G-fatt နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ပြန်လည်ဖြေရှင်းလိုက်တဲ့ အမရာဘုန်း

ဇော်ဂျီ / ယူနီကုဒ်

Zawgyi ဖြင့်ဖတ်ပါ
★★★★★




Source : MC

Unicode ဖြင့်ဖတ်ပါ
★★★★★

ပရိသတ်ကြီးရေ .. လတ်တလော ပရိသတ်တွေစိတ်ဝင်တစားဖြစ်နေကြတာတော့ G-fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးပါ ။ ပရိသတ်တွေက အရင်လို ချစ်ချစ်ခင်ခင် ပြန်မြင်ချင်နေကြပေမယ့် သူတို့နှစ်ယောက်ကတော့ ချစ်သူတွေမဟုတ်ကြတော့ဘူးလို့ အတိလင်းကြေညာလိုက်ပြီဖြစ်ပါတယ် ။ ချစ်သူတွေမဟုတ်ကြတော့သလို ရန်သူတွေလည်းမဟုတ်ကြတော့တဲ့အတွက် အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ အကြံပေးတာတွေ ကူညီပေးတာတွေရှိနေဦးမှာပါပဲ လို့ နန်းဆုက အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါသေးတယ် ။

အခု လက်ရှိမှာ တော့ နန်းဆုရဲ့ ပြတ်သွားတဲ့ G-fatt တစ်ယောက် Frenzo အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အမရာဘုန်းနဲ့ တွဲနေကြတယ်ဆိုတဲ့ ကောလဟာလတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ် ။ နန်းဆုနဲ့ပြတ်တာမကြာသေးတဲ့ G-fatt ကို အခုလို သတင်းတွေထွက်ပေါ်လာတဲ့အတွက် ပရိသတ်တွေကလည်း အပြင်းထန်ဝေဖန်နေခဲ့ကြတာပါ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမရာဘုန်းက သူမနဲ့ G-fatt ကဘာပတ်သတ်မှုမှမရှိသလို အနုပညာမောင်နှမတွေပါပဲ လို့ ပြန်လည်ရှင်းပြလာခဲ့ပါတယ် ။ သူမ အနေနဲ့ Bunny Phyoe နဲ့တုန်းကလည်း ကောလဟာလတွေထွက်ခဲ့သေးတဲ့အတွက် တစ်ခုခုဆိုသူမကိုပဲ ဆွဲထည့်နေကြတယ်လို့ လည်း ပြောခဲ့ပါသေးတယ် ။

အဖွဲ့ထဲမှာ အမရာဘုန်းက အငယ်ဆုံးဖြစ်တဲ့အပြင် အားလုံးက ညီမလေးတစ်ယောက်လိုပဲ ဆက်ဆံကြတာပါလို့ ပရိသတ်တွေကို ဖြေရှင်းခဲ့တာဖြစ်ပါတယ် ။ လတ်တလော G-fatt နဲ့သီချင်းနှစ်ပုဒ်လုပ်ထားပြီး မကြာခင်ပရိသတ်တွေရှေ့ကို ချပြတော့မှာလို့လည်း သိရပါတယ် ။ ပရိသတ်ကြီးကလည်း G-fatt နဲ့ အမရာဘုန်းတို့ရဲ့ ဆက်ဆံရေးကို သံသယကင်းလောက်ပြီထင်ပါတယ်နော် ။

Source : MC
Crd;Molly ( Cele Connections)