လက်နှစ်ချောင်း ထောင်၊ ဓါတ်ပုံ ရိုက်တာက အန္တရာယ် ရှိတယ်လို့ ရဲအဖွဲ့က ထုတ်ပြန်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★





ဒါကြောင့်၊ ကိုယ်က ဓါတ်ပုံ ရိုက်တော့မယ်ဆိုရင် ဖြစ်နိုင်ရင် လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တာကို ရှောင်သင့်သလို၊ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံမရိုက်ရင် ပိုကောင်းပါတယ်။




ဒါကြောင့်မို့လို့ တကယ်လို့ ဓါတ်ပုံရိုက်မယ်ဆိုရင် လက်နှစ်ချောင်းထောင်ပြီး ရိုက်တာကိုတော့ တက်နိုင်သမျှ ရှောင်သင့်ပြီး၊ ရှောင်မှသာ ကိုယ့်ရဲ့အသက်အန္တာရယ် ကင်းရှင်းမှာ ဖြစ်ပါတယ်။


Unicode ဖြင့်ဖတ်ပါ
★★★★★

လက်နှစ်ချောင်း ထောင်၊ ဓါတ်ပုံ ရိုက်တာက အသက်အန္တရာယ် ရှိတယ်လို့ ရဲအဖွဲ့က ထုတ်ပြန်

မလေးရှားနိုင်ငံက (RMP) ရဲတပ်ဖွဲ့က ဓါတ်ပုံ ရိုက်တဲ့ အခါမှာ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံ ရိုက်တာက အလွန်အန္တာရာယ်များပြီး အသက် အန္တာရယ်တောင် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာကြောင့် အသက်အန္တရာယ် ရှိတယ်လို့ ပြောနိုင်တာလဲ ဆိုရင် လက်နှစ်ချောင်းကိုထောင်ပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ဟက်ကာသမားတွေက လက်ဗွေရာကို ခြေရာခံမိနိုင်လို့ပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အမျိုးသမီး သတင်းအချက်အလက် အဖွဲ့အစည်း (NII) ကလည်း (၃) မိတာအကွာ အဝေးကနေ ရိုက်ထားတဲ့လက်ချောင်းကနေ လက်ဗွေရာရနိုင်တယ်လို့ ထုတ်ပြန် သွားပါတယ်။

ဒါကြောင့်၊ ကိုယ်က ဓါတ်ပုံ ရိုက်တော့မယ်ဆိုရင် ဖြစ်နိုင်ရင် လက််နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တာကို ရှောင်သင့်သလို၊ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံမရိုက်ရင် ပိုကောင်းပါတယ်။

Worldofbuzz သတင်းက ဟက်ကာသမားတွေဟာ ဓါတ်ပုံထဲကနေ လက်ဗွေရာ ရနိုင်ဖို့အတွက် နည်းပညာမလိုအပ်ဘဲ ဓါတ်ပုံ ကြည်ရင် လက်ဗွေ အလွယ်ရနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါ တယ်။

တကယ်လို့ ဟက်ကာသမားတွေက လက်ဗွေရာကို ရသွားပြီဆိုရင် လက်ဗွေရာကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ဘဏ်အကောင့် ဒါမှမဟုတ်ရင် ဖုန်းထဲကိုအလွယ်တကူ ဝင်ရောက်နိုင်ပါ တယ်။

ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်မှာ Alphr သတင်းက ဟက်ကာသမားဖြစ်သူ Jan Starbug Krissler ဟာ ဂျာမနီကာကွယ်ရေး ဝန်ကြီးချုပ်လက်ဗွေရာကို ဓါတ်ပုံကနေ ရယူနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့်မို့လို့ တကယ်လို့ ဓါတ်ပုံရိုက်မယ်ဆိုရင် လက်နှစ်ချောင်းထောင်ပြီး ရိုက်တာကိုတော့ တက်နိုင်သမျှ ရှောင်သင့်ပြီး၊ ရှောင်မှသာ ကိုယ့်ရဲ့အသက်အန္တာရယ် ကင်းရှင််းမှာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )