တိုက်ခိုက်မှုတွေရှိနေပေမယ့် အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ့် မင်းထက်နဲ့ စိုးနန္ဒာကျော်

ေဇာ္ဂ်ီ / ယူနီကုဒ္္

Unicode ဖြင့်ဖတ်ပါ
★★★★★

ကျွန်တော်တို့ကို အထင်လွဲခဲ့တဲ့ ပရိသတ်တွေလည်းရှိတယ်။
မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေ ရှင်းသွားမှသာ ရင်သွေးလေးယူမယ်လို့ ပြောပါတယ်။ အမှန်တရားကိုလည်း ကိုယ်တိုင်ဖွင့်ပြောလာမယ့် အချိန်ကို စောင့်ပေးပါတဲ့။

သရုပ်ဆောင် မင်းထက်နဲ့ ဇနီးချောလေး သရုပ်ဆောင် စိုးနန္ဒာကျော်တို့ရဲ့ အိမ်ထောင်ရေးကတော့ ၁ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ရင်ဆိုင်နေရတာကြောင့် ရင်သွေးလေး မယူဖြစ်သေးဘူးလို့ မင်းထက်က မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကလေးယူဖို့ကတော့ ၂ နှစ်ခွဲလောက်ကြာမှ ယူဖြစ်မှာပါ။ အခုချိန်မှာ ကျွန်တော်တို့ကို အမြင်မကြည်တဲ့သူတွေလည်းရှိသေးတယ်။ အခု တစ်နှစ်လောက်က ပြဿနာတွေကြားထဲမှာ ကျွန်တော်တို့အထင်လွဲခဲ့တဲ့ ပရိသတ်တွေလည်းရှိပါတယ်။ ဒါကြောင့် အားလုံးလည်း ငြိမ်သွားပြီ၊ ကျွန်တော်တို့လည်း အရှိန်လေး နည်းနည်းပြန်ရလာပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ မျိုးဆက်ကလေးကို ယူမှာပါ။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်တစ်ခုတော့ လိုအပ်မယ်ထင်ပါတယ်”လို့ သူကဆိုပါတယ်။

သရုပ်ဆောင် စိုးနန္ဒာကျော်ကလည်း အခုလက်ရှိမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာလေးတွေအကြောင်း ပြောပြလာပါတယ်။ အမှန်တရားအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

“ ဖြစ်နေတဲ့အရာတွေကို ကာယကံရှင်က လွဲပြီးတော့ အပြင်လူတွေ ဘယ်လောက်ပဲသိတယ်ပြောပြော ကာယကံရှင်တွေလောက် မသိဘူးပေါ့နော်။ အမှန်တရားသည် အမှန်တရားဘက်မှာပဲရှိပြီးသား။ အဲဒီအတွက် ဒီကိစ္စကို ပြောနေဖို့မလိုဘူး။ အမှန်တရားဆိုတာ ဘာလဲလို့ ချပြနိုင်ပြီးရင်တော့ ညီမတို့ကိုယ်တိုင် ပြောပြပါမယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ညက သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

