လူကြမ်းမင်းသား မင်းရဲဆက် အနုပညာလောကကို စွန့်ခွာခဲ့ရတဲ့ အကြောင်းအရင်း

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

တစ်ချိန်ကအနုပညာလောကမှာ ဗီလိန်ခန်းတွေ၊လူဆိုးလူမိုက်ခန်းတွေမှာ လူမုန်းများခဲ့ရတဲ့အထိ သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ကို ပရိသတ်တွေမှတ်မိကြအုန်းမယ်ထင်ပါတယ်။

အနုပညာအလုပ်တွေ ကို ဆယ်စုနှစ်တစ်ခုကြာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ဟာ ယခုလက်ရှိအချိန်မှာတော့ အနုပညာလောကကနေ အနားယူလိုက်တာ (၈) နှစ်ကျော်ပြီလို့ ဆိုပါတယ်။

ဗီဒီယို၊ ရုပ်ရှင်ကားတွေထဲမှာ လူကြမ်း၊ ဗီလိန်နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းတွေကို ခံရလေ့ရှိတဲ့ လူကြမ်းမင်းသားတွေဘဝဟာလည်း တကယ့်အမှန်တကယ်လက်တွေ့မှာတော့ လွန်စွာမှ စာနာဖို့ကောင်းလှပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ပရိသတ်တွေအတွက် ဖျော်ဖြေမှုရသတစ်ခုအနေနဲ့ တင်ဆက်ပေးခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက်ကတော့

“အနုပညာနဲ့ပတ်သက်ပြီးတော့ အကိုနားလိုက်ပြီပေါ့နော်။ အကိုနားလိုက်တော့ ပရိသတ်တွေဘာပဲဖြစ်ဖြစ် အကုသိုလ်လျော့သွားတာပေါ့ အကိုရှိနေလို့ရှိရင် အကို့ကိုကြည့်ပြီး အကုသိုလ်တွေများနေမှာစိုးလို့ ကုသိုလ်တွေဖြစ်အောင်လို့ အနားပေးလိုက်တာ…”

“အနုပညာအလုပ်ကနေနားလိုက်တာ ၈ နှစ်ကျော်ပြီ။ အိမ်ထောင်လည်းကျပြီဆိုတော့ မိသားစုအရေးရော အခြားကိုယ်လုပ်ချင်တဲ့အရေးကြီးတဲ့အလုပ်တွေ အများကြီးကျန်သေးတယ် ဆိုတော့ အဲ့အတွက် အချိန်ပေးရဦးမယ် အဲ့အတွက် အနုပညာအလုပ်ကိုနားလိုက်တာ။”

“အဲ့အတွက် အနုပညာအလုပ်ကိုနားလိုက်တာ အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပဲရှိသေးတယ်။ အသက် ၄၀ ကျော်မှအိမ်ထောင်ကျတာပါ။ ခုတော့ သမီးလေးတစ်ယောက်နဲ့ပေါ့ ။ ခုတော့ ပြင်ဦးလွင်မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေပါတယ်” လို့ ဖြေကြားပါတယ်။

မင်းရဲဆက်တစ်ယောက်ကတော့ ရုပ်ရှင်ပိတ်ကားအထက်မှာသာ ပရိသတ်တွေလူမုန်းများရတဲ့ ဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ ချိုသာတဲ့အပြုံးလေးတွေကို တကယ့်ကိုစိတ်နှလုံးကောင်းမွန်တဲ့ သူပဲ ဖြစ်ပါတယ်။

အနုပညာလုပ်ငန်းတွေမလုပ်တော့ပေမယ့် ရိုးရှင်းတဲ့သမာအာဇီဝကျကျစိုက်ပျိုးရေးလုပ်ငန်းလေးကိုလုပ်ကိုင်ကာ မိသားစုနဲ့အတူဖြတ်သန်းနေတဲ့ မင်းရဲဆက်တို့မိ သားစုလေးကတော့ တကယ်ကိုအားကျလောက်စရာပါပဲနော်။

Zawgyi ျဖင့္ဖတ္ပါ
★★★★★

တစ္ခ်ိန္ကအႏုပညာေလာကမွာ ဗီလိန္ခန္းေတြ၊လူဆိုးလူမိုက္ခန္းေတြမွာ လူမုန္းမ်ားခဲ့ရတဲ့အထိ သ႐ုပ္ေဆာင္ပီျပင္လြန္းခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းရဲဆက္ကို ပရိသတ္ေတြမွတ္မိၾကအုန္းမယ္ထင္ပါတယ္။

