အသက်(၃၀)ကျော်(၄၀) ဇာတ်ဝင်ခန်းတွေအတွက် နုပျိုနေအောင် မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ မို့မို့မြင့်အောင်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မို့မို့မြင့်အောင်ကတော့ တစ်ခေတ်တစ်ခါတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေဆဲဖြစ်ပါတယ်။ အနုပညာမှတ်တိုင်အနေနဲ့ အကယ်ဒမီရွှေစင်ရုပ်ထုငါးဆုကို ရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်မှာတော့ အသက်(၅၉)နှစ်ရှိပြီဖြစ်ပြီး ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအတိုင်း အိုမင်းလာတဲ့ဇရာကို အန်တုဖို့ မျက်နှာ ခွဲစိတ်ပြုပြင်မှုတချို့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မျက်နှာပျိုမြစ်နုနယ်ဖို့အတွက် အဆီအစားထိုးကုသခြင်း၊ အသားအရည်တင်းရင်းအောင် ကြိုးထိုးခြင်း၊ မျက်ရစ်ဖော်တာနဲ့ မေးစေ့နားက အဆီအိတ်တွေဖယ်တာကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မျက်နှာပြုပြင်ခဲ့ပေမယ့် ပရိသတ်တွေချစ်တဲ့မို့မို့မြင့်အောင်ရဲ့မျက်နှာ၊ အဖေနဲ့တူတဲ့မျက်နှာကိုတော့ မပြောင်းလဲခဲ့ဘူးလို့ဆိုပါတယ်။

သူဟာ မျက်နှာပြုပြင်ခြင်းကိုလုပ်ထားတာ (၂)လကျော်ပြီဖြစ်ပြီး ပုံမှန်အားဖြင့်တော့ လေးလ(သို့)ခြောက်လနေမှ ပြုပြင်ထားတဲ့မျက်နှာကို မြင်တွေ့မှာဖြစ်ပါတယ်။ လောလောဆယ်တော့ မျက်နှာကရောင်နေတာဖြစ်ပေမယ့် ခွဲစိတ်ပြုပြင်ထားတာပရိသတ်ကို သိစေချင်တဲ့အတွက် ထုတ်ဖော်ပြသခဲ့တယ်လို့ဆိုပါတယ်။ သူဟာဒီပြုပြင်ပြောင်းလဲခြင်းရဲ့အကြောင်းရင်းကိုတော့ တစ်ခါတစ်ရံ အသက်(၃၀)၊(၄၀) ငယ်တဲ့ဇာတ်ရုပ်တွေသရုပ်ဆောင်ရာမှာ အဆင်ပြေဖို့နဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ရှိသင့်ရှိထိုက်တဲ့အလှအပတော့ လိုအပ်တာကြောင့် လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း မို့မို့မြင့်အောင်ရဲ့ ခွဲစိတ်ပြုပြင်မှုအပြီး ပျိုမြစ်နုနယ်လာတဲ့ ပုံရိပ်တချို့ကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“အသက္(၃၀)ေက်ာ္(၄၀) ဇာတ္ဝင္ခန္းေတြအတြက္ ႏုပ်ိဳေနေအာင္ မ်က္ႏွာခြဲစိတ္ျပဳျပင္ခဲ့တဲ့ မို႔မို႔ျမင့္ေအာင္”

ျပည္သူခ်စ္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ မုိ႔မို႔ျမင့္ေအာင္ကေတာ့ တစ္ေခတ္တစ္ခါတုန္းက လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့သူတစ္ေယာက္ျဖစ္တဲ့အျပင္ ယေန႔အခ်ိန္ထိလည္း ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မွုကို ရရွိေနဆဲျဖစ္ပါတယ္။ အႏုပညာမွတ္တိုင္အေနနဲ႔ အကယ္ဒမီေရႊစင္ရုပ္ထုငါးဆုကို ရရွိခဲ့သူျဖစ္ျပီး လက္ရွိအခ်ိန္ထိလည္း ေကာင္းမြန္တဲ့သရုပ္ေဆာင္ခ်က္ေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားထားႏုိင္သူတစ္ေယာက္ပဲျဖစ္ပါတယ္။

သူဟာ လက္ရွိအခ်ိန္မွာေတာ့ အသက္(၅၉)ႏွစ္ရွိျပီျဖစ္ျပီး ေျပာင္းလဲလာတဲ့ေခတ္ေရစီးေၾကာင္းအတိုင္း အိုမင္းလာတဲ့ဇရာကို အန္တုဖို႔ မ်က္ႏွာ ခြဲစိတ္ျပဳျပင္မွုတခ်ိဳ႕ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ မ်က္ႏွာပ်ိဳျမစ္ႏုနယ္ဖို႔အတြက္ အဆီအစားထိုးကုသျခင္း၊ အသားအရည္တင္းရင္းေအာင္ ၾကိဳးထိုးျခင္း၊ မ်က္ရစ္ေဖာ္တာနဲ႔ ေမးေစ့နားက အဆီအိတ္ေတြဖယ္တာကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။မ်က္ႏွာျပဳျပင္ခဲ့ေပမယ့္ ပရိသတ္ေတြခ်စ္တဲ့မို႔မို႔ျမင့္ေအာင္ရဲ႕မ်က္ႏွာ၊ အေဖနဲ႔တူတဲ့မ်က္ႏွာကိုေတာ့ မေျပာင္းလဲခဲ့ဘူးလို႔ဆိုပါတယ္။

သူဟာ မ်က္ႏွာျပဳျပင္ျခင္းကိုလုပ္ထားတာ (၂)လေက်ာ္ျပီျဖစ္ျပီး ပံုမွန္အားျဖင့္ေတာ့ ေလးလ(သို႔)ေျခာက္လေနမွ ျပဳျပင္ထားတဲ့မ်က္ႏွာကို ျမင္ေတြ႔မွာျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ မ်က္ႏွာကေရာင္ေနတာျဖစ္ေပမယ့္ ခြဲစိတ္ျပဳျပင္ထားတာပရိသတ္ကို သိေစခ်င္တဲ့အတြက္ ထုတ္ေဖာ္ျပသခဲ့တယ္လို႔ဆိုပါတယ္။ သူဟာဒီျပဳျပင္ေျပာင္းလဲျခင္းရဲ႕အေၾကာင္းရင္းကိုေတာ့ တစ္ခါတစ္ရံ အသက္(၃၀)၊(၄၀) ငယ္တဲ့ဇာတ္ရုပ္ေတြသရုပ္ေဆာင္ရာမွာ အဆင္ေျပဖို႔နဲ႔ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ ရွိသင့္ရွိထိုက္တဲ့အလွအပေတာ့ လိုအပ္တာေၾကာင့္ လုပ္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဆယ္လီကမာၻပရိသတ္ၾကီးအတြက္လည္း မို႔မို႔ျမင့္ေအာင္ရဲ႕ ခြဲစိတ္ျပဳျပင္မွုအျပီး ပ်ိဳျမစ္ႏုနယ္လာတဲ့ ပံုရိပ္တခ်ိဳ႕ကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar