စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ ASIAN ACADEMY CREATIVE AWARDS ပွဲကြီးကို တက်ရောက်ရမယ့် ရွှေကစ်လေး

ဇော်ဂျီ / ယူနီကုဒ်

Unicode ဖြင့်ဖတ်ပါ
★★★★★

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောလေး ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ လာမယ့်ဒီဇင်ဘာလ (၆)ရက်နေ့ စင်္ကာပူနိုင်ငံမှာကျင်းပပြုလုပ်မည့် “ASIAN ACADEMY CREATIVE AWARDS” ပွဲကြီးရဲ့ Red Carpetပွဲ ကို တက်ရောက်သွားမှာဖြစ်တဲ့ အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့မှာ ဖော်ပြလာတာပဲဖြစ်ပါတယ်။ရွှေကစ်လေးကတော့ ဒီပွဲကြီးကို “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မြန်မာနိုင်ငံကိုယ်စားပြု အနုပညာရှင်အဖြစ် တက်ရောက်သွားမှာဖြစ်ပါတယ်။

ရွှေကစ်လေးကတော့ စင်္ကာပူနိုင်ငံမှာရောက်ရှိနေတဲ့ သူ့ရဲ့ ချစ်ရတဲ့ ပရိသတ်တွေကို ဒီပွဲမှာလာရောက်အားပေးဖို့ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။”ASIAN ACADEMY CREATIVE AWARDS” ပွဲကြီးမှာတော့ တခြားနိုင်ငံတွေက နာမည်ကြီးအနုပညာရှင်တွေလည်း အများအပြားတက်ရောက်မှာဖြစ်ပြီး ရွှေကစ်လေးကတော့ မြန်မာနိုင်ငံရဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့တက်ရောက်သွားမှာဖြစ်ပါတယ်။

ဒီပွဲကြီးမှာတော့ ရွှေကစ်လေးက ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးဓာတ်ပုံတွေရိုက်ကူးသွားချင်တာကြောင့် လာမယ့် ပရိသတ်တွေကိုလည်း ကြိုတင်အကြောင်းကြားပေးဖို့တောင်းဆိုထားပါသေးတယ်။ကဲ…CeleGabar ပရိသတ်ကြီးတွေထဲက စင်္ကာပူနိုင်ငံကိုရောက်နေတဲ့ ရွှေကစ်ရဲ့ ပရိသတ်တွေ အတွက် ဒီသတင်းလေးကိုမျှဝေပေးလိုက်ပါတယ်။

Source – Wutt Hmone Shwe Yi
CleoPaTra – CeleGabar

Zawgyi ဖြင့်ဖတ်ပါ
★★★★★





CleoPaTra – CeleGabar