ပုံအစစ်လို့အထင်မှားလောက်တဲ့ ရုပ်ရှင်ထဲကတိုက်ပွဲပုံရိပ်တွေ ဝေမျှလာတဲ့ တိုင်ရွန်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Zawgyi ျဖင့္ဖတ္ပါ
★★★★★

Tyron ဟာ အျပံဳးခ်ိဳခ်ဳိနဲ႔ ေယာက္်ားပီသျပီးစြဲမက္ဖြယ္ေကာင္းတဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ဦးအျဖစ္ ပရိသတ္ေတြၾကားမွာေရပန္းစားသူျဖစ္သလို နႈတ္ခမ္းနီမေလးေတြအသည္းစြဲ မင္းသားတစ္လက္လည္းျဖစ္ပါတယ္။ Tyron ဟာ ေမာ္ဒယ္အျဖစ္နဲ႔ အနုပညာေလာကထဲကုိစတင္ဝင္ေရာက္လာခဲ့ေပမယ့္လည္း သရုပ္ေဆာင္လည္းလုပ္နုိင္ျပီး ရုပ္ရွင္ကားၾကီးေတြရုိက္ထားသလို သီခ်င္းဆိုတာလည္းအသံေကာင္းတဲ့ စြယ္စံုရအနုပညာရွင္တစ္ဦးလို႔ေျပာရင္လည္းမမွားပါဘူး။

တိုင္ရြန္က သူ႔ရဲ႕ လူမႈကြန္ယက္မွာ လက္ရွိရုိက္ေနတဲ့ Legends of Warriors ဇာတ္ကားၾကီးရဲ႕ ရိုက္ကြင္းေနာက္ကြယ္က ဓာတ္ပံုေလးေတြကုိ တင္ေပးေလ့ရွိပါတယ္။ “တစစ္တမက္ ကုိယ္နွင့္သက္ကုိ” လို႔အမည္ရတဲ့ Legends of Warriors ဇာတ္ကားၾကီးဟာ (၇၅) နွစ္ေျမာက္ စိန္ရတုတပ္မေတာ္ေန႔အထိန္းအမွတ္အျဖစ္ ဂုဏ္ျပဳရိုက္ကူးေနတဲ့ ဇာတ္ကားၾကီးျဖစ္ျပီး အနုပညာေလာကၾကီးတစ္ခုလံုးနီးပါးက သရုပ္ေဆာင္ေတြစံုစံုလင္လင္ပါဝင္ရုိက္ကူးထားပါတယ္။ တိုင္ရြန္က အဲဒီဇာတ္ကားမွာ သတင္းေထာက္ ေမာင္ေဖခင္အျဖစ္ပါဝင္သရုပ္ေဆာင္ေနတာလည္းျဖစ္ပါတယ္။

တုိင္ရြန္က Legends of Warriors ဇာတ္ကားၾကီး ရုိက္ကူးေနမႈ BTS ေတြကုိသူ႔ရဲ႕ လူမႈကြန္ယက္မွာအခါအားေလ်ာ္စြာတင္ေပးေနတာျဖစ္ျပီး ျပီးခဲ့တဲ့ ရက္ကလည္း အရုဏ္ဦးတိုက္ပြဲရုိုက္ကူးေနမႈဓာတ္ပံုေတြကုိတင္ေပးထားခဲ့ပါတယ္။ ဓာတ္ပံုေတြဟာအလင္းအေမွာင္ကြက္တိက်လြန္းျပီး အရမ္းကိုမိုက္လြန္းတာေၾကာင့္ ပံုအစစ္လားလို႔ေတာင္ comment မွာ ဝုိင္းေမးၾကရတဲ့အထိပါပဲ။ အဲဒီပံုေတြဟာ တမုဟုတ္ခ်င္းပဲ ပရိသတ္ေတြၾကားမွာ ပ်ံ႕နွွံ႔သြားခဲ့ျပီး ပံုအစစ္ေတြနဲ႔တူလြန္းလို႔အားလံုးက မ်က္လံုးျပဴးခဲ့ၾကရပါတယ္။ တိုင္ရြန္ရဲ႕ပိုစ့္ေအာက္က comment ေတြမွာလည္း ပံုေတြကအရမ္းအသက္ဝင္တယ္အစစ္အတိုင္းပဲဆိုတဲ့ comment ေလးေတြပလူပ်ံေနခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္တိုင္ရြန္ရဲ႕ ဓာတ္ပံုေလးေတြကုိေဖာ္ျပေပးလိုက္ပါတယ္။ ပရိသတ္ၾကီးေရာ တုိင္ရြန္ကုိခ်စ္ၾကလား။ တို္င္ရြန္ပါဝင္တဲ့ Legends of Warriors ဇာတ္ကားၾကီးကိုေရာအားေပးဖို႔အသင့္ပဲလား။ေျပာခဲ့ၾကပါဦး။