စိုးနန္ဒာကျော်ရဲ့ ခင်ပွန်းဖြစ်သူ မင်းထက်ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက မနှင်းအိရွှေရည်ရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။ တရားစွဲဆိုခဲ့တဲ့အကြောင်းအရာကလည်း ပုဒ်မ ၄၁၇ ၊ ကာမလိမ်လည်မှုနဲ့ ဖြစ်ပါတယ်။ ဒီလို ပြသနာတွေကြောင့် ပရိသတ်များစွာတို့ရဲ့ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ချစ်တဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ တိုက်ခိုက်တယ်ဆိုတာကလည်း အကြောင်းမသိတဲ့ သူတွေ တိုက်ခိုက်တာလောက်ပဲရှိတာပါ။ ဒီလောက်နဲ့တော့ ကျွန်တော်ုတို့ ရူးသွပ်တဲ့ အရာတစ်ခုကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ အခုလည်း အချိန်တစ်ခု ကြာလာတဲ့အခါမှာ ကျွန်တော်တို့ ပရိသတ်တွေလည်း ပြန်ပြီးတော့ အားပေးလာကြတယ်။ ချစ်တဲ့သူတွေလည်း အနားကို ပြန်ရောက်လာကြတယ်ဆိုတော့ အထွေအထူး မရှိပါဘူး” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် မင်းထက်နဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်တို့ဟာ လက်ရှိမှာလည်း ခိုင်မာတဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ မင်းထက်ကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ စိုးနန္ဒာကျော်ကိုတော့ မြတ်နိုးခင်ဆိုတဲ့ ကောင်မလေး ဇာတ်ရုပ်နဲ့ Sing Of Love ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ် စသိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက် အတူတွဲပြီး နယ်ဖျော်ဖြေရေးတွေ သီဆိုနေတာကို တွေ့ရပါတယ်။

Source : Cele Yatkwat

Zawgyi ျဖင့္ဖတ္ပါ
★★★★★

ကြၽန္ေတာ္တို႔ကို အထင္လြဲခဲ့တဲ့ ပရိသတ္ေတြလည္းရွိတယ္။
မင္းထက္နဲ႔ စိုးနႏၵာေက်ာ္တို႔ဟာ လက္ရွိရင္ဆိုင္ေနရတဲ့ ျပႆနာေတြ ရွင္းသြားမွသာ ရင္ေသြးေလးယူမယ္လို႔ ေျပာပါတယ္။ အမွန္တရားကိုလည္း ကိုယ္တိုင္ဖြင့္ေျပာလာမယ့္ အခ်ိန္ကို ေစာင့္ေပးပါတဲ့။

သ႐ုပ္ေဆာင္ မင္းထက္နဲ႔ ဇနီးေခ်ာေလး သ႐ုပ္ေဆာင္ စိုးနႏၵာေက်ာ္တို႔ရဲ႕ အိမ္ေထာင္ေရးကေတာ့ ၁ ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္ပါတယ္။ သူတို႔ဟာ ကိုယ္ေရးကိုယ္တာ ျပႆနာေတြ ရင္ဆိုင္ေနရတာေၾကာင့္ ရင္ေသြးေလး မယူျဖစ္ေသးဘူးလို႔ မင္းထက္က မီဒီယာအင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ ကေလးယူဖို႔ကေတာ့ ၂ ႏွစ္ခြဲေလာက္ၾကာမွ ယူျဖစ္မွာပါ။ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ကို အျမင္မၾကည္တဲ့သူေတြလည္းရွိေသးတယ္။ အခု တစ္ႏွစ္ေလာက္က ျပႆနာေတြၾကားထဲမွာ ကြၽန္ေတာ္တို႔အထင္လြဲခဲ့တဲ့ ပရိသတ္ေတြလည္းရွိပါတယ္။ ဒါေၾကာင့္ အားလုံးလည္း ၿငိမ္သြားၿပီ၊ ကြၽန္ေတာ္တို႔လည္း အရွိန္ေလး နည္းနည္းျပန္ရလာၿပီဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ရဲ႕ မ်ိဳးဆက္ကေလးကို ယူမွာပါ။ ဘယ္အရာပဲျဖစ္ျဖစ္ အခ်ိန္တစ္ခုေတာ့ လိုအပ္မယ္ထင္ပါတယ္”လို႔ သူကဆိုပါတယ္။

သ႐ုပ္ေဆာင္ စိုးနႏၵာေက်ာ္ကလည္း အခုလက္ရွိမွာ ရင္ဆိုင္ႀကဳံေတြ႕ေနရတဲ့ျပႆနာေလးေတြအေၾကာင္း ေျပာျပလာပါတယ္။ အမွန္တရားအတိုင္းပဲ ေဆာင္႐ြက္သြားမယ္လို႔ သူကဆိုပါတယ္။