အႏုပညာအလုပ္ေတြ ကို ဆယ္စုႏွစ္တစ္ခုၾကာလုပ္ကိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းရဲဆက္ဟာ ယခုလက္ရွိအခ်ိန္မွာေတာ့ အႏုပညာေလာကကေန အနားယူလိုက္တာ (၈) ႏွစ္ေက်ာ္ၿပီလို႔ ဆိုပါတယ္။

ဗီဒီယို၊ ႐ုပ္ရွင္ကားေတြထဲမွာ လူၾကမ္း၊ ဗီလိန္ေနရာကေန ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္ခဲ့လို႔ ပရိသတ္ေတြရဲ႕ မုန္းတီးျခင္းေတြကို ခံရေလ့ရွိတဲ့ လူၾကမ္းမင္းသားေတြဘဝဟာလည္း တကယ့္အမွန္တကယ္လက္ေတြ႕မွာေတာ့ လြန္စြာမွ စာနာဖို႔ေကာင္းလွပါတယ္။

မည္သို႔ပင္ျဖစ္ေစကာမူ ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈရသတစ္ခုအေနနဲ႔ တင္ဆက္ေပးခဲ့တဲ့ သ႐ုပ္ေဆာင္ မင္းရဲဆက္ကေတာ့

“အႏုပညာနဲ႔ပတ္သက္ၿပီးေတာ့ အကိုနားလိုက္ၿပီေပါ့ေနာ္။ အကိုနားလိုက္ေတာ့ ပရိသတ္ေတြဘာပဲျဖစ္ျဖစ္ အကုသိုလ္ေလ်ာ့သြားတာေပါ့ အကိုရွိေနလို႔ရွိရင္ အကို႔ကိုၾကည့္ၿပီး အကုသိုလ္ေတြမ်ားေနမွာစိုးလို႔ ကုသိုလ္ေတြျဖစ္ေအာင္လို႔ အနားေပးလိုက္တာ…”

“အႏုပညာအလုပ္ကေနနားလိုက္တာ ၈ ႏွစ္ေက်ာ္ၿပီ။ အိမ္ေထာင္လည္းက်ၿပီဆိုေတာ့ မိသားစုအေရးေရာ အျခားကိုယ္လုပ္ခ်င္တဲ့အေရးႀကီးတဲ့အလုပ္ေတြ အမ်ားႀကီးက်န္ေသးတယ္ ဆိုေတာ့ အဲ့အတြက္ အခ်ိန္ေပးရဦးမယ္ အဲ့အတြက္ အႏုပညာအလုပ္ကိုနားလိုက္တာ။”

“အဲ့အတြက္ အႏုပညာအလုပ္ကိုနားလိုက္တာ အိမ္ေထာင္က်တာ ၃ ႏွစ္ေက်ာ္ပဲရွိေသးတယ္။ အသက္ ၄၀ ေက်ာ္မွအိမ္ေထာင္က်တာပါ။ ခုေတာ့ သမီးေလးတစ္ေယာက္နဲ႔ေပါ့ ။ ခုေတာ့ ျပင္ဦးလြင္မွာ စိုက္ပ်ိဳးေရးလုပ္ငန္း လုပ္ကိုင္ေနပါတယ္” လို႔ ေျဖၾကားပါတယ္။

မင္းရဲဆက္တစ္ေယာက္ကေတာ့ ႐ုပ္ရွင္ပိတ္ကားအထက္မွာသာ ပရိသတ္ေတြလူမုန္းမ်ားရတဲ့ ဇာတ္႐ုပ္မ်ိဳးေတြ သ႐ုပ္ေဆာင္ရေပမယ့္ အျပင္မွာေတာ့ ခ်ိဳသာတဲ့အၿပဳံးေလးေတြကို တကယ့္ကိုစိတ္ႏွလုံးေကာင္းမြန္တဲ့ သူပဲ ျဖစ္ပါတယ္။

အႏုပညာလုပ္ငန္းေတြမလုပ္ေတာ့ေပမယ့္ ႐ိုးရွင္းတဲ့သမာအာဇီဝက်က်စိုက္ပ်ိဳးေရးလုပ္ငန္းေလးကိုလုပ္ကိုင္ကာ မိသားစုနဲ႔အတူျဖတ္သန္းေနတဲ့ မင္းရဲဆက္တို႔မိ သားစုေလးကေတာ့ တကယ္ကိုအားက်ေလာက္စရာပါပဲေနာ္။