရမွာပါ။

အားေပးသူအမာခံပရိသတ္ေပါင္းမ်ားစြာရရွိေနျပီျဖစ္ျပီး ကုန္ပစၥည္းေၾကာ္ျငာေပါင္းမ်ားစြာကိုလည္း ဆက္တိုက္ဆိုသလိုရုိက္ကူးေနရတာျဖစ္ပါတယ္။ ျဖဴျဖဴေထြးကေတာ့ သူ႔ရဲ႕ရြာအေၾကာင္းနဲ႔ပတ္သက္တဲ့ ဗြီဒီယိုေလးေတြကိုမၾကာခဏဆုိသလို တင္ေပးေလ့ရွိသူျဖစ္တာေၾကာင့္ ပရိသတ္ေတြလည္း ရြာနဲ႔ရင္းႏွီးေလာက္ျပီလို႔ထင္ပါတယ္ေနာ္။ ရြာတြင္းေပ်ာ္ပြဲရႊင္ပြဲေတြ၊ အလွဴအေသးေလးေတြလည္း မၾကာခဏလုပ္သူတစ္ေယာက္မို႔ ရင္းႏွီးေနတဲ့မိတ္ေဆြတစ္ေယာက္ကေတာ့ ျဖဴျဖဴေထြးကို အက်ိဳးေဆာင္ခုိင္းျပီး ရြာကအဖိုး၊အဖြားေတြကို လွဴေပးခိုင္းအထိ ပရိသတ္ေတြကပါ ရြာကိုုခ်စ္ခင္ေနျပီလို႔ဆုိရမွာပါ။

ျဖဴျဖဴေထြးကေတာ့ သူ႔ရဲ႕ဟန္ပန္အတုိင္း ပရိသတ္ေတြေပ်ာ္ရေအာင္ ဟာသေလးစြက္ျပီး သူအက်ိဳးေဆာင္လွဴဒါန္းေပးတဲ့အလွဴေလးကို အလွဴရွင္ေရာ၊ပရိသတ္ေတြပါ သာဓုေခၚႏိုင္ေအာင္ ဗြီဒီယိုေလးတင္ေပးခဲ့တာျဖစ္ပါတယ္။ အက်ိဳးေဆာင္အလွဴဒါနျပဳလုပ္ရင္း ခ်စ္စရာေကာင္းေနတဲ့ ျဖဴျဖဴေထြးရဲ႕ ဗြီဒီယိုဖိုင္ေလးကို ပရိသတ္ေတြအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

Source – Phyu Phyu Htwe
Rainbow- Cele Gabar

Top
//thefacux.com/4/3018672