“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးက ချင်းပြည်နယ်ရဲ့ အငွေ့အသက်တွေကို အပြည့်အဝခံစားရစေတယ်ဆိုတဲ့ အက်စတာ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

အက်စတာကတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ဘူဆန်မြို့တို့နဲ့ မြန်မာနိုင်ငံရှိ ချင်းတောင်တန်းရဲ့ အလှအပတွေကို နောက်ခံထားရိုက်ကူးထားတဲ့ နှစ်နိုင်ငံချစ်ကြည်ရေးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကနေ ချင်ပြည်နယ်ရဲ့ အငွေ့အသက်တွေကို အပြည်အဝခံစားရစေတဲ့ အကြောင်းကို “ဒီညဟာမနက်ဖြန်ရောက်ရင် အတိတ်ဖြစ်သွားတော့မယ်ဆိုပေမယ့် ဘဝမှာအရမ်းပျော်ရွှင်ခဲ့တဲ့အမှတ်တရတစ်ခုဖြစ်ပြန်တော့လည်းအရမ်းပျော်မိတယ်။

တိမ်တွေပေါ်ကပန်း ကိုကြည့်ချင်းအားဖြင့်ချင်းပြည်နယ်အလှ ချင်းရိုးရာအက ချင်းရိုးရာဝတ်စုံ ချင်းယဉ်ကျေးမှုတွေအပြင် ဘဝသင်ခန်းစာသုတရသမျိုးစုံခံစားရပါတယ် အားလုံးလည်းကြည့်ကြပါ သင်ခန်းစာတစ်ခုခုတော့ရပါလိမ့်မယ် လို့ပြောချင်ပါတယ်ရှင့်” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ချင်းတိုင်းရင်သူလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျင်းပခဲ့တဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲကြီးကို မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေနဲ့အတူ တတ်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ဒီအထူးပွဲကိုတော့ ချင်းတိုင်းရင်းသားပြိုင်ပွဲဝင်တွေဖြစ်တဲ့ အက်စတာဒေါ့သ်ချင်းဆုန်၊ဘင်ဂျမင်ဆုမ်း၊ယောကီး တို့က ချင်းရိုးရာဝတ်စုံလေးတွေ ဝတ်ဆင်ပြီး တတ်ရောက်ခဲ့ပါတယ်။

CeleGabar ပရိသတ်ကြီးရေ အက်စတာကတော့ ချင်ပြည့်နယ်ရဲ့ အငွေ့အသက်တွေကို ချစ်တဲ့ပရိသတ်တွေ အပြည့်အဝခံစားချင်ရင်တော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှု့အားပေးကြပါတဲ့နော်။ဒီဇင်ဘာလ(၅)ရက်နေ့ဖြစ်တဲ့ မနက်ဖြန်ညမှာဆိုရင် မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ ကျန်ရှိနေသေးတဲ့ Top (6) ရဲ့ ဟေမာန်ဆောင်း သီချင်း နဲ့ ယှဉ်ပြိုင်သီဆိုကို ကြည့်ရှု့ခံစားရတော့မှာလည်းဖြစ်ပါတယ်။

Source: Esther DC
DarDar-CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★



