စင်္ကာပူနိုင်ငံမှာ လွတ်လွတ်လပ်လပ် Night Out ထွက်ခဲ့တဲ့ပုံလေးတွေ မျှဝေလာတဲ့ ဝတ်မှုံရွှေရည်

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★






Source: Wutt Hmone Shwe Yi’s fb,CRD-momolay

Unicode ဖြင့်ဖတ်ပါ
★★★★★

နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က အနုပညာလောကရဲ့ လင်းလက်တောက်ပဆုံးသော ကြယ်ပွင့်လေးတစ်ပွင့်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီးတွေကိုလည်း ရရှိပိုင်ဆိုင်ထားပြီး အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် လုပ်ကိုက်နေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်အားပေးကြတာ ဖြစ်ပါတယ်။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်က လတ်တလောမှာတော့ ဒီဇင်ဘာလ (၆)ရက်နေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Awards ပွဲအခမ်းအနားကို တက်ရောက်ဖို့ စင်္ကာပူနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က စင်္ကာပူကိုရောက်ခိုက် သာယာလှပတဲ့ ညခင်းအချိန်လေးမှာ လျှောက်လည်ရင်း Night Out ထွက်ခဲ့တာကို တွေ့ရပါတယ်။းပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဝတ်မှုံရွှေရည်က Asian Academy Creative Awards မှာ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ရရှိခဲ့တာဖြစ်ပြီး ဆုတက်ယူရမှာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ကတော့ စင်္ကာပူညရဲ့ မီးရောင်စုံတွေကြားမှာ တော်တော်လေး ပျော်ရွှင်နေပုံပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ အမိုက်စားပုံရိပ်တွေကိုကြည့်ပြီး သဘောကျကျေနပ်ကြမယ် ထင်ပါတယ်နော်။