ပြိုင်ဖက်ကစားသမားကိုယ်တိုင်က အရှုံးပေးရတဲ့အထိ စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့တဲ့ သက်ထားသူဇာ

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ နိုင်ငံဂုဏ်ဆောင်ကြက်တောင်အားကစားမယ်လေး သက်ထားသူဇာကတော့ လတ်တလော ဖိလစ်ပိုင်နိုင်ငံမှာအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ဒီနေ့ ဒီဇင်ဘာလ (၅)ရက်နေ့မှာတော့ သက်ထားသူဇာအတွက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပထမဆုံးပြိုင်ပွဲကို မလေးရှားနိုင်ငံရဲ့ နိုင်ငံကိုယ်စားပြုကစားသမားဖြစ်တဲ့ Soniia Cheah Su Ya နဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး Soniia Cheah Su Ya ကို (၁၈-၂၁) (၂၁-၁၅) (၁၂-၅) အနိုင်ရရှိခဲ့ပါတယ်။

Soniia Cheah Su Ya ဟာဆိုရင် (၂၀၁၇)ခုနှစ်မှာကျင်းပပြုလုပ်ခဲ့တဲ့ ဆီဂိမ်းပြိုင်ပွဲကြီးမှာ ငွေတံဆိပ်ဆုကြီးကို ဆွတ်ခူးပိုင်ဆိုင်ထားတဲ့ အားကစားသမားတစ်ဦးဖြစ်ပါတယ်။ Soniia Cheah Su Ya ဟာ မြန်မာကိုယ်စားပြုကစားသမားဖြစ်တဲ့ သက်ထားသူဇာနဲ့ ယှဉ်ပြိုင်နေရင်း တတိယပွဲမှာတော့ အရှုံးပေးရတဲ့အထိကို ဖြစ်ပွားခဲ့ပြီး သက်ထားသူဇာကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီပဲဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ လာမယ့် ဒီဇင်ဘာလ (၇)ရက်နေ့မှာ ဆက်လက်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။CeleGabar ပရိသတ်ကြီးရေ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာလည်း ဆက်လက်အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုကြီးကို အရယူပေးနိုင်အောင် အားပေးစကားလေးတွေပြောသွားပေးပါဦးနော်။

Source – CeleGabar,THET HTER Thuzar
CleoPaTra – CeleGabar

Video Credit : elevenbroadcasting

Zawgyi ဖြင့်ဖတ်ပါ
★★★★★





CleoPaTra – CeleGabar