ခင်လှိုင်စိတ်ဆိုးအောင် အမြဲစနောက်ပေမယ့် ဂါဝရတရားနဲ့ အမြဲကန်တော့တဲ့အကြောင်း ပြောပြလာတဲ့ ဒိန်းဒေါင်

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာဟာသပြက်လုံးတွေနဲ့ မရိုးနိုင်အောင် အားလုံးကိုရယ်မောပျော်ရွှင်စေပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော် ဟာသ သရုပ်ဆောင်တွေကတော့ ခင်လှိုင်နဲ့ ဒိန်းဒါင်တို့ သူငယ်ချင်းနှစ်ယောက်ပါပဲနော်..။

 

အပေးအယူမျှမျှ အတွဲညီညီနဲ့ ပြက်လုံးတွေကြား ခင်မင်မှုလေးတွေအပြင် တကယ့်အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်ကြရင်း ချစ်ခင်ကြတဲ့ ဒိန်းဒေါင်နဲ့ ခင်လှိုင်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ အောင်မြင်တဲ့ အနုပညာရှင်တွေအဖြစ် ရပ်တည်နေကြသူတွေလည်း ဖြစ်ပါတယ်နော်..။

ဒိန်းဒေါင်ကတော့ အခုတစ်ခါမှာလည်း ခင်လှိုင်ကိုစိတ်ဆိုးအောင် အမြဲစနောက်ပေမယ့် သူငယ်ချင်းဖြစ်သလို အနုပညာလောကမှာ စီနီယာလည်းဖြစ်တာမို့ ဂါဝရတရားလေးနဲ့ အမြဲကန်တော့ဖြစ်တဲ့အကြောင်းလေးတွေကို ပြောပြလာခဲ့ပါတယ်..။

အနုပညာအလုပ်တွေအတူလုပ်တဲ့ အကြောင်းလေးတွေနဲ့ အပြင်မှာ သူငယ်ချင်းအချင်းချင်း စနောက်ကြတဲ့ အမှတ်တရလေးတွေအပြင် အပြန်အလှန် ဂါဝရတရားလေးတွေ ထားကြတဲ့ အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

“ကျွန်တော်နောက်လို့ သူစိတ်ဆိုးတာကြီးပဲ ကျွန်တော်က အရမ်းအစအနောက် ဝါသနာပါတယ် ထီပေါက်ပြီဆိုပြီး သူများကို ဖုန်းဆက်ခိုင်းတာ၊ လေယာဉ်ပေါ်မှာ အိပ်နေတဲ့အချိန် တစ်ယောက်တည်းထားခဲ့တာတို့ ပြီးတော့ဆံပင်ကို ခဏခဏဆွဲလို့ ဆံပင်တေဇောပန်းတွေလိမ်းထားတာ သူကဆွဲပြီး ချွေးသုတ်လို့ သုတ်လိုက်တာ မျက်လုံးကြီးပိတ်သွားတာ တစ်လလောက် စကားမပြောဘူး.. မတည့်ဘူးဆိုတာ မရှိဘူး.. အရင်ကဆို ခဏခဏတွေ့နေလို့ စိတ်မဆိုးဖြစ်ကြပါဘူး.. တစ်ယောက်နဲ့တစ်ယောက် နာနာကျည်းကျည်း စိတ်ဆိုးတယ်ဆိုတာတော့ မရှိဖူးဘူး..” ဆိုပြီးတော့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်မှုလေးတွေကို ပြောပြထားတာပါ..။

“ကျွန်တော်က ကိုခင်လိူင်ကို အမြဲကန်တော့တယ် သူကကျွှန်တော့်ထက်အသက်လဲကြီးတယ် ဝါလည်းရင့်တယ် သူငယ်ချင်းကသူငယ်ချင်းပဲ အမြဲတမ်း ဂါဝရတရား ထားပါတယ် ..” ဆိုပြီး ပြောပြထားတဲ့ ဒိန်းဒေါင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit – Khin Hlaing’s Facebook
“Myanmarload

Zawgyi ဖြင့်ဖတ်ပါ
★★★★★






“ကျွန်တော်က ကိုခင်လိုင်ကို အမြဲကန်တော့တယ် သူကကျွှန်တော့်ထက်အသက်လဲကြီးတယ် ဝါလည်းရင့်တယ် သူငယ်ချင်းကသူငယ်ချင်းပဲ အမြဲတမ်း ဂါဝရတရား ထားပါတယ် ..” ဆိုပြီး ပြောပြထားတဲ့ ဒိန်းဒေါင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
“Myanmarload