“ ျဖစ္ေနတဲ့အရာေတြကို ကာယကံရွင္က လြဲၿပီးေတာ့ အျပင္လူေတြ ဘယ္ေလာက္ပဲသိတယ္ေျပာေျပာ ကာယကံရွင္ေတြေလာက္ မသိဘူးေပါ့ေနာ္။ အမွန္တရားသည္ အမွန္တရားဘက္မွာပဲရွိၿပီးသား။ အဲဒီအတြက္ ဒီကိစၥကို ေျပာေနဖို႔မလိုဘူး။ အမွန္တရားဆိုတာ ဘာလဲလို႔ ခ်ျပႏိုင္ၿပီးရင္ေတာ့ ညီမတို႔ကိုယ္တိုင္ ေျပာျပပါမယ္” ဆိုၿပီးေတာ့ ဒီဇင္ဘာလ ၃ ရက္ေန႔ညက သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ရဲ႕ ေမြးေန႔ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

စိုးနႏၵာေက်ာ္ရဲ႕ ခင္ပြန္းျဖစ္သူ မင္းထက္ဟာ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ အတြင္းက မႏွင္းအိေ႐ႊရည္ရဲ႕ တရားစြဲဆိုျခင္းကို ခံခဲ့ရပါတယ္။ တရားစြဲဆိုခဲ့တဲ့အေၾကာင္းအရာကလည္း ပုဒ္မ ၄၁၇ ၊ ကာမလိမ္လည္မႈနဲ႔ ျဖစ္ပါတယ္။ ဒီလို ျပသနာေတြေၾကာင့္ ပရိသတ္မ်ားစြာတို႔ရဲ႕ ေဝဖန္မႈေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ သူတို႔ခ်စ္တဲ့ အႏုပညာအလုပ္ေတြကို စြန္႔လႊတ္မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

“ တိုက္ခိုက္တယ္ဆိုတာကလည္း အေၾကာင္းမသိတဲ့ သူေတြ တိုက္ခိုက္တာေလာက္ပဲရွိတာပါ။ ဒီေလာက္နဲ႔ေတာ့ ကြၽန္ေတာ္ုတို႔ ႐ူးသြပ္တဲ့ အရာတစ္ခုကို စြန္႔ခြာသြားမွာ မဟုတ္ပါဘူး။ အခုလည္း အခ်ိန္တစ္ခု ၾကာလာတဲ့အခါမွာ ကြၽန္ေတာ္တို႔ ပရိသတ္ေတြလည္း ျပန္ၿပီးေတာ့ အားေပးလာၾကတယ္။ ခ်စ္တဲ့သူေတြလည္း အနားကို ျပန္ေရာက္လာၾကတယ္ဆိုေတာ့ အေထြအထူး မရွိပါဘူး” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

သ႐ုပ္ေဆာင္ မင္းထက္နဲ႔ သ႐ုပ္ေဆာင္ စိုးနႏၵာေက်ာ္တို႔ဟာ လက္ရွိမွာလည္း ခိုင္မာတဲ့ အိမ္ေထာင္ေရး တစ္ခုကို တည္ေဆာက္ထားၾကတာျဖစ္ပါတယ္။ မင္းထက္ကိုေတာ့ အက္ရွင္ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိလာၾကတာပါ။ စိုးနႏၵာေက်ာ္ကိုေတာ့ ျမတ္ႏိုးခင္ဆိုတဲ့ ေကာင္မေလး ဇာတ္႐ုပ္နဲ႔ Sing Of Love ႐ုပ္သံဇာတ္လမ္းတြဲကေနတဆင့္ ပရိသတ္ စသိခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ အတူတြဲၿပီး နယ္ေဖ်ာ္ေျဖေရးေတြ သီဆိုေနတာကို ေတြ႕ရပါတယ္။

Source : Cele Yatkwat