Photos from Tyron’s Facebook.

Unicode ဖြင့်ဖတ်ပါ
★★★★★

Tyron ဟာ အပြုံးချိုချိုနဲ့ ယောက်ျားပီသပြီးစွဲမက်ဖွယ်ကောင်းတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေကြားမှာရေပန်းစားသူဖြစ်သလို နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ Tyron ဟာ မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့ပေမယ့်လည်း သရုပ်ဆောင်လည်းလုပ်နိုင်ပြီး ရုပ်ရှင်ကားကြီးတွေရိုက်ထားသလို သီချင်းဆိုတာလည်းအသံကောင်းတဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးလို့ပြောရင်လည်းမမှားပါဘူး။

တိုင်ရွန်က သူ့ရဲ့ လူမှုကွန်ယက်မှာ လက်ရှိရိုက်နေတဲ့ Legends of Warriors ဇာတ်ကားကြီးရဲ့ ရိုက်ကွင်းနောက်ကွယ်က ဓာတ်ပုံလေးတွေကို တင်ပေးလေ့ရှိပါတယ်။ “တစစ်တမက် ကိုယ်နှင့်သက်ကို” လို့အမည်ရတဲ့ Legends of Warriors ဇာတ်ကားကြီးဟာ (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့အထိန်းအမှတ်အဖြစ် ဂုဏ်ပြုရိုက်ကူးနေတဲ့ ဇာတ်ကားကြီးဖြစ်ပြီး အနုပညာလောကကြီးတစ်ခုလုံးနီးပါးက သရုပ်ဆောင်တွေစုံစုံလင်လင်ပါဝင်ရိုက်ကူးထားပါတယ်။ တိုင်ရွန်က အဲဒီဇာတ်ကားမှာ သတင်းထောက် မောင်ဖေခင်အဖြစ်ပါဝင်သရုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တိုင်ရွန်က Legends of Warriors ဇာတ်ကားကြီး ရိုက်ကူးနေမှု BTS တွေကိုသူ့ရဲ့ လူမှုကွန်ယက်မှာအခါအားလျော်စွာတင်ပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ကလည်း အရုဏ်ဦးတိုက်ပွဲရိုက်ကူးနေမှုဓာတ်ပုံတွေကိုတင်ပေးထားခဲ့ပါတယ်။ ဓာတ်ပုံတွေဟာအလင်းအမှောင်ကွက်တိကျလွန်းပြီး အရမ်းကိုမိုက်လွန်းတာကြောင့် ပုံအစစ်လားလို့တောင် comment မှာ ဝိုင်းမေးကြရတဲ့အထိပါပဲ။ အဲဒီပုံတွေဟာ တမုဟုတ်ချင်းပဲ ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး ပုံအစစ်တွေနဲ့တူလွန်းလို့အားလုံးက မျက်လုံးပြူးခဲ့ကြရပါတယ်။ တိုင်ရွန်ရဲ့ပိုစ့်အောက်က comment တွေမှာလည်း ပုံတွေကအရမ်းအသက်ဝင်တယ်အစစ်အတိုင်းပဲဆိုတဲ့ comment လေးတွေပလူပျံနေခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်တိုင်ရွန်ရဲ့ ဓာတ်ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရော တိုင်ရွန်ကိုချစ်ကြလား။ တိုင်ရွန်ပါဝင်တဲ့ Legends of Warriors ဇာတ်ကားကြီးကိုရောအားပေးဖို့အသင့်ပဲလား။ပြောခဲ့ကြပါဦး။

Photos from Tyron’s Facebook.