သူငယ်ချင်းတွေနဲ့ဟင်းတွေချက်ကာပျော်ပျော်ပါးပါးစားသောက်နေကြတဲ့ သက်မွန်မြင့်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အနုပညာသက်တမ်းနှစ်(၂၀) ကျော်တိုင်အောင် အောင်မြင်မှုတွေများစွာနဲ့ယနေ့ထိတိုင်အောင်ရပ်တည်နိုင်သူလေးကတော့ ပြည်သူချစ်မင်းသမီးချောလေး သက်မွန်မြင့်ပါ။ သားနဲ့သမီးကို ထူးချွန်တဲ့ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ရုံသာမကပဲ အားလပ်ချိန်များတွင်လည်း ပရိသတ်တွေအတွက် ရုပ်ရှင်ဇာတ်ကားများရိုက်ကူးနေတာပါ။

လတ်တလောမှာလည်း ပွဲအခမ်းအနားတွေနဲ့ကြော်ငြာလေးတွေရိုက်ကူးဖြစ်နေတာပါ။ ချစ်သက်ဟာ အားလပ်ရက်တွေမှာလည်း သူငယ်ချင်းတွေနဲ့အတူတူ အချိန်ကုန်ဆုံးလေ့ရှိတာပါ။ အခုတစ်ခါမှာလည်း သူတို့သူငယ်ချင်းတွေရဲ့Facebook Page တစ်ခုဖြစ်တဲ့ BFF တွင် ပုံရိပ်လေးတွေ တင်ထားတာပါ။

ဒါကတော့ ” ပိန်ချင်တယ်လို့ အော်နေတာလဲ ဒီအဖွဲ့ပဲ

စားနေတာလဲ ဒီအဖွဲ့ပဲ

ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့အဓိကပဲဟေး

(မပိန်မဲ့ တူတူ မထူးဇာတ်ခင်းခြင်း) ” ဆိုပြီး ရေးသားထားတာပါ။ ချစ်သက်လေးဟာ သူငယ်ချင်းတွေနဲ့စားသောက်ကြရင်း ပျော်ရွှင်နေတာပါ။ ပရိသတ်တွေအတွက် ချစ်သက်တို့သူငယ်ချင်းတွေရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit – BFF Facebook Page

Photo Credit- BFF Facebook Page
“Myanmarload’

Zawgyi ဖြင့်ဖတ်ပါ
★★★★★




စားနေတာလဲ ဒီအဖွဲ့ပဲ




“Myanmarload’