ဂါယာမြို့က ဂျပန်ဘုရားကြီးမှာ ဆုတစ်ခုတောင်းခဲ့တယ်ဆိုတဲ့ အေးမြတ်သူ

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

အေးမြတ်သူကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂)ရက်နေ့ကနေစပြီး မိသားစုစုံစုံညီညီနဲ့ ဘုရားဖူးထွက်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ(၃)ရက်နေ့က မြတ်စွာဘုရားဒုက္ကရစရိယာကျင့်ကြံရာဌာနေကို မိသားစုစုံစုံညီညီပျော်ပျော်ရွှင်ရွှင်နဲ့ သွားရောက်ဖူးမျှော်ခဲ့တယ်လို့သိရပါတယ်။ လတ်တလောမှာတော့ ဂါယာမြို့က ဂျပန်ဘုရားကြီးကို သွားရောက်ဖူးမျှော်ခဲ့တာဖြစ်တယ်လို့ အေးမြတ်သူက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြထားတာဖြစ်ပါတယ်။

ယခုလိုသွားရောက်ဖူးမျှော်ရင်း ဆုတစ်ခုတောင်းမိတယ်ဆိုတဲ့ အကြောင်းကို “ဂါယာမြို့က ဂျပန်ဘုရားကြီး ဆုတစ်ခုတောင်းခဲ့သည်။ ဂျပန် က ကာမာကူရဘုရားကြီး အား မိသားစုတွေအတူတူ ဖူးမျှော်ရပါလို၏။ အဖေနဲ့အမေ ကို ဂျပန် လိုက်ပို့ချင်တယ်။(၇)ရက်သားသမီးများအားလုံး လိုအင်ဆန္ဒတွေပြည့်ဝကြပါစေရှင်” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အေးမြတ်သူကတော့ အနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့ သရုပ်ဆောင်တွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ဇာတ်လမ်းဇာတ်ကွက်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးသရုပ်ဆောင်အကယ်ဒမီဆုကို” နောင်တွင်ဥဒါန်းတွင်စေသတည်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ထိုက်ထိုက်တန်တန်သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ဘာသာတရားကိုင်းရှိုင်းပြီး မိဘအပေါ်သိတတ်တဲ့ သမီးလိမ္မာလေး အေးမြတ်သူကတော့ မိသားစုနဲ့အတူ အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမျှော်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ ရာဇဂြိုလ်ပြည်ကို ရောက်ရှိနေပါပြီတဲ့နော်။

Source – Aye Myat Thu
DarDar – CeleGabar

Zawgyi ျဖင့္ဖတ္ပါ
★★★★★

“ဂါယာၿမိဳ႕က ဂ်ပန္ဘုရားႀကီးမွာ ဆုတစ္ခုေတာင္းခဲ့တယ္ဆိုတဲ့ ေအးျမတ္သူ”

ေအးျမတ္သူကေတာ့ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၂)ရက္ေန႔ကေနစၿပီး မိသားစုစုံစုံညီညီနဲ႔ ဘုရားဖူးထြက္ခဲ့တာျဖစ္ပါတယ္။ ဒီဇင္ဘာလ(၃)ရက္ေန႔က ျမတ္စြာဘုရားဒုကၠရစရိယာက်င့္ႀကံရာဌာေနကို မိသားစုစုံစုံညီညီေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ သြားေရာက္ဖူးေမွ်ာ္ခဲ့တယ္လို႔သိရပါတယ္။ လတ္တေလာမွာေတာ့ ဂါယာၿမိဳ႕က ဂ်ပန္ဘုရားႀကီးကို သြားေရာက္ဖူးေမွ်ာ္ခဲ့တာျဖစ္တယ္လို႔ ေအးျမတ္သူက သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာထက္ကေန ေဖာ္ျပထားတာျဖစ္ပါတယ္။

ယခုလိုသြားေရာက္ဖူးေမွ်ာ္ရင္း ဆုတစ္ခုေတာင္းမိတယ္ဆိုတဲ့ အေၾကာင္းကို “ဂါယာၿမိဳ႕က ဂ်ပန္ဘုရားႀကီး ဆုတစ္ခုေတာင္းခဲ့သည္။ ဂ်ပန္ က ကာမာကူရဘုရားႀကီး အား မိသားစုေတြအတူတူ ဖူးေမွ်ာ္ရပါလို၏။ အေဖနဲ႔အေမ ကို ဂ်ပန္ လိုက္ပို႔ခ်င္တယ္။(၇)ရက္သားသမီးမ်ားအားလုံး လိုအင္ဆႏၵေတြျပည့္ဝၾကပါေစရွင္” ဆိုၿပီး ေရးသားေဖာ္ျပထားတာျဖစ္ပါတယ္။ ေအးျမတ္သူကေတာ့ အႏုပညာေလာကမွာ ထိပ္တန္းေရာက္ေနတဲ့ သ႐ုပ္ေဆာင္ေတြထဲကတစ္ေယာက္ပဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ပိုင္းမွာ ဇာတ္လမ္းဇာတ္ကြက္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္သူတစ္ေယာက္ျဖစ္တာေၾကာင့္ အေကာင္းဆုံးသ႐ုပ္ေဆာင္အကယ္ဒမီဆုကို” ေနာင္တြင္ဥဒါန္းတြင္ေစသတည္း”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ထိုက္ထိုက္တန္တန္သိမ္းပိုက္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

CeleGabar ပရိသတ္ႀကီးေရ ဘာသာတရားကိုင္းရႈိင္းၿပီး မိဘအေပၚသိတတ္တဲ့ သမီးလိမၼာေလး ေအးျမတ္သူကေတာ့ မိသားစုနဲ႔အတူ အိႏၵိယႏိုင္ငံမွ ဗုဒၶဂါယာသို႔ သြားေရာက္ဖူးေမွ်ာ္ေနတာလည္းျဖစ္ပါတယ္။လက္ရွိမွာေတာ့ ရာဇၿဂိဳလ္ျပည္ကို ေရာက္ရိွေနပါျပီတဲ့ေနာ